ထွက်နှုန်းနည်းပါးလာချိန်ဖြစ်သဖြင့် ကွမ်းနုဝါဈေးများ မြင့်တက်နေ
ထွက်နှုန်းတစ်စစနှင့် နည်းပါးလာချိန်ဖြစ်သဖြင့် ကွမ်းနုဝါဈေးများ မြင့်တက်နေကြောင်း မြန်မာနိုင်ငံအလယ်ပိုင်းရှိ ကွမ်းနုဝါစိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။
ကွမ်းစျေးကွက် ကောင်းနေပါတယ်။ အထွက်နည်းချိန်မို့ပါ။ မိုးရာသီမှာ မိုးများဒေသက ကွမ်းခြံတွေ ရောဂါကျ ပျက်စီးခဲ့ပြီး အထွက်နှုန်းထိခိုက်သွားသလို၊ ဆောင်းရာသီမှာ အထွက်နည်းတာနဲ့ ပေါင်းလိုက်တော့ ကုန်ရှားသွားတာပေါ့။ ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတတော့ ကွမ်းစျေးက တက်တာပေါ့။ ဆောင်းရာသီမှာ ရာသီအေးတော့ ကွမ်းထွက်နည်းသွားတာပါ။ မိုးရာသီလောက် မထွက်တော့ဘူးလေ။
ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်မှ ကွမ်းနုဝါ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နေသူ ဦးဝင်းနိုင်က ပြောသည်။
နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလမှ ဖေဖော်ဝါရီလအတွင်း ကာလများသည် ကွမ်းခြံများ အထွက်နှုန်းနည်းသည့် ကာလများဖြစ်ကြပြီး၊ ယခု (၂)လတာ ကာလအတွင်း ကွမ်းနုဝါဈေးနှုန်းများ ထပ်တက်နိုင်ခြေရှိနေကြောင်း သိရသည်။
ကွမ်းဈေးကတော့ ဒီထပ်ပိုတက်စရာ ရှိနေသေးတယ်။ ကိုဗစ်ကြောင့်၊ လမ်းခရီးအသွားအလာအခက်အခဲကြောင့် ဒေသစုံ နေရာစုံကို ကွမ်းမရောက်သေးလို့ စျေးကနည်းနေသေးတာပါ။ ကုန်စည်စီးဆင်းမှု နှေးကွေးနေလို့ပေါ့။ မြန်ဆန်လာရင် စျေးဒီထက် တက်နိုင်သေးတယ်။ စျေးအမြင့်ဆုံးကတော့ ဇန်နဝါရီလပိုင်းလောက်ပါ။ အဲ့ဒီကာလမှာ ကွမ်းရှားရင် လက်ကားဈေးတောင် တစ်ပိဿာကို ကျပ်တစ်သောင်းကျော်လောက်အထိ တက်သွားတတ်ပါတယ်။ လက်လီဈေးကတော့ အခုတောင် တစ်သောင်းကျော်လောက် ရှိနေတယ်။
ဟု ဦးဝင်းနိုင်က ဆက်လက်ပြောသည်။
လက်ရှိ မြန်မာနိုင်ငံအလယ်ပိုင်း ကွမ်းနုဝါဈေးကွက်အတွင်း ကွမ်းနုဝါရှယ်ဆိုဒ် တစ်ပိဿာလျှင် ၆၅၀၀/၇၀၀၀ကျပ်၊ ကွမ်းနုဝါ အလတ်စ တစ်ပိဿာလျှင် ၄၅၀၀/၅၀၀၀ ကျပ်၊ ကွမ်းနုဝါ အညံ့စ တစ်ပိဿာလျှင် ၃၅၀၀/၄၀၀၀ ကျပ် လက်ကားဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားနေကြကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Myo Zaw Hein
လွန်ခဲ့သော ၂ နှစ် ကကွမ်းကဟော်မုန်းဖျန်းလို ့ရလား
Myo Zaw Hein
လွန်ခဲ့သော ၂ နှစ် ကhi
ko khing
လွန်ခဲ့သော ၅ နှစ် ကကျေးဇူးပါ
ဆက်စပ်မေးခွန်းများ
ပိုးလားမှိုလားခင်ဗျ ပိုးဆေးကအာဘာမက်တင် ပရိုဖီနိုဖော့ဖြန်းထားပါတယ်ခင်ဗျမှိုဆေးကတော့ကော့ပါး +ကာဇူကာမိုင်ဇင်သုံးထားပါတယ် အမိုင်နိုပါတဲ့အားဆေးကိုပိုးဆေးးနဲ့တွဲပြီးဖြန်းထားပါတယ်ခင်ဗျ အဆင်ပြေမဲ့ဆေးနဲ့လိုအပ်ချက်တွေညွန်းပေးပါအုံးခင်ဗျ
ခင်ဇော်ဝင်း • ဖြေကြားချက် 1 ခု
မြေပဲခင်း ရက်40သားရပီ ဘာဆေးဖြန်းပေးရမလည်းဆရာတို့
Win Min • ဖြေကြားချက် 0 ခု
trichoderma အသုံးပြုနည်း သိပါရစေဆရာတို့ လူးနယ်ဆေး မြေခံထည့် ရွတ်ဖြန်း တို့ပြုလုပ်ရာမှာ သုံးရမယ့် ထရိုင်ကိုဒါးမားအမှုန့် ပမာဏကို တိတိကျကျ မသိဘူး ဖြစ်နေလို့ပါ
Khing Hein • ဖြေကြားချက် 0 ခု
ဧရာပဒေသာ၆၃ရက်သားအပေါ်အရွက်၃ရွက်အောက်ကအရွက်ရင့်တွေပုံပါအတိုင်းဖြစ်နေလို့ရောဂါလားအဟာရတောင်းတာလားခဗျပိုးတော့ရှင်းပါတယ်ခဗျာ
kyaw zin • ဖြေကြားချက် 2 ခု
ကလောက်ဒီ sulfur 80% ဆေးထုပ်မှာ ခရမ်းချဉ်ကို ဆေးတပုံး 200gလို့ညွှန်းထားဝာာ အဲတာဖြန်းလို့ရလားဗျ
Htet Lin • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022