အစိမ်းရောင်လမ်း
အမြင့်ဈေးမှာရှိနေတဲ့ ပဲမျိုးစုံဈေးကွက်

အမြင့်ဈေးမှာရှိနေတဲ့ ပဲမျိုးစုံဈေးကွက်

AMIA
AMIA 18/12/2023

ရာသီဥတုဖောက်ပြန်ပြီး ပဲအထွက်လျော့သောကြောင့် အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားကောင်းခြင်း၊ နိုင်ငံခြားငွေမူဝါဒ အပြောင်းအလဲရဲ့ လုပ်သာကိုင်သာရှိလာခြင်းတို့ကြောင့် ပြည်ပပဲတင်ပိုမှု အလားအလာကောင်းများ၏ အကျိုးဆက်ကို ပြည်တွင်းဈေးကွက်မှာ ဈေးနှုန်းများလှုပ်ရှားလာပြီး မြင့်တက်လာခြင်း သက်ရောက်မှုတွေရှိလာပါတယ်။ 

မတ်ပဲ

  • ဗဟိုဘဏ်က ပို့ကုန်ရငွေနဲ့ပတ်သက်ပြီး  ဖြေလျှော့မှုတွေ လုပ်ပေးနေမှုကြောင့် ဒီဇင်ဘာလဆန်းကတည်းက ဈေးတွေပြန်တက်လာပြီး အမြင့်ဈေးတန်းမှာပဲ ရှိနေပါတယ်။ အိန္ဒိယဘက်က မတ်ပဲတန်ချိန် တစ်သန်း မြန်မာကနေဝယ်ယူဖို့ရှိတယ်ဆိုတဲ့ သတင်းကြောင့်လည်း မြန်မာမတ်ပဲဈေးကွက်က မြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။
  • ဒါကြောင့် အခုချိန်တွင် မတ်ပဲအသစ်တွေ မန္တလေးဈေးကွက်ထဲကို စတင်ဝင်ရောက်နေပေမယ့်လည်း  ဈေးတန်းက အများကြီးကျဆင်းလာတာမရှိသလို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ်ပဲအသစ်ပေါ်ချိန်ဖြစ်သည့် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လမှာလည်း မတ်ပဲဈေးက အများကြီးကျဆင်းနိုင်တဲ့အခြေအနေမရှိဘူးလို့ ကုန်သည်တွေကသုံးသပ်ပါတယ်။
  • (၁၁ - ၁၅.၁၂.၂၀၂၃)ပတ် ရန်ကုန်ဈေးကွက်မှာ မတ်ပဲ FAQ  တစ်တန်ကို  ၂၉၈၂၅၀၀ ကျပ်အထိအမြင့်ဆုံး ဈေးပေါက်ခဲ့တာကြောင့် အရင်တစ်ပတ်ကထက် ၄၀၅၀၀ ကျပ်တက်လာတာတွေ့ရပါတယ်။ မန္တလေးဈေးကွက်မှာတော့  အရင်တစ်ပတ်ကဈေးအတိုင်း  ပိဿာ ၆၀ တစ်အိတ်ကို  အသစ်က ၂၁၀၀၀၀ မှ ၂၈၀၀၀၀ ကျပ်ရှိပြီး မတ်ပဲအဟောင်းက ၂၈၅၀၀၀ မှ ၂၉၀၀၀၀ ကျပ်ရှိနေပါတယ်။ နယ်ဈေးကွက်မှာလည်း   မတ်ပဲပိဿာ ၂၀ ကို ကျပ် ၉၆၀၀၀ ကျပ်အထိ ထပ်တက်လာနေပါတယ်။

