ပြောင်းလဲရာသီ လိုက်လျောညီစေရန် ယာစပါးနှင့် စိုက်နည်းစနစ်
ယာစပါး(Upland Rice)ကို ရေသိုလှောင်ခြင်းမပြု၊ ကန်သင်းကန့်စရာမလိုဘဲ စိုက်ပျိုးနိုင်သောကြောင့် ကန်သင်းကန့်စရာမလိုသောစပါး(Unbunded Rice) ဟု ခေါ်ဆိုနိုင်သည်။
သို့သော် ကန်သင်းကန့်၍ ရေသိုလှောင်ထားရှိစိုက်ပျိုးလျှင်လည်း ဖြစ်ထွန်းသည်။
ယာစပါးကို မြေပြန့်ဒေသတွင် စိုက်ပျိုးနိုင်သောမြေပြန့်ယာစပါးနှင့် တောင်ပေါ်ဒေသတွင် စိုက်ပျိုးနိုင်သောတောင်ပေါ်ယာစပါးဟု ခွဲခြားနိုင်ပါသည်။
မြေပြန့်ယာစပါး
ယာစပါးတွင် မိုးခေါင်ဒဏ်၊ ရေငတ်ဒဏ်ခံနိုင်သည့် အမြစ်စဉ် (Root System) ဖြစ်ထွန်းပါဝင်သည်။ သို့ဖြစ်၍ မိုးခေါင်ခံစပါး၊ ရေငတ်ခံစပါးဟုလည်း ခေါ်ဆိုနိုင်ပါသည်။
စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် ယာ-၁၊ ယာ-၂၊ ယာ-၃၊ ယာ-၄၊ ယာ-၅၊ ယာ-၆၊ ယာ-၇၊ ယာ-၈၊ ယာ-၂ထွန်း ဟူ၍ ရေငတ်ခံစပါး(၉)မျိုးကို သုတေသနပြု ထုတ်ဝေထားကြောင်း သိရသည်။ အဆိုပါစပါးမျိုးများအနက် ထင်ရှားသည့် ရေငတ်ခံစပါးမျိုးအချို့ကို ဖော်ပြလိုပါသည်။
ယာ-၂
အသက်ရက် ၁၂၅ မှ ၁၃၀ ရှိသည်။ ဧည့်မထအုပ်စုဝင်စပါးမျိုးဖြစ်သည်။ အပင် အမြင့် ၃ ပေမှ ၃ ပေခွဲနှင့် တစ်နှံပါသီး လုံး ၉၀ ခန့် သီးနိုင်သည်။ မိုးရေနည်းပါးသော ဒေသများနှင့် ကုန်းကျသောလယ်မြေများတွင် အထူးသင့်တော်သည်။ ယာစပါးသာမက လယ်စပါးအဖြစ်လည်း စိုက်ပျိုးနိုင်ပါသည်။
ယာ-၂ ထွန်း
အသက်ရက် ၁၀၇ ရက် ရှိသည်။ ဧည့်မထအုပ်စုဝင်စပါးမျိုးဖြစ်သည်။ ယာစပါးမျိုးများတွင် အသက်လျှင်ဆုံးစပါးမျိုး ဖြစ်သည်။ အပင်အမြင့် ၂ ပေခွဲမှ ၃ ပေခန့် နှင့် တစ်နှံပါသီးလုံး ၁၀၁ ခန့်သီးနိုင်သည်။ ရေငတ်ခံနိုင်သည်။ မိုးနည်းဒေသများတွင် အထူးသင့်လျှော်ပါသည်။
ယာ-၄
အသက်ရက် ၁၃၀ ရက် ရှိသည်။ ဧည့်မထအုပ်စုဝင်စပါးမျိုးဖြစ်သည်။ ရေငတ်ခံနိုင် သည်။ အပင်အမြင့် ၄ ပေမှ ၄ ပေခွဲခန့်ရှိသည်။ တစ်နှံပါသီးလုံး ၁၀၅ ခန့်သီးနိုင်သည်။ မိုးရေနည်းပါးသောဒေသ၊ ကုန်းကျသောလယ်မြေများအတွက် အထူးသင့်တော်သည်။ လယ်စပါး၊ ယာစပါးအဖြစ် စိုက်ပျိုးနိုင်ပါသည်။
ယာ-၅
အသက်ရက် ၁၃၅ ရက် ရှိသည်။ ရေငတ်ခံယာစပါးမျိုးဖြစ်ပြီး ဧည့်မထအုပ်စုဝင် ဖြစ်သည်။ အပင်အမြင့် ၃ ပေခွဲမှ ၄ ပေနှင့် တစ်နှံပါသီးလုံး ၈၇ ခန့်သီးနိုင်သည်။ မိုးရေချိန်နည်းပါးသောဒေသ၊ ကုန်းကျသောလယ်မြေများတွင် အထူးသင့်တော်သည်။ လယ်စပါး၊ ယာစပါးအဖြစ် စိုက်ပျိုးနိုင်ပါသည်။
ယာ-၈
