အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သင်္ကြန်အလွန် ရန်ကုန်မတ်ပဲဈေး သင်္ကြန်မတိုင်ခင်ကထက် အနည်းငယ်မြင့်တက်

သင်္ကြန်အလွန် ရန်ကုန်မတ်ပဲဈေး သင်္ကြန်မတိုင်ခင်ကထက် အနည်းငယ်မြင့်တက်

AMIA
AMIA 18/04/2022

အခု သင်္ကြန်ကာလအလွန် ရန်ကုန် ဘုရင့်နောင်ဈေးကွက်အတွင်း ပထမဆုံးဈေးကွက်ပြန်ဖွင့်တဲ့ ဒီနေ့ ဧပြီ ၁၈ ရက်မှာတော့ မတ်ပဲဈေးတွေဟာ သင်္ကြန်မတိုင်ခင်ကာလကထက် အနည်းငယ်ပိုမြင့်တက်လာတာ တွေ့ရပါတယ်။

သင်္ကြန်ပိတ်ရက်မတိုင်ခင် နောက်ဆုံးဈေးကွက်ဖွင့်ခဲ့တဲ့ ဧပြီ ၈ ရက်က ရန်ကုန်မတ်ပဲဈေး (FAQ/RC) ဟာ တစ်တန်ကို ကျပ် ၁၄၈၀၀၀၀ ရှိခဲ့ရာကနေ ဒီနေ့မှာတော့ ကျပ် ၁၀၀၀ ဈေးတက်လာပြီး ၁၄၈၁၀၀၀ ဖြစ်လာပါတယ်။

သင်္ကြန်မတိုင်ခင်က တစ်တန်ကို ကျပ် ၁၆၆၀၀၀၀ ဈေးပေါက်ခဲ့တဲ့ မတ်ပဲ (SQ/RC) ကတော့ ကျပ် ၂၁၀၀၀ ထိ မြင့်တက်လာပြီး တစ်တန်ကို ၁၆၈၁၀၀၀ ထိ ဈေးမြင့်တက်လာပါတယ်။ 

ပဲစင်းငုံနီ (အာစီ) ကတော့ ဈေးအနည်းငယ်ကျသွားပြီး သင်္ကြန်မတိုင်ခင်က တစ်တန်ကို ကျပ် ၁၄၃၀၀၀၀ ရှိခဲ့ရာကနေ သင်္ကြန်အပြီး ဒီနေ့အဖွင့်မှာတော့ ကျပ် ၇၅၀၀ ဈေးကျသွားပြီး ကျပ် ၁၄၂၂၅၀၀ ဖြစ်သွားပါတယ်။ 

အခြားပဲတွေဖြစ်တဲ့ ကုလားပဲ၊ စားတော်ပဲ၊ စွန်တာနီ/ပြာ၊ ထောပတ်ပဲ၊ ပဲကြီး၊ ပဲတီစိမ်း စတဲ့ ပဲတွေကတော့ ဈေးအတက်အကျ မရှိသလောက်ဖြစ်ပြီး အများစုက သင်္ကြန်မတိုင်ခင်ကဈေးနှုန်းတွေအတိုင်းသာ ရှိနေတာဖြစ်ပါတယ်။

သင်္ကြန်မတိုင်ခင် တစ်ပတ်လောက်ကတော့ ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေကြေးနဲ့ပတ်သက်ပြီး ပြောင်းလဲလိုက်တဲ့မူဝါဒတွေကြောင့် ပဲတင်ပို့သူတွေကြား ရိုက်ခတ်မှုတွေ ရှိခဲ့ပြီး မတ်ပဲဈေးကလည်း တစ်တန်ကို ၁ သိန်းနီးပါးအထိဈေးကျဆင်းသွားခဲ့ပါတယ်။ 

ဒါပေမယ့် အိန္ဒိယက ပဲလိုအပ်ချက်ရှိနေပြီး ပြည်တွင်း မတ်ပဲက ထွက်ရှိမှုနှုန်းလျော့မယ်ဆိုတဲ့သတင်းတွေကြောင့် ရက်ပိုင်းအတွင်း ပြန်တက်လာခဲ့ပြီး သင်္ကြန်ရုံးပိတ်ရက် မတိုင်ခင် ဧပြီ ၈ ရက်မှာတော့ ယခင်ဈေးနှုန်းထိ ပြန်ရောက်ခဲ့ကာ သင်္ကြန်အပြီးမှာတော့ အနည်းငယ်ထပ်တက်လာခဲ့တာ ဖြစ်ပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

အဲ့ရာဘာဖစ်တာလည်း

Ah Sai Shesoi • ဖြေကြားချက် 0 ခု

ဆရာ၊ဆရာမတိုခင်ဗျား ကောက်ရိုးမှိုပျိုးနည်း အသေးစိတ်သိချင်ပါတယ်ခင်ဗျာ။နေပြည်တော်ကပါ မှိုမျိုးစေ့ဘယ်မှာဝယ်လို့ရလဲခင် ချင်ဗျ။ဘယ်ရာသီဖြစ်ဖြစ် မှိုပျိုးလိုရ/မရသိချင်ပါတယ်ခင်ဗျ။မှိုပျိုးချင်သူအား လုပ်ဆောင်နိုင်အောင် အသေးစိတ် ပြောကြားပေးစေချင်ပါတယ်။

ဦးမောင်ကို • ဖြေကြားချက် 1 ခု

စိုက်ပျိုးရေးနဲ့မသက်ဆိုင်ပေမဲ့ ဗဟုသုတအနေနဲ့မေးချင်ပါတယ် ဒီနှစ်ဟာဝါထပ်တာလူတိုင်းသိပြီးဖြစ်ပါတယ် ဒီနေ့ စက်တင်ဘာ10ရက်နေ့ဟာ မြန်မာလ ဝါခေါင်လဆုတ်13ရက်ဖြစ်ပါတယ် အရင်နှစ်(2025)ဟာ ဝါမထပ်သောကြောင့် စက်တင်ဘာ 10ရက်(ဒီကနေ့) ဟာ တော်သလင်းလဆုတ်4ရက်ဖြစ်နေပါတယ် ထိုအရာမှာ ဒီနှစ်တော်သလင်းလဟာ အရင်နှစ် တော်သလင်းလထက် နောက်ကျ ကျန်နေပါတယ် ထို့ကြောင့် ဒီလကို တော်သလင်းလလို့ သတ်မှတ်လို့ရပါသလား ဘယ်လိုတေအမှန်ယူရမလဲ ရှင်းပြပေးပါဦးဆရာခင်ဗျ

ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု

ရွှေပန်းပင်ကိုတူးပြီး စိုက်ခင်းထဲမရောက်ခင် အပင်အရိပ်အောက်မှာတစ်လလောက်ထားလို့ရပါသလားခင်ဗျာ ပြီးလျှင်စိုက်ဘောင်ထဲကိုဘာတွေထည့်ထားသင့်သလဲသိပါရစေ

ဦးခိုင်မင်းဇော် • ဖြေကြားချက် 1 ခု

ဆားခါးက သီးနှံတွေအတွက် ဘယ်လိုအကျိုးကျေးဇူးရှိတယ်ဆိုတာ ဗဟုသုတအနေနဲ့သိထားချင်ပါသဖြင့် ဆရာတို့ကျေးဇူးပြု၍ ဖြေကြားပေခဲ့ပါအုံးခဗျာ။

ကိုငြိမ်းဦး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။