အစိမ်းရောင်လမ်း
ပဲမျိုးစုံသာမက ဆန်၊ စပါး ဈေးတွေပါကျဆင်းသွားတဲ့ ရက်သတ္တပတ်

ပဲမျိုးစုံသာမက ဆန်၊ စပါး ဈေးတွေပါကျဆင်းသွားတဲ့ ရက်သတ္တပတ်

AMIA
AMIA 08/10/2022

ပြင်ပငွေလဲနှုန်းတွေ ကျဆင်းသွားမှုနဲ့အတူ ပဲမျိုးစုံဈေးတွေ ဆက်ကျနေသလို အရင်တစ်ပတ်တွေက အကျသိပ်မရှိဘဲ ငြိမ်နေခဲ့တဲ့ ဆန်၊ စပါးတွေလည်း ဒီတစ်ပတ်မှာတော့ ဈေးတွေ အကျဘက်ရောက်သွားပါတယ်။

ဆန်၊ စပါး

ဒီတစ်ပတ်မှာတော့ ရန်ကုန်ဈေးကွက်မှာ ဆန်ဈေးတွေ ကျဆင်းသွားသလို စပါးဈေးတွေလည်း အနည်းငယ်ဈေးကျဆင်းပါတယ်။ နယ်အချို့ကနေ မိုးစပါးအသစ်တွေ ဈေးကွက်ထဲ ဝင်လာနေတဲ့အပြင် ငွေကြေးလဲလှယ်နှုန်းဈေးကျဆင်းသွားတဲ့အတွက် ဈေးတွေ ကျဆင်းသွားတာဖြစ်ပါတယ်။ ဆန်အဝင် ကတော့ ဈေးကွက်ထဲ အဝင်ပုံမှန်ရှိပြီး အရောင်းအဝယ်ကတော့ အေးနေတယ်လို့သိရပါတယ်။

မတ်ပဲ

မတ်ပဲကတော့ ဆက်တိုက်ဈေးကျဆင်းနေပါတယ်။ ငွေကြေးဈေးကျဆင်းတဲ့အတွက် ပဲဈေးက ကျဆင်းနေတာ ဖြစ်ပေမယ့် တင်ပို့မှုကတော့ အိန္ဒိယအဝယ်ရှိနေတဲ့အတွက် ပုံမှန်ရှိနေပါတယ်။ ဈေးကျဆင်းနေတာ ဖြစ်လို့ ပြည်တွင်း အရောင်းအဝယ်ကတော့ အေးနေတယ်လို့သိရပါတယ်။

မတ်ပဲကတော့ ပြီးခဲ့တဲ့ တစ်လအတွင်း တစ်တန်ကို ၂ သိန်းနီးပါးထိ ဈေးကျဆင်းခဲ့တာ ဖြစ်ပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ဈေးကျဆင်းပေမယ့် လက်ကျန်လျော့နည်းတဲ့အတွက် ဖြည်းဖြည်းသာဈေးကျဆင်းနေပါတယ်။ ငွေဈေးကြောင့် ကျဆင်းနေတာဖြစ်ပြီး အိန္ဒိယဝယ်လိုအားကြောင့် ဈေးက အများကြီးတော့ မကျဆင်းနိုင်ဘူးလို့ ကုန်သည်များက ခန့်မှန်းထားပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ အကျဈေးနဲ့ ဈေးငြိမ်နေပြီး နေ့စဉ်အရောင်းအဝယ်ပေါ်မူတည်ပြီး ဈေးအတက်အကျ အနည်းငယ်သာ အပြောင်းအလဲ ရှိပါတယ်။ ငွေကြေးဈေးကျဆင်းတဲ့အတွက်ကြောင့် ဈေးက ကျဆင်းနေတာ ဖြစ်ပြီး တရုတ်ဝယ်ယူမှုကလည်း နည်းနေတယ်လို့ သိရပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ကားအဝင်ပေါ်မူတည်ပြီး ဈေးအတက်အကျ ရှိနေပါတယ်။ နေ့စဉ်ရန်ကုန် ဈေးကွက်ကို ပိဿာချိန် ၂ သိန်းနီးပါး ဝင်ရောက်နေတဲ့အတွက် ကြက်သွန်ကုန်သည်တွေကတော့ အဝင်ထိန်းဖို့  လိုမယ်လို့ ဆိုပါတယ်။ ပြည်ပတင်ပို့မှုကလည်း နည်းနေပြီး အသစ်တွေလည်း ဈေးကွက်ထဲ ဝင်နေပါတယ်။

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

You

ဆက်စပ်မေးခွန်းများ

ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လား‌ဗျ

ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....