High Density Planting System ဖြင့် အရည်အသွေးကောင်းသရက်များ ထုတ်လုပ်နိုင်
High Density Planting System (HDPS) ဆိုသည်မှာ အပင်များကို ထူထပ်သိပ်သည်းစွာ စိုက်ပျိုးသည့်စနစ် ဖြစ်သည်။ အပင်နိမ့်နိမ့် အပင်စိပ်စိပ်ဖြင့် အရည်အသွေးကောင်းအသီးများ ထုတ်လုပ်သည့်စနစ်ဆိုရင်လည်း မမှားပါ။
သမရိုးကျ သရက်စိုက်ပျိုးရာတွင် ပင်ကြားတန်းကြားများကို၂ဝ ပေ×၂ဝ ပေ၊ ၂၅ ပေ×၂၅ ပေ၊ ၃ဝ ပေ×၃ဝ ပေ ခြား၍ စိုက်ပျိုးခဲ့ကြပြီး တစ်ဧကအပင်ဝင်ဆန့်မှု ပေ(၂ဝ)ပါတ်လည် စိုက်ပျိုးလျှင် အပင်-၁၀၀၊ (၂၅)ပေ ပါတ်လည် စိုက်ပျိုးမည်ဆိုလျှင် အပင်-၇၀၊ ပေ(၃ဝ)ပါတ်လည် စိုက်ပျိုးမည်ဆိုလျှင် အပင်-၅၀ ဝင်ဆန့်သည်။
High Density Planting System (HDPS) စနစ်ဖြင့် စိုက်ပျိုးသည့် သရက်ခြံတွင် ပင်ကြားတန်းကြားကို ၆ ပေ×၉ ပေ ထားပါက တစ်ဧက အပင်-၈၀၀၊ ၁ဝ ပေ×၁ဝ ပေ ထားပါက တစ်ဧကလျှင် ပင်ရေ-၄၃၀၊ ၁ဝ ပေ×၁၂ ပေ ထားပါက တစ်ဧကလျှင် ပင်ရေ-၃၅၀ ထား၍ စိုက်ပျိုးနိုင်သည်။
ဒီစနစ်နဲ့ စိုက်ပျိုးတာ တစ်ဧကအပင်ဝင်ဆန့်မှုများပြီး သီးထွက်နှုန်းကောင်းတယ်။ စီးပွားရေးအရ တွက်ချေကိုက်ပါတယ်။ အသီးအရည်အသွေးကို မြင့်မားစေနိုင်ပြီး ပြုစုစောင့်ရှောက်ရတဲ့ ကုန်ကျစရိတ်တွေလည်း လျှော့ချပေးပါလိမ့်မယ်။ ဥပမာ ပေ၂ဝ ပါတ်လည်စိုက်ပျိုးရင် အပင် ၁၀၀ ဝင်ဆန့်ပြီး တစ်ပင်ကို အရည်အသွေးအကောင်းဆုံးအသီး ၁ဝ လုံး ယူရင်တောင် အရည်အသွေးအကောင်း အသီးအလုံးရေ ၁,၀၀၀ ရမှာ ဖြစ်ပါတယ်။
ဟု မြန်မာ့သရက် ဈေးကွက်နှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ဒုတိယဥက္ကဌ ဦးမြင့်မော် က ပြောသည်။
ယင်းစနစ်ဖြင့် သရက်စိုက်ပျိုးမည်ဆိုပါက ကိုင်းဖြတ်ကိုင်းညှပ်နည်းစနစ်ကို အဓိကသိရှိထားရန်လိုအပ်သည်။ ကိုင်းဖြတ်ကိုင်းညှပ်နည်းမှာ ပထမအကြိမ်အဖြစ် အစေ့ပျိုးအပင်ဆိုလျှင် မြေပြင်မှ (၂)ပေ၊ ကိုင်းဆက်ပျိုးပင်ဆိုလျှင် (၂)ပေခွဲ (၃)ပေ ဖြတ်ပေးရမည်။ ဖြတ်ပြီး ထွက်လာသည့် အညွှန့်သစ်များမှ သန်မာပြီး ဖိုခနောက်ဆိုင်ဖြစ်သည့် ကိုင်း(၃)ကိုင်းကို ဆက်လက်မွေးမြူ၍ ကျန်ကိုင်းများကို ဖယ်ရှားဖြတ်ရမည် ဖြစ်သည်။
