ရာသီဥတုရုတ်တရတ်ပြောင်းလဲမှာကို ဆောင်းကုလားပဲစိုက်ပျိုးသူများ စိုးရိမ်နေ
ဆောင်းကုလားပဲစိုက်ခင်းများအနေဖြင့် ရာသီဥတုရုတ်တရတ်ပြောင်းလဲခြင်းနှင့် ပိုးကျရောက်မှုအန္တရာယ်ကို စိုးရိမ်နေရကြောင်း မန္တလေးတိုင်းဒေသကြီးရှိ ကုလားပဲစိုက်တောင်သူများထံမှ သိရသည်။
ဆောင်းတွင်းဘက်စိုက်တဲ့ ကုလားပဲခင်းတွေက ရုတ်တရတ်မိုးစွေမှာ၊ မိုးရွာချလိုက်မှာကို ကြောက်ရတယ်။ မိုးရွာချလိုက်တာနဲ့ ကုလားပဲခင်းက ပျက်စီးသွားနိုင်တယ်။ ရေဝပ်သွားတာနဲ့ အဲ့ဒီနေရာက ကုလားပဲမျိုးက ကွဲထွက်သွားပြီး အပင်မပေါက်နိုင်တော့ဘူး။ ကုလားပဲစေ့ကနေ အခြမ်းဖြစ်သွားပြီး ပျက်စီးသွားတယ်။ မြေကြီးနဲ့ရေနဲ့ထိမိလို့ ကုလားပဲတွေပွကုန်ပြီး အပင်မပေါက်နိုင်တော့တဲ့ သဘောပေါ့။ ဒီလိုဖြစ်သွားရင် မျိုးဖိုးတွေ ထွန်ယက်စရိတ်တွေ ဆုံးရှုံးကုန်မှာဆိုတော့ ရာသီဥတု ရုတ်တရတ်အပြောင်းအလဲမဖြစ်ဖို့ လိုပါတယ်။ အနည်းငယ်ရွာတာတော့ ဘာမှမဖြစ်ပေမယ့် မိုးမရွာရင်တော့ ပိုကောင်းတာပေါ့။
ဟု မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ကံဘဲ့အုပ်စု၊ နွားကူးရွာမှ ကုလားပဲပင်စိုက်ပျိုးသူ ဦးနိုင်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးရှိသည့်အနက် ဆောင်းကုလားပဲစိုက်ပျိုးရေးကို နိုဝင်ဘာလတွင် စတင်လေ့ရှိပြီး စိုက်သက်တမ်း (၃)လခွဲအကြာတွင် ရိတ်သိမ်းကြသည်။
မြေပြင် ထွန်ယက်ပြီး မျိုးစေ့ချစိုက်ပျိုးပြီးတဲ့နောက် ဂျမ်းတုံးနဲ့ မြေကိုသိပ်အောင် ထပ်လုပ်တယ်။ မြေမျက်နှာပြင်ညီသွားအောင်၊ အစေ့အကုန်ပေါက်အောင် အပင်ပေါက်ကြည့်လို့လှအောင်ပေါ့။ မြေကြီးကို ထပ်ဖိပေးတာပေါ့။ ထယ်ရေးတွေ ထောင်နေတာတွေ ညီသွားအောင်ပေါ့။ ဒီလိုအချိန် မိုးရွာရင်တော့ ဆုံးရှုံးသွားနိုင်တာပေါ့။ နောက်တစ်ချက်က မြေအောင်းပိုးရှိရင်လည်း ကုလားပဲခင်း တစ်ကွက်လုံး ကုန်သွားနိုင်တယ်။
ဟု ၎င်းက ဆက်လက်ပြောသည်။
ကုလားပဲစိုက်ပျိုးရာတွင် ရာသီဥတုအလွန်ပူပြင်းနေပါက အမြစ်ခြောက်ခြင်း၊ အမြစ်မဆွဲခြင်း အန္တရာယ်ကိုလည်း သတိပြုရကြောင်း သိရသည်။
ဆက်စပ်မေးခွန်းများ
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
အရွက်ကဘာဖြစ်လို့ဝါတာလဲ
ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....