အကြွင်းသုညကိုရှောင်ရှားပေးကြပါ
ယနေ့ ကြံသကြားလောကမှာ အကျိုးစီးပွားပဋိပက္ခကြီးတစ်ခု ဖြစ်ပွားနေပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းတစ်နေရာ သကြားစက်ရုံကြီးတစ်ရုံရဲ့ ဖက်စပ်လုပ်ငန်းရှင်ကြီးနှစ်ဦးမှာ စေ့စပ်ညှိနှိုင်း၍မရနိုင်တော့တဲ့အဆုံး ပြည်တွင်းပြည်ပတရားရုံးများသိုတက်ရောက်ခဲ့ကြရပါတယ်။ တရားရုံး၏ စီရင်ချက်များကို ပစ်ပယ်၍ နှစ်ဦးနှစ်ဖက်ထိုးနှက်တိုက်ခိုက်မှုများက ဆက်လက်၍ ဖြစ်ပွားနေဆဲပါပဲ။
ကျွဲနှစ်ကောင်ခတ်တဲ့ကြား ကြေမွနေတဲ့မြေဇာပင်လို စက်ရုံနဲ့ဆက်စပ်နေတဲ့ ကြံတောင်သူများရဲ့ လူမှုစီးပွားဘဝတွေပါ ထိခိုက်ပျက်ပြားသွားရတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။ ကြံစိုက်ပျိုးရေး၊ သကြားထုတ်လုပ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေကြားမှာ ဖြေရှင်းရန်ခက်ခဲလှတဲ့ အကျပ်အတည်းတစ်ခုလည်းဖြစ်ပါတယ်။
တစ်ဖက်ကသာပြီး အခြားတစ်ဖက်ကနစ်နာသွားနိုင်တဲ့ အကြွင်းသုည (Zero Sum Game) ထိ အားပြိုင်မှုကနေ ဘက်ပေါင်းစုံပြေလည်ရေး Win-Win ဆီသို့ ပို့ဆောင်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ယင်းသို့မဖြစ်နိုင်ပဲ အပျက်ဘက်သို့ဦးတည်ခဲ့ပါက တိုင်းပြည်ရဲ့ နိုင်ငံခြားရင်နှီးမြှုပ်နှံမှုမျက်နှာစာမှာ မြန်မာ့ပုံရိပ်ဟာ ဆိုးဆိုးဝါးဝါး ထိခိုက်လာပါလိမ့်မယ်။
ရင်းနှီးမြှုပ်နှံရန်လာသူတွေအတွက် မြန်မာ့ပုံရိပ်ဟာ အစကတည်းကမကောင်းခဲ့ပါဘူး။ ပြုပြင်ပြောင်းလဲရေးကို စတင်လုပ်ဆောင်လာခဲ့တဲ့ သမ္မတဦးသိန်းစိန်လက်ထက်မှာ ကမ္ဘာ့နိုင်ငံကြီးတစ်နိုင်ငံမှ သကြားစက်မှုလုပ်ငန်းကို ဘိုးစဉ်ဘောင်ဆက်ကတည်းက သားစဉ်မြေးဆက် ယနေ့ထိ လုပ်ကိုင်နေသူ လုပ်ငန်းရှင်ပညာတတ်နှစ်ဦးဟာ ကျွန်တော်တို့ဆီကို ဆက်သွယ်လာခဲ့ပါတယ်။ ၎င်းတို့က အော်ဂဲနစ်သကြား ထုတ်လုပ်နိုင်တဲ့ စက်ရုံတည်ဆောက်နိုင်ရေးဖြစ်နိုင်ချေ စူးစမ်းမှုတွေကိုလာလုပ်ကြပါတယ်။ ကျွန်တော်တို့ အသင်းအဖွဲ့ကလည်း သူတို့ကိုကူညီပေးခဲ့ပါတယ်။
ခြောက်လကျော်ကြာလေ့လာစူးစမ်းပြီးနောက်မှာတော့ ဒေသခံလုပ်ငန်းရှင်များနှင့်ပူးပေါင်းကာ စက်ရုံတည်ဆောက်ရန် ညှိနှိုင်းကြပါတယ်။ သူတို့ဟာ ကမ္ဘာ့အော်ဂဲနစ်သကြားဈေး ကွက်ဝေစုကိုလည်း ကောင်းကောင်းရထားသူများ ဖြစ်ပါတယ်။ စက်ရုံတည်ဆောက်ရန်ဆုံးဖြတ်ချက်ချပြီးချိန်မှာတော့ သူတို့အစိုးရထံ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံခွင့်ကို လျှောက်ထားကြပါတယ်။
ဒါပေမဲ့ သူတို့အစိုးရက မြန်မာနိုင်ငံ၏ အခြေအနေကို စိတ်မချရသေးပါဘူး။ စောင့်ကြည့်ပါဦးလို့ အကြံပေးပြီး ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ ဒီတော့ သူတို့လည်း ပြန်ထွက်သွားခဲ့ပါတယ်။ ၆ လခန့်ကြာမြင့်တဲ့အချိန်မှာတော့ ဂွါတီမာလာနိုင်ငံမှာ အော်ဂဲနစ်သကြားထုတ်လုပ်မည့်စက်ရုံတည်ဆောက်ရန်ပြင်ဆင်နေပြီဆိုပြီး ကျွန်တော်တို့ကို သတင်းပို့လာပါတယ်။
