Export လမ်းကြောင်းများ အားနည်းနေသေးသဖြင့် ငရုတ်စိုက်တောင်သူများအဆင်မပြေဖြစ်နေ
Exportလမ်းကြောင်းများ အားနည်းနေသေးသဖြင့် ငရုတ်စိုက်တောင်သူများ အဆင်မပြေဖြစ်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းမှ ငရုတ်သီး ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်နေသူများက ပြောသည်။
ဈေးကွက်အခက်အခဲကတော့ သင်္ကြန်ပတ်ဝန်းကျင်မှာ ငရုတ်သီးလှိုင်လှိုင်ထွက်ပြီး သင်္ကြန်ကကျ ငရုတ်ဈေးကွက်ကမကောင်းနဲ့ ဒီကတောင်သူတွေမှာ အခက်အခဲအမြဲ ဖြစ်ပါတယ်။ အဲ့ဒါကလည်း နှစ်စဉ် ဒီအတိုင်းဖြစ်တာပါ။ ပုံမှန်ဆိုရင်တော့ ငရုတ်သီး Export အနေနဲ့ အဓိကက တရုတ်နိုင်ငံကို တင်ပို့ပါတယ်။ အခုလို ကိုဗစ်ကာလ အခြေအနေနဲ့ဆိုတော့ ပိုဆိုးတာပေါ့။ ငရုတ်သီးက Export ရှိမှ လမ်းကြောင်းဖောက်နိုင်မှသာ တောင်သူလည်းအဆင်ပြေ ကုန်သည်လည်း အဆင်ပြေတာပါ။ အခုလို ပြည်ပတင်ပို့မှုတွေ မကောင်းတဲ့ကာလမှာ ငရုတ်တောင်သူတွေ အဆင်မပြေကြပါဘူး။
ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ မူးသာရွာမှ စီးပွားဖြစ်ငရုတ်စိုက်ပျိုးသူ ဦးသန်းဆွေဦးက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်မှ စိုက်ပျိုးထွက်ရှိသည့် ငရုတ်သီးများကို အများအားဖြင့် မြစ်ကြီးနား၊ ကူမဲ၊ ယင်းမာပင်၊ ကျောက်ဆည်၊ မုံရွာ ဒေသများထံသို့ ရောင်းချနေကြသည်။
အခု လက်ရှိဈေးနှုန်းအနေနဲ့ ငရုတ်သီးအစိမ်း တစ်ပိဿာကို (၈၀၀) ကျပ်နဲ့ ရောင်းဝယ်နေပါတယ်။ အစိမ်းတစ်ခုပဲ အရောင်းအဝယ်ဖြစ်နေပါတယ်။ အမှည့်အစိုအရောင်းအဝယ် ရပ်တန့်နေပါတယ်။ ငရုတ်သီးအခြောက်ဈေးကွက်ကတော့ ရှိတော့ရှိပေမယ့်လည်း တောင်သူက ငရုတ်ခြောက်တွေကို လက်ထဲအမြဲသိမ်းမထားနိုင်တဲ့အတွက် ဈေးကွက်အမြဲတမ်းတော့ ရှိမနေနိုင်ပါဘူး။ အရည်အသွေးမကောင်းမှာ စိုးတာကြောင့်ရယ်၊ လက်ထဲ ကြာကြာမထားချင်တဲ့အတွက်ကြောင့်ရယ် အမြန်ဆုံးရောင်းထုတ်ကြတာ များပါတယ်။
ဟု ၎င်းက ဆက်လက်ပြောသည်။
ငရုတ်တစ်ဧကစာ စိုက်ပျိုးမည်ပါက အကြမ်းဖျဉ်းကုန်ကျစရိတ် ကျပ်(၃)သိန်းမှ ကျပ်(၅)သိန်းကြား ကုန်ကျနိုင်ပြီး ဒေသတစ်ခုနှင့်တစ်ခု ကုန်ကျစရိတ်များ မတူညီကြောင်း သိရသည်။
ဆက်စပ်မေးခွန်းများ
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
အရွက်ကဘာဖြစ်လို့ဝါတာလဲ
ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....