အစိမ်းရောင်လမ်း
ကြံပင် အပင်ပေါက်ကောင်းအောင် ဘာလုပ်သင့်ပါသလဲ?

ကြံပင် အပင်ပေါက်ကောင်းအောင် ဘာလုပ်သင့်ပါသလဲ?

ဆင်းသီဟ
ဆင်းသီဟ 11/10/2021

    ကြံသီးနှံကို တစ်ဧကတန် ၈၀ ထွက်ရှိအောင်စိုက်ပျိုးဖို့ မျှော်မှန်းဆောင်ရွက်တာ ကြုံခဲ့ဘူးသည်။ သုတေသနစိုက်ကွင်းမှာ တစ်ဧကစိုက်ကွက်ပေါ်မှ တန် ၈၀ ခုတ်သိမ်းရရှိခဲ့ဘူးတာ သတိရမိသည်။ ယခုလည်း တစ်ဧကပျမ်းမျှအထွက်တန်အနေဖြင့်  အနည်းဆုံးတစ်ဧက တန် ၅၀ နှင့် အမြင့်ဆုံး တန် ၈၀ အထိထွက်သည့်နေရာတွေ ရှိနိုင်ပါသည်။ 

    တစ်ဧကအထွက်နှုန်းမြင့်မားရေးအတွက် စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများ အတိုင်းလိုက်နာဆောင်ရွက်ရပါမည်။ စိုက်ချိန်မှန်ရေး၊ စိုက်ပျိုးနည်းစနစ်မှန်ရေး၊ ပူပြင်းသောနွေရာသီတွင်ရေပေးသွင်းရေးနှင့် မြေသြဇာ ထိရောက်စွာထည့်သွင်းရေးတို့သည် အရေးပါသောအချက်များ ဖြစ်ပါမည်။ 

    ကြံသီးနှံစိုက်ပျိုးရာတွင် အပင်ပေါက်လာမှုနည်းပါးခြင်း (တနည်း) တစ်ဧကတွင် ရှိသင့်သည့်အပင်ဦးရေ ပြည့်မီမှုမရှိခြင်းက ကြံသီးနှံအထွက်နည်းခြင်း၏ အဓိကအကြောင်းရင်းလို့ မြင်ပါသည်။ အပင်ပေါက်ကောင်းအောင် ဘာလုပ်သင့်ပါသလဲ? စိုက်ချိန်မှန်တွင်စိုက်ပါနှင့် ကြံပင်အဖျားပိုင်းနှင့် အလယ်ပိုင်းကို မျိုးအဖြစ်သုံးပါလို့ ပြောလိုပါသည်။

စိုက်ချိန်မှန်ရေး

    ကြံသီးနှံကို မြေတွင်းလက်ကျန်အစိုဓာတ်အပေါ်မူတည်ပြီး စိုက်ချိန်မှန်တွင် စိုက်ရမှာဖြစ်သည်။ မြေတွင်းလက်ကျန်အစိုဓာတ်သည် ဒေသအများစုတွင် ဒီဇင်ဘာလနှင့် ဇန်နဝါရီလပထမပါတ်အထိလောက်သာ ရှိနေတတ်သည်။ 

    မြေတွင်းအစိုဓာတ်ကျန်ရှိမှုအရ နိုဝင်ဘာလတွင် ကြံသီးနှံကို စတင်စိုက်ပျိုးသင့်သည်။ အစိုဓာတ်မိဖို့ ဇန်နဝါရီလကုန်ထက် နောက်မကျသင့်ပါ။ 

    ကြံသီးနှံသည် ကြီးထွားချိန်ကာလတွင် ပူအိုက်စွတ်စိုသောရာသီကို ကြိုက်နှစ်သက်သည်။ နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ဇန်နဝါရီလတို့တွင်စိုက်မှသာ ကြံသီးနှံပင် ကြီးထွားချိန်အကြိုက်ရာသီဥတုနှင့် ကြုံတွေ့ရပါမည်။ သို့မှသာ ကြံပင်များသည် အဆစ်ကြဲမည်။ အပင်မြင့်မည်။ အထွက်အမြင့်ဆုံးကို ပေးမည်ဖြစ်ပါသည်။

    ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာနှင့် အောက်တိုဘာလတို့တွင် ကြံသီနှံကိုစိုက်ပါက ကြီးထွားချိန်တွင် ပူအိုက်စွတ်စိုသောကာလနှင့် မကြုံတွေ့ရနိုင်ပါ။ အပင်အရပ်ပုကာ အထွက်နည်းနိုင်ပါသည်။

    အချိန်အခါမီ ရာသီမှန်စိုက်နိုင်ပါက ကြံပင်ပေါက်ညီညာကောင်းမွန်ခြင်း၊ သတ်မှတ်အပင်ဦးရေပြည့်မီခြင်း၊ ကြီးထွားနှုန်းမြန်ဆန်ခြင်းစသည့် အကျိုးများရရှိစေမည် ဖြစ်ပါသည်။

    စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ တွေ့ရှိချက်ကလည်း နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ဇန်နဝါရီလတို့ တွင်စိုက်သောကြံသည် တစ်ဧကအထွက်နှုန်းကောင်းသည်ဟု ဖေါ်ပြထားကြောင်း သိရပါသည်။