ကုလားပဲ

  • ကုလားပဲကတော့ ရန်ကုန်ဈေးကွက်ရော  မန္တလေးဈေးကွက်မှာပါ   ဈေးထပ်တက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာ  ကုလားပဲဖြူလုံးက ၄၆၆၅ မှ ၄၇၅၀ ၊ ၄၇၅၀ မှ ၄၅၈၅ ကျပ်၊ ကုလားပဲဖြူလုံးကြီးက ၄၇၅၀ မှ ၄၈၃၅ ကျပ်ဈေးပေါက်လာပြီး တစ်ပိဿာကို ၈၅ ကျပ်ကနေ ၁၀၀ ကျပ်ကျော်အထိ ထပ်တက်လာပါတယ်။ 
  • ကုလားပဲခြမ်းက ၆၀၀၀ ကျပ်မှ  ၆၁၅၀ ဈေးပေါက်ပြီး (၁၁ - ၁၅.၁၂.၂၀၂၃)ပတ်မှာ ၅၀  ကျပ်ထပ်တက်လာပါတယ်။
  • မန္တလေးဈေးကွက်မှာလည်း   ကုလားပဲ(V2)က ၅၆.၂၅ ပိဿာ ကို၂၇၀၀၀၀ မှ ၂၇၂၀၀၀ ကျပ်ဈေးရှိ ပြီး  ကုလားပဲ V7ကလည်း ၂၇၈၀၀၀ ကျပ်ဈေး ရှိပြီး ၃၀၀၀ ဝန်းကျင် ထပ်တက်လာပါတယ်။ 
  • ကုလားပဲ ၉၂၉ က ၂၆၅၀၀၀ကျပ်ဈေးရှိပြီး ၅၀၀၀ ကျပ်တက်လာသလို ကုလားပဲထိုင်ဝမ်ကလည်း ၂၆၂၀၀၀ကျပ်ဈေးရှိပြီး၂၀၀၀ကျပ်တက်လာပါတယ်။
  • ကုလားပဲက ပြည်တွင်းစားသုံးမှုအဓိကဖြစ်ပြီး ပြည်တွင်းပဲခွဲစက်ပိုင်တွေရဲ့ဝယ်ယူမှုအပေါ်လိုက်ပြီး ဈေးအတက်အကျရှိတာဖြစ်တဲ့အပြင်  ပို့ကုန်ရငွေ ဖြေလျှော့မှုဂယက်ကြောင့်လည်း  ဈေးတန်းက ပြန်တက်လာတာ တွေ့ရပါတယ်။
  • ထို့အပြင် ကုလားပဲလက်ကျန်က နည်းတာကတစ်ကြောင်း၊ စက်ပိုင်တွေဝယ်ယူမှုများလာတာက တစ်ကြောင်းမို့ ခုတစ်ပတ်မှာ ဈေးက အနည်းငယ်ထပ်တက်လာတာဖြစ် လို့သိရပါတယ်။

ပဲတီစိမ်း

  • ဈေးတန်းအတက်မရှိဘဲ အကျဈေးတန်းမှာ ငြိမ်လာတဲ့ ပဲတီစိမ်းကလည်း ပို့ကုန်ရငွေဖြေလျှော့မှုအပြီး ဈေးတန်း ပြန်တက်လာပြီး  အရောင်းအဝယ်ကောင်းလာ တယ်လို့သိရပါတယ်။
  • ရန်ကုန်ဈေးကွက်မှာ ဈေးတန်းကအရင်တစ်ပတ်က အတက်ဈေးအတိုင်းပဲရှိနေပေမယ့် မန္တလေးဈေးကွက်မှာတော့ ပဲအသစ်ဈေးက တက်လာတာတွေ့ ရပါ တယ်။
  • ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၇၅၀ ကျပ် ရှိပြီး  ပဲတီစိမ်း(ပဲခူးရွှေဝါ)ကလည်း  ၃၅၈၀ ကျပ် နဲ့ အရင်တစ်ပတ်ကအတိုင်းဈေးငြိမ်နေပေမယ့် ပဲတီစိမ်း(ဝါးခယ်မ) ကတော့  တစ်ပိဿာကို ၂၇၅၀ ကျပ်မှ ၃၅၀၀  ကျပ်ဈေးရှိပါတယ်။
  • မန္တလေးဈေးကွက်မှာ  ပဲတီစိမ်း(အညာ) ပိဿာ ၅၆.၂၅  တစ်အိတ်ကို အသစ်က ၁၆၀၀၀၀ မှ ၁၇၀၀၀၀ ကျပ် ရှိပြီး ပဲအဟောင်းကတော့ ၁၃၀၀၀၀ မှ ၁၅၀၀၀၀ ကျပ်နဲ့ ရှိနေပါတယ်။ 
  • ပဲတီစိမ်းအသစ်ဈေးက အရင်တစ်ပတ်ကထက် ၁၀၀၀၀ လောက်တက်လာပေမယ့် အဟောင်းဈေးကတော့ငြိမ်နေပါတယ်။
  • ပဲတီစိမ်းက တရုတ်ကို အဓိကတင်ပို့ရတာဖြစ်ပြီး လက်ရှိမှာတရုတ်ဘက်က ပဲအသစ်တွေကို အဝယ်လိုက်လာတာကြောင့် မန္တလေးဈေးကွက်မှာ ဈေးတက်ရိပ်ပြလာတာဖြစ်တယ်လို့သိရပါတယ်။