အဲ့ဒီလိုမျိုး အစကတည်းက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းကတိကဝတ်အတွက် စောင့်ကြည့်ခြင်းခံရတဲ့ မြန်မာ့ပုံရိပ်ဟာ ယခုလိုပဋိပက္ခမျိူးကို တရားမျှတစွာ မရှင်းနိုင်ဘူးဆိုရင် ကမ္ဘာ့အလယ်မှာ မျက်နှာမပြဝံ့အောင်ကိုပင် ထိခိုက်ပျက်ပြားသွားစေနိုင်ပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ ကြံသကြားဥပဒေလည်းမရှိ၊ ဥပဒေနှင့်အညီ ကြံသကြားရေးရာအာဏာပိုင်အဖြစ် ဖွဲ့စည်းထားပေးရမည့် အစိုးရ၊ ကြံတောင်သူနှင့် သကြားစက်ပိုင်ရှင်များ စသည့်သုံးပွင့်ဆိုင် သကြားကောင်စီလည်း မရှိသေးပါဘူး။ တောင်သူအကျိုးကာကွယ်ဖော်ဆောင်ရေး ဥပဒေနှင့်နည်းဥပဒေတွေကလည်း မူဘောင်တွေ ကျယ်လွန်းလှတဲ့အတွက် ယခုလိုအမှုကိစ္စအတွက် ဥပဒေအကိုးအကားအမှီပြုစရာ အချက်အလက်နည်းပါတယ်။ တောင်သူလယ်သမားများနှင့်ပတ်သက်တဲ့ကိစ္စမို့ လုပ်ပိုင်ခွင့်အာဏာ Statutory Power ကိုသုံးပြီး ဖြေရှင်းပေးနိုင်တဲ့ အဖွဲ့အစည်းကတော့ မလွှဲမရှောင်သာ စိုက်ပျိုးရေးဌာနပဲဖြစ်ပါလိမ့်မယ်။ ရာသီဥတုဖောက်ပြန်သကဲ့သို့ နိုင်ငံရေးနှင့်စီးပွားရေးရာ အပြောင်းအလဲများတဲ့ကာလမှာ ဖြေရှင်းရမည့်အဖွဲ့အစည်းအနေဖြင့် မသိကိန်းများကို ကိုင်တွယ်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ပဋိပက္ခရန်ဖက်များရဲ့နောက်ကွယ်အသီးသီးမှာလည်း မမြင်ရနိုင်တဲ့ လက်မည်းကြီးတွေရှိနေနိုင်ပါတယ်။
ပဋိပက္ခတွေဟာ တောင်သူလယ်သမားများကို အခြေခံပြီး စတင်ဖြစ်ပေါ်ခဲ့ခြင်းမဟုတ်ပါဘူး။ တောင်သူလယ်သမားများ ဟာ ဒီပြဿနာရဲ့ အကြောင်းအရင်း Causes လည်းမဟုတ်ပါဘူး။ ဒါပေမဲ့ အဆိုပါပြဿနာကြောင့်ဖြစ်ပေါ်လာရတဲ့ဆိုးကျိုးဟာဆက်နွှယ်သူတွေအပေါ် ကြီးမားသော သက်ရောက်မှုတစ်ခု ဖြစ်ပါတယ်။
မူရင်းခံပြဿနာကို ရှင်းနိုင်သည်ဖြစ်စေ၊ မရှင်းနိုင်သည်ဖြစ်စေ လတ်တလောကြုံတွေ့နေရသော ဘေးထွက်ဆိုးကျိုးကို ရာသီမီ အခါမီ နှစ်ဦးနှစ်ဖက် တာဝန်ယူဖြေရှင်းပေးနိုင်အောင် ကြားဝင်အဖွဲ့အစည်းကသာ စီမံခန့်ခွဲနိုင်မှုအာဏာသုံးရန် လိုအပ်ပါလမ့်မယ်။ တောင်သူ့ပြဿနာကို ပထမဖြေရှင်းပေးနိုင်မည့် လူပုဂ္ဂိုလ်များအနေဖြင့် မြန်မာ့ကြံသကြားလုပ်ငန်း (Industry) အတွက် ကောင်းမွန်သောသမိုင်းမှတ်တမ်းတစ်ခုကို ရေးသွားနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
စံသိန်း(စိုက်ပျိုးရေး)
ဇူလိုင် ၂၀၂၂
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လားဗျ
ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from U San Thein (Agri)
အားလုံး
EM ဖျော်ရာတွင်သုံးသော တင်လဲရည်၊ သကာရည်၊ သကြားရည်တို့ရဲ့ အာနိသင်ကွာခြားချက်
26/03/2025
အီးအမ်ဖျော်ရာတွင် သုံးသော တင်လဲရည်အကြောင်း
28/02/2025
စိုက်ပျိုးရေးကဏ္ဍပြဿနာများကို ခွဲခြမ်းစိတ်ဖြာခြင်း (အပိုင်း-၁)
31/05/2023
ကြံပင်ခုတ်သိမ်းပြီးနောက် သကြားဓာတ်ယုတ်လျော့ကျဆင်းခြင်း
22/03/2023
လအလိုက်ကြံအလေးချိန်ကျဆင်းမှု
16/03/2023