အဖျားပိုင်းနှင့် အလယ်ပိုင်းကို မျိုးအဖြစ်အသုံးပြုရေး

    အပင်ပေါက်ကောင်းဖို့ ကြံပင်အဖျားပိုင်းနှင့် အလယ်ပိုင်းကိုသာ မျိုးအဖြစ် အသုံးပြုလျှင် အကောင်းဆုံးဖြစ်သည်။ အသုံးပြုမည့် မျိုးပိုင်းများသည် လတ်ဆတ်ပြီး ရောဂါ၊ ပိုးမွှားကင်းစင်ရပါမည်။

    စိုက်မြောင်းအတွင်း ကြံမျိုးပိုင်းချရာတွင် ကြံမျက်လုံးဖူးအနေအထား ဝဲယာတစ်ဘက်တစ်ချက်စီတွင်ရှိနေအောင် မျိုးပိုင်းတိုင်းကို လှည့်ထားရန်လိုသည်။  မျက်လုံးဖူး အထက်အောက်ချထားမိပါက အောက်ဘက်တွင်ကျရောက်သည့် မျက်လုံးဖူးက အောက်ကလှည့်ထွက်ရသဖြင့် မြေပြင်ပေါ်အပင်‌ပေါက်လာမှု နှေးကွေးစေမည်ဖြစ်ပါသည်။

    အပင်ပေါက်မှုသဘာဝမှာ ကြံမျိုးပိုင်းတွင် မျက်လုံးဖူးသုံးခုရှိလျှင် အဖျားပိုင်းရှိ မျက်လုံးဖူးက ဦးစွာအပင်ပေါက်သည်။ ပြီးမှ ဒုတိယမျက်လုံးဖူး၊ နောက် တတိယမျက်လုံးဖူး အပင်ပေါက်ပါသည်။ 

    မြေတွင်းအစိုဓာတ်မကောင်းပါက နောက်အကျဆုံးမျက်လုံးဖူးက အပင်ပေါက်မလာသည်အထိ တွေ့ကြုံရကြောင်းသိရသည်။  သို့ဖြစ်၍ မလွဲမရှောင်သာ အရင်းပိုင်းကိုပါ သုံးရပါက စိုက်မြောင်းအတွင်း တစ်တန်းတည်းစိုက်ပျိုးခြင်းမပြုဘဲ နှစ်တန်းစိုက်ပျိုးကာ ကြံမျိုးပိုင်း ပိုမိုအသုံးပြုစိုက်ပျိုးရန် လိုမည်ဖြစ်ပါသည်။ 

    တစ်ခုတော့ရှိသည်။ သကြားစက်သို့ ပေးပို့ဖို့ ကြံခုတ်သိမ်းချိန်နှင့် ကြံခင်းသစ်စိုက်ဖို့ ထယ်ရေးပြင်ပြီးချိန် တိုက်ဆိုင်ဖို့တော့လိုပါသည်။ သို့မှသာ ကြံခုတ်သိမ်းစဉ်အဖျားပိုင်းနှင့် အလယ်ပိုင်းကိုချန်ထားကာ မျိုးအဖြစ်သုံးရန်ဖြစ်ပြီး အရင်းပိုင်းကို သကြားစက်သို့ပို့ရမှာ ဖြစ်ပါသည်။

    ကြံတစ်ပင်လုံးကို အဖျားအရင်းမခွဲခြားဘဲ မျိုးအဖြစ်သုံးပါက သကြားစက်အတွက်လည်း ဆုံးရှုံးမည်။ တောင်သူအတွက်လည်း အရင်းပိုင်းတွေကို မရောင်းရသည့်အတွက် ဝင်ငွေဆုံးရှုံးမည်ဖြစ်သည်။ ထိုမျှမက ကြံတစ်ပင်လုံးကို အဖျားပိုင်း၊ အလယ်ပိုင်းနှင့် အရင်းပိုင်းအားလုံးကို မျိုးအဖြစ်သုံးလိုက်သည့်အတွက် ကြံပင်ပေါက် ညံ့ဖျင်းသောရလဒ်ကို ရရှိမှာသေချာသည်ဟု ပြောလိုပါသည်။

4
ချစ်ခွန်းသော်

ချစ်ခွန်းသော်

လွန်ခဲ့သော ၁ နှစ် က

ကြံမျိူးပိုင်းဆေးရည်စိမ်စိုက်ပျိူးခြင်းအကြောင်း

U CHO THAN

U CHO THAN

လွန်ခဲ့သော ၄ နှစ် က

ကြံပင်အပေါက်မြန်ချင်ရင်စိုက်ချိန်မှန်ရမယ် ။ကြံဆစ်မြုပ်ရုံရေထည့်ပေးပါ ။(10)ရက်ကျော်ရင်စပေါက်လာပါပြီ

မောင်ဆန်းချမ်းနိုင်

မောင်ဆန်းချမ်းနိုင်

လွန်ခဲ့သော ၄ နှစ် က

အင်းပေါက်တာမြန်အောင်နည်းလေးရောမျှဝေပေးပါ

ကိုကိုရဲ

ကိုကိုရဲ

လွန်ခဲ့သော ၄ နှစ် က

သကြားစက်က ၁၀ ၁၁လပိုင်းမလည်တာဆိုတော့ အဖြားကြီးစိုက်လို့အဆင်မပြောဘူးဗျာ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ

Aung Zaw Oo • ဖြေကြားချက် 2 ခု

ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ

Min zaw Oo • ဖြေကြားချက် 3 ခု

ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ

Paing Lay • ဖြေကြားချက် 6 ခု

မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ

Nay G • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....