အသက်ရက် ၁၂၀ ရက် ရှိသည်။ ဧည့်မထအုပ်စုဝင်ဖြစ်သည်။ အပင်အမြင့် ၃ ပေခွဲမှ ၄ ပေနှင့် တစ်နှံပါသီးလုံး ၁၂၅ ခန့် သီးနိုင်သည်။ ရေငတ်ခံနိုင်သည်။ မိုးရေချိန်နည်းပါး သောဒေသ၊ ကုန်းကျသောလယ်မြေများတွင် အထူးသင့်တော်သည်။ လယ်စပါး၊ ယာစပါး အဖြစ် စိုက်ပျိုးနိုင်ပါသည်။
ယာ-၉
အသက်ရက် ၁၁၅ ရက် ရှိသည်။ ဧည့်မထအုပ်စုဝင်ဖြစ်သည်။ အပင်အမြင့် ၄ ပေခန့် ရှိသည်။ တစ်နှံပါသီးလုံး ၁၂၄ လုံးခန့် သီးနိုင်သည်။ မိုးနည်းပါးသောဒေသများ၊ မြစ်ရေတင်စိုက်ဒေသများတွင် အထူးသင့်တော်သည်။ ပုံမှန်ရေလိုအပ်ချက်ထက် တစ်ဝက် လျော့နည်းသောအခြေအနေပင်လျင် ကောင်းစွာဖြစ်ထွန်းသည်။ ဘက်တီးရီးယား ရွက်ခြောက်ရောဂါဒဏ်ကို ခံနိုင်ရည်ရှိပါသည်။

တောင်ပေါ်ယာစပါး
စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ကုန်းမြင့်-၁၊ ကုန်းမြင့်-၂၊ ကုန်းမြင့်-၄၊ ဝိုင်ယူအာ-၁၊ ဝိုင်ယူအာ-၂၊ ဝိုင်ယူအာ-၃၊ ဝိုင်ယူအာ-၄ ဟူ၍ တောင်ပေါ်ယာစပါး(၇)မျိုးကို သုတေသနပြုထုတ်ဝေထားကြောင်း သိရသည်။ အဆိုပါစပါးမျိုးများအနက် ထင်ရှားသည့် တောင်ပေါ်ယာစပါးမျိုးအချို့ကို ဖေါ်ပြလိုပါသည်။
ကုန်းမြင့်-၁
အသက်ရက် ၁၂၇ ရက်ရှိပြီး မီးဒုံးအုပ်စုဝင်စပါးမျိုးဖြစ်သည်။ အပင်အမြင့် ၄ ပေမှ ၄ ပေခွဲခန့်ရှိသည်။ တစ်နှံပါသီးလုံး ၁၀၈ ခန့်သီးနိုင်သည်။ ဆန်သားမှာ ဗိုက်ဖြူပါရှိကာ ဒေသစပါးမျိုးများထက် အထွက်နှုန်းသာလွန်သောမျိုးဖြစ်ပါသည်။
ကုန်းမြင့်-၂
အသက်ရက် ၁၃၀ ရှိပြီး မီးဒုံးအုပ်စုဝင်စပါးမျိုးဖြစ်သည်။ အပင်အမြင့် ၄ ပေမှ ၄ ပေခွဲခန့်ရှိသည်။ တစ်နှံပါသီးလုံး ၉၆ ခန့် သီးနိုင်သည်။ ဆန်သားအရောင်မှာ အနီရောင်ဖြစ်သည်။ အခြားဒေသစပါးမျိုးများထက် ပိုမိုကြိုက်နှစ်သက်သဖြင့် စိုက်ပျိုး ကြောင်း သိရပါသည်။
စိုက်ပျိုးနည်းစနစ်
ယာစပါးကို ရွာသွန်းသမျှမိုးရေဖြင့် ယာမြေတွင် နှမ်း၊ ပြောင်း၊ မြေပဲ၊ ပဲမျိုးစုံ- စသည့်ယာသီးနှံများကို စိုက်ပျိုးသကဲ့သို့ စိုက်ပျိုးနိုင်သည်။ မူလဗီဇအရ စပါးဖြစ်သဖြင့် လယ်မြေတွင် ကန်သင်းကန့်ရေသိုလှောင် စိုက်ပျိုးလျှင်လည်း ပိုမိုဖြစ်ထွန်းသည်။
တိုက်ရိုက်မျိုးစေ့ချနည်းဖြင့် စိုက်ပျိုးသင့်သည်။ တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးခြင်း နည်းလမ်းသည် ကုန်ကျစရိတ်သက်သာသည်။ လုပ်အားလိုအပ်မှုနည်းပါးသည်။ ရာသီ ဥတုနှင့် လိုက်လျောညီထွေမှုရှိသော စိုက်ပျိုးနည်းလမ်း CSA (Climate Smart Agriculture) ဖြစ်သည်။ ဖန်လုံအိမ်ဓါတ်ငွေ့ GHG (Green House Gas) ထွက်ရှိမှုကို လျော့ချစေသောနည်းလမ်းလည်း ဖြစ်ပါသည်။