ဒုတိယအကြိမ်အဖြစ် မွေးမြူထားသော ကိုင်း (၃)ကိုင်းကို ကိုင်းရင်းမှ တစ်ပေခွဲအမြင့်တွင် ဖြတ်ပေးရမည်။ နောက်အကိုင်း (၃)ကိုင်းစီ မွေးမြူ၍ ကျန်ကိုင်းများ ထပ်မံဖြတ်ထုတ်ဖယ်ရှားပေးရမည်။ ဆက်လက်ပြီး တတိယအကြိမ်အဖြစ် ကိုင်း (၉)ကိုင်းကို ကိုင်းရင်းမှ တစ်ပေအမြင့်တွင် ဖြတ်ပြီး (အရှေ့အကြိမ်များ နည်းတူ) ကိုင်း(၃)ကိုင်းစီ ထပ်မံမွေးမြူရမည်။ ထို့သို့ဖြင့် ကိုင်းမှတစ်ပေအမြင့်တွင် ဖြတ်ခြင်း၊ ကိုင်း (၃)ကိုင်း မွေးမြူခြင်းတို့ကို (၇) ကြိမ်တိုင်အောင် ဆက်လက်ပြုလုပ်ပေးသွားရမည် ဖြစ်သည်။
ဒီလိုမျိုး ခုနှစ်ကြိမ်ပြုလုပ်ပြီး ကိုင်းဖြတ်ကိုင်းညှပ်ပေးမယ်ဆိုရင် ကိုင်းပေါင်း(၂၁၈၇)ကိုင်း ရရှိမှာဖြစ်ပါတယ်။ သမရိုးကျ အပင်ကျဲစနစ်နဲ့စိုက်ပျိုးထားတဲ့ အပင်တွေမှာလည်း အနဲဆုံး သုံးကြိမ်အထိ ကိုင်းဖြတ်ကိုင်းညှပ်စနစ်ကို အသုံးပြုသင့်ပါတယ်။ အပင်ဝိတ်ကို ညီစေပြီး လေဒါဏ်မိုးဒါဏ်ကို အတော်အသင့် ခံနိုင်ရည်ရှိသွားပါလိမ့်မယ်။
ဟု ဦးမြင့်မော် က ဆိုသည်။
အဆိုပါစနစ်ဖြင့် စိုက်ပျိုးပါက သရက်ပင်များအား အမြင့် ၁ဝပေ/၁၂ပေ အနေအထားတွင် ထိန်းသိမ်းထားရသဖြင့် အပင်ဆေးဖျန်းရာတွင် နှံ့နှံ့စပ်စပ်ပက်ဖျန်းနိုင်၍ အသီးအိတ်စွပ်ခြင်း၊ အသီးခူးစွတ်ခြင်းလုပ်ငန်းများ လွယ်ကူပြီး အရည်အသွေးကောင်းသရက်သီးများ ရရှိကြောင်း သိရသည်။
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ငါးအမိုင်နိုအားဆေးလုပ်ရင် ငါးခေါင်းတွေနဲလုပ်လို့ရလားဗျ...ဥပမာ.ငါးဒန်ခေါင်းလို့ ငါးတွေနဲဆိုရလားဗျ
Ko Phyo • ဖြေကြားချက် 0 ခု
နွားဝယ်လာတာနွားကအစားကောင်းမစားအနည်းငယ်သာစားအစားကောင်းလာအောင်ဝလာအောင်ဘယ်လိုလုပ်ရမလဲဖြေပေးကျပါဗျအစားစားလာအောင်အဓိကရှင်းပြပေးပါဆေးနည်းပြောပေးပါ
zin Phyo naung • ဖြေကြားချက် 0 ခု
စပါးက ဖုန်းနေပါပြီ/လိုအပ်ရင်အသီးအပွင့်ကောင်းအောင်ဆေးဖြန်းချင်တာဆရာဘယ်အချိန်လောက်ရယ်/ဆေးရယ်သိချင်လို့ပါဆရာ/15ပတ်လည်လည်းကျွေးထားပါတယ်
Zaw Than Oo • ဖြေကြားချက် 2 ခု
ငရုတ်ပင်လေးတွေအခြေတွေပြတ်ကျနေလို့ဘာရောဂါလည်းဘယ်လိုကာကွယ်ရမလဲဗျဆရာများညွန်ပေးကြပါအုံးဗျ
မောင်လှမျိုးအောင် • ဖြေကြားချက် 3 ခု
ကွမ်းပင်မှိုကပ်လို့ ခုပြတဲ့ဆေးတွေသုံးလို့ရလားဗျ ရမရနဲ့ ဆေးကောင်းကျိုးဆိုးလေးပြောပြပေးပါအုန်းဗျား ကျေးဇူးတင်ပါတယ်
Kyaw Aye • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၃၁.၈ -၄.၉.၂၀၂၆)
05/09/2026
စိုက်ပျိုးသုတ ...စက်တင်ဘာလ
04/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....