အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မျိုးထိန်းသိမ်းရခက်ခဲမှုကြောင့် မျိုးဝယ်စိုက်ခြင်းကို အားသန်လာကြတဲ့ ကုလားပဲတောင်သူများ

မျိုးထိန်းသိမ်းရခက်ခဲမှုကြောင့် မျိုးဝယ်စိုက်ခြင်းကို အားသန်လာကြတဲ့ ကုလားပဲတောင်သူများ

    ကုလားပဲပင် စိုက်ပျိုးရာတွင် ကိုယ်တိုင်မျိုးခံစိုက်ပျိုးခြင်းထက် စိုက်ပျိုးချိန်ရောက်ရှိမှ မျိုးဝယ်ယူစိုက်ပျိုးခြင်းကို တောင်သူများ ပိုမိုအားသန်လာကြကြောင်း စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နေသူများက ဆိုသည်။

ကုလားပဲပင်စိုက်ပျိုးတဲ့အခါ ရှေးယခင်ကတော့ ကိုယ်စိုက်တဲ့မျိုးကို မျိုးခံထားပြီး စိုက်ကြတာများတယ်။ အခုနောက်ပိုင်းကျတော့ တောင်သူအယောက်တစ်ရာမှာ ငါးဆယ်လောက်က စိုက်ခါနီးမှ မျိုးဝယ်ယူပြီး စိုက်ပျိုးကြတာများတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုလားပဲမျိုးက ရေမစိုအောင်၊ မှိုမတက်အောင် ပြုစုထိန်းသိမ်းရတယ်။ လက်ဝင်တယ်။ ခုနှစ်လ၊ ရှစ်လလောက်ကြီး ဒီမျိုးတွေကို ကိုယ့်လက်ထဲ ထိန်းသိမ်းထားရမှာဆိုတော့ ခုနောက်ပိုင်းတော့ ကိုယ်တိုင်မျိုးခံထားမနေတော့ဘဲ စိုက်ခါနီးမှ မျိုးဝယ်ပြီးပဲ စိုက်ပျိုးလာကြတာပါ။

ဟု မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်မှ ကုလားပဲပင် စီးပွားဖြစ်စိုက်ပျိုးသူ ဦးနိုင်ဦးက ပြောသည်။

    မြန်မာနိုင်ငံတွင်စိုက်ပျိုးထုတ်လုပ်နေသည့် ကုလားပဲမျိုးများအနက် B-2 ဟုခေါ်သည့် ကုလားပဲအဖြူအလုံးကြီးမျိုး၊ B-1 ဟုခေါ်သည့် ကုလားပဲဖြူအလုံးသေးမျိုး၊ ထိုင်ဝမ် ဟုခေါ်သည့် ကုလားပဲအနီ အလုံးကြီးမျိုးနှင့် ကုလားပဲအနီအလုံးသေး (ဗမာကုလားပဲမျိုး) တို့ကို အဓိကစိုက်ပျိုးကြသည်။

ကျွန်တော်က အဲ့ဒီကုလားပဲမျိုး (၄) မျိုးလုံးကို စိုက်ထားပါတယ်။ ဒီနှစ် မျိုးခံဖို့ ပြန်ဝယ်ကြဲတာတော့ ကုလားပဲမျိုးအပေါ်မူတည်ပြီး မျိုးတစ်တင်းကို ၃၈၀၀၀ ကျပ်ကနေ ၄၅၀၀၀ ကျပ်အတွင်း ဈေးတွေနဲ့ ပြန်ဝယ်ရပါတယ်။ တစ်ဧကစိုက်ပျိုးမယ်ဆိုရင် ကုလားပဲမျိုးစေ့ အသေးအကြီးပေါ်မူတည်ပြီး အလုံးကြီးမျိုးဆို ၂ တင်းခွဲလောက် ကုန်တယ်။ အလုံးသေးမျိုးဆိုရင် တစ်ဧကကို တစ်တင်းခွဲလောက်ကြဲရင် ရပါပြီ။ တစ်ဧကကို အထွက်နှုန်းက ၁၅ တင်း ကနေ တင်း ၂၀ ဝန်းကျင်လောက် ထွက်ပါတယ်။ မျိုးချတဲ့အပေါ်လည်း မူတည်တာပေါ့။ မျိုးထူထူချရင် အထွက်နှုန်းပိုတာပေါ့။