ပဲစဉ်းငုံနီ 

  • ပဲစဉ်းငုံနီက (၁၁-၁၅.၁၂.၂၀၂၃) အပတ်ရဲ့ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ဈေးတက်ရိပ်ပြလာပြီး   မန္တလေးဈေးကွက်မှာတော့ဈေးတန်းပြန် ဖွင့်လာတာကိုတွေ့ရ ပါတယ်။
  • ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲစဉ်းငုံနီ တစ်တန်ကို ၃၁၂၅၀၀၀  ဈေးပေါက်လာပြီး အရင်တပတ်ကထက် ၂၅၀၀၀ ကျပ်တက်လာတာ ဖြစ်ပါတယ်။
  • မန္တဈေးကွက်မှာ ပဲစဉ်းငုံနီပိဿာ ၆၀ တစ်အိတ် ကို ၂၉၀၀၀၀ ကျပ်နဲ့ ဈေးပြန်ဖွင့်လာပါတယ်။ ပဲစဉ်းငုံက နိုဝင်ဘာလဆန်းကစပြီး ဈေးတွေဆက်တိုက်ကျဆင်းလာပြီး အကျဈေးတန်းမှာ ငြိမ်နေရာကနေ ပို့ကုန်ရငွေဖြေလျှော့တာ၊ အိန္ဒိယက ဝယ်ယူဖို့ရှိတယ်ဆိုတဲ့သတင်းတွေကြောင့်အနည်းငယ် တက်ရိပ်ပြလာတာဖြစ်ပါတယ်။
  • အခုဒီဇင်ဘာလ နောက်ဆုံးပတ်လောက်မှာ  ပဲစဉ်းငုံနီအသစ်တွေ  ဈေးကွက်ထဲဝင်ရောက်လာဖွယ်ရှိပြီး ကြိုပွိုင့် စနစ်နဲ့ ဝယ်ယူဖို့လုပ်နေသူတွေရှိတာကြောင့် ပဲအသစ်ပေါ်ပါကလည်း သိန်း ၃၀ အောက်ကို ကျနိုင်တဲ့အလားအလာ မရှိဘူးလို့ ကုန်သည်တွေကသုံးသပ်ကြပါတယ်။

စားတော်ပဲ

  • စားတော်ပဲကတော့ ရန်ကုန်ဈေးကွက်မှာ ဈေးငြိမ်နေပြီး မန္တလေးဈေးကွက်မှာ ဈေးကျလာတာတွေ့ရပါတယ်။
  • ရန်ကုန်ဈေးကွက်မှာတော့ အရင်တစ်ပတ်ကအတိုင်း  စားတော်ပဲလုံးတစ်ပိဿာကို ၆၃၃၀ ကျပ်မှ ၆၈၃၅ ကျပ်ဈေးပေါက်နေပါတယ်။
  • မန္တလေး ကုန်စည်ဈေးကွက်မှာတော့  စားတော်ပဲ ကနေဒါက ၂၈၅၀၀၀ မှ ၂၉၀၀၀၀ ကျပ်ရှိပြီး အရင်တစ်ပတ်ကထက် ၁၀၀၀၀ တက်လာပါတယ်။ စားတော်ပဲ ယူကရိန်းက ၂၇၀၀၀၀ ကျပ်ရှိပြီး အရင်တစ်ပတ်နဲ့ ယှဉ်ရင် ၁၀၀၀၀ ကျပ်တက်လာပါတယ်။  စားတော်ပဲ ကျွန်းကတော့  ၃၁၀၀၀၀၀ ကျပ်မှ ၃၃၀၀၀၀ဈေးတန်းမှာပဲငြိမ်နေပါတယ်။

မြေပဲ

  • နိုဝင်ဘာလမှာ ဆက်တိုက်ကျဆင်းခဲ့တဲ့ မြေပဲဈေးကွက်ကလည်း ဒေါ်လာအပြောင်းအလဲနဲ့ တရုတ်ဝယ်လိုအား ရှိလာတာကြောင့် ဒီဇင်ဘာလမှာ ဈေးတွေ ဆက်တိုက်ပြန်တက်လာပါတယ်။
  • လက်ရှိမြေပဲဈေးကွက်က မြေပဲအနီလုံးဆံတစ်ပိဿာကို ၆၃၀၀ ကျပ်မှ ၆၅၀၀ ကျပ်ရှိပြီး မြေပဲအဖြူလုံးဆံကလည်း တစ်ပိဿာကို ၆၃၀၀ ကျပ်မှ ၆၅၀၀ ကျပ် ရှိပြီး ဆီစက်တွေကဝယ်ယူ ကြိတ်ခွဲတဲ့ မြေပဲဆံအခြမ်းအောက်ကတော့ တစ်ပိဿာကို ၄၆၀၀ မှ ၄၈၀၀ ကျပ်ဈေးပေါက် လာပါတယ်။
  • ဒါကြောင့်တစ်ပိဿာကို ၁၀၀၀ လောက်ပြန်တက်လာတာဖြစ်ပြီး လက်ရှိမှာ အရောင်းအဝယ်လည်းသွက်နေတယ်လို့သိရပါတယ်။
  • မြေပဲဆံအတောင့်ကတော့ အနီလုံးဆံ၊ အဖြူလုံးဆံ အတောင့် ၇ ပိဿာကို ၂၆၀၀၀ မှ ၃၀၀၀၀ ကျပ် ဈေးပေါက်လာပါတယ်။

ယခုဖော်ပြပေးခဲ့တာက ဒီဇင်ဘာလ ၁၁ ရက်မှ ဒီဇင်ဘာလ ၁၆ ရက်နေ့အထိဖြစ်ခဲ့တဲ့ဈေးနှုန်းများကို ရှေ့တစ်ပတ် ဈေးကွက်များဖြင့်နှိုင်းယှဉ်သုံးသပ်ထားတာ ဖြစ်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်မေးခွန်းများ

ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လား‌ဗျ

ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....