ယာစပါး+ပဲစဉ်းငုံ၊ ယာစပါး+နှမ်းလျှင်၊ ယာစပါး+ပဲတီစိမ်း စသည့် သီးညှပ်ပုံစံများ (Intercropping)စိုက်ပျိုးနိုင်သည်။ ယာစပါး-ယာသီးနှံ (Upland Rice-Upland Crops) သီးထပ်သီးနှံပုံစံ (Cropping Patterns)ကိုလည်းချမှတ် စိုက်ပျိုးနိုင်ပါသည်။
အကြံပြုချက်
ယခုအခါ သုတေသနပြုထုတ်ဝေထားသည့် ရေငတ်ခံစပါးမျိုးများဖြစ်သော ယာ-၂၊ ယာ-၈၊ ယာ-၉၊ ယာ-၂ ထွန်း မျိုးများနှင့် အခြားယာစပါးမျိုးများကို ဒေသအလိုက် ဖြစ်ထွန်းမှုအရ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ဒေသနှင့်ကိုက်ညီသည့် ယာစပါးမျိုးကိုစိုက်ပျိုးရာတွင် နှစ်စဥ်ဆက်တိုက်မျိုးခံ စိုက်ပျိုးခြင်းမပြုဘဲ မျိုးသန့်ကိုလဲလှယ်ကာ သွေးသစ်လောင်းစိုက်ပျိုးသင့်ပါသည်။
စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် သက်လျင်၍ အထွက်နှုန်းသင့်တင့်ပြီး၊ စားသုံးမှုသင့်တင့်သောရေငတ်ခံယာစပါးမျိုးသစ်များရရှိရေးအတွက် သုတေသနပြု မွေးမြူရွေးချယ်ရေးလုပ်ငန်းများကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ထွက်ပေါ် လာသော ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်သည့် လက်ရှိထက်စားသုံးမှုအရည်အသွေးနှင့် အထွက်နှုန်းပိုမိုကောင်းသောမျိုးသစ်များကိုလည်း မိမိဒေသနှင့်ကိုက်ညီမှုကိုစမ်းသပ်ကာ ပြောင်းလဲ စိုက်ပျိုးသင့်ပါသည်။
ရာသီဥတုပြောင်းလဲမှုကြောင့် မိုးရွာသွန်းမှုနည်းပါး၍ စပါးသီးနှံကို အောင်မြင်စွာ စိုက်ပျိုးရန် အခက်အခဲဖြစ်ပေါ်သည့်ဒေသများတွင် မိုးခေါင်ခံ၊ ရေငတ်ခံယာစပါးမျိုးများ ကို စိုက်ပျိုးခြင်းဖြင့် ပြောင်းလဲရာသီ လိုက်လျောညီစေရေးဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါသည်။
ဤသို့ဖြင့် လယ်ယာစိုက်ပျိုးဝင်ငွေတိုးကြစေလိုပါသည်။
ဆင်းသီဟ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
စပါးစိုက်ပျိုးနည်း
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
bo bo htut
လွန်ခဲ့သော ၂ နှစ် ကမျိုးစပါးဘယ်မှာရနိုင်မလဲ
bo bo htut
လွန်ခဲ့သော ၂ နှစ် ကဟုတ်ကဲ့အကိုရေ
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ
Aung Zaw Oo • ဖြေကြားချက် 2 ခု
ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ
Min zaw Oo • ဖြေကြားချက် 3 ခု
ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ
Paing Lay • ဖြေကြားချက် 6 ခု
မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ
Nay G • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ဆင်းသီဟ
အားလုံး