ဟု ၎င်းက ဆက်လက်ပြောသည်။

    ဆောင်းသီးနှံအနေဖြင့် ကုလားပဲပင်ကို စိုက်ပျိုးပါက တစ်ဧကစိုက်ပျိုးစရိတ် စုစုပေါင်းအနေဖြင့် (၂) သိန်းကျပ်ဝန်းကျင် ကုန်ကျနိုင်ကြောင်း သိရသည်။

You

ဆက်စပ်မေးခွန်းများ

အဲ့ရာဘာဖစ်တာလည်း

Ah Sai Shesoi • ဖြေကြားချက် 0 ခု

ဆရာ၊ဆရာမတိုခင်ဗျား ကောက်ရိုးမှိုပျိုးနည်း အသေးစိတ်သိချင်ပါတယ်ခင်ဗျာ။နေပြည်တော်ကပါ မှိုမျိုးစေ့ဘယ်မှာဝယ်လို့ရလဲခင် ချင်ဗျ။ဘယ်ရာသီဖြစ်ဖြစ် မှိုပျိုးလိုရ/မရသိချင်ပါတယ်ခင်ဗျ။မှိုပျိုးချင်သူအား လုပ်ဆောင်နိုင်အောင် အသေးစိတ် ပြောကြားပေးစေချင်ပါတယ်။

ဦးမောင်ကို • ဖြေကြားချက် 1 ခု

စိုက်ပျိုးရေးနဲ့မသက်ဆိုင်ပေမဲ့ ဗဟုသုတအနေနဲ့မေးချင်ပါတယ် ဒီနှစ်ဟာဝါထပ်တာလူတိုင်းသိပြီးဖြစ်ပါတယ် ဒီနေ့ စက်တင်ဘာ10ရက်နေ့ဟာ မြန်မာလ ဝါခေါင်လဆုတ်13ရက်ဖြစ်ပါတယ် အရင်နှစ်(2025)ဟာ ဝါမထပ်သောကြောင့် စက်တင်ဘာ 10ရက်(ဒီကနေ့) ဟာ တော်သလင်းလဆုတ်4ရက်ဖြစ်နေပါတယ် ထိုအရာမှာ ဒီနှစ်တော်သလင်းလဟာ အရင်နှစ် တော်သလင်းလထက် နောက်ကျ ကျန်နေပါတယ် ထို့ကြောင့် ဒီလကို တော်သလင်းလလို့ သတ်မှတ်လို့ရပါသလား ဘယ်လိုတေအမှန်ယူရမလဲ ရှင်းပြပေးပါဦးဆရာခင်ဗျ

ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု

ရွှေပန်းပင်ကိုတူးပြီး စိုက်ခင်းထဲမရောက်ခင် အပင်အရိပ်အောက်မှာတစ်လလောက်ထားလို့ရပါသလားခင်ဗျာ ပြီးလျှင်စိုက်ဘောင်ထဲကိုဘာတွေထည့်ထားသင့်သလဲသိပါရစေ

ဦးခိုင်မင်းဇော် • ဖြေကြားချက် 1 ခု

ဆားခါးက သီးနှံတွေအတွက် ဘယ်လိုအကျိုးကျေးဇူးရှိတယ်ဆိုတာ ဗဟုသုတအနေနဲ့သိထားချင်ပါသဖြင့် ဆရာတို့ကျေးဇူးပြု၍ ဖြေကြားပေခဲ့ပါအုံးခဗျာ။

ကိုငြိမ်းဦး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။