ဇွန်လတွင် ကွမ်းပင်များ ရောဂါအမျိုးမျိုး ကျရောက်လေ့ရှိသဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေ
နှစ်စဉ်နှစ်တိုင်း ဇွန်လတွင် ကွမ်းပင် ရောဂါအမျိုးမျိုး ကျရောက်လေ့ရှိသဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရသည်။
ဇွန်လဆန်း ပထမပတ်ကျော်ရင် ကွမ်းမှာဖြစ်နေကျ ရောဂါက ဆီစွန်းရောဂါကျတတ်ပါတယ်။ ဇွန် ၂၀ ရက်လောက်မှာ နေပူရက်တွေ များလွန်းလို့ ဇူလိုင်လဆန်းပိုင်း မိုးတွေပြန်ရွာရင် အရင်ရက်က ဆီစွန်းခြံတွေ ရိုးမဲဖြစ်မယ်။ အစာကြွေးတဲ့ခြံတွေ၊ လောင်းရိပ်ကောင်းတဲ့ခြံနဲ့ ဘောင် ရေဆင်းရေလာမကောင်းတဲ့ခြံတွေက ရိုးပုပ်ရွက်ပုပ်တွေ ဝင်လာပါတော့မယ်။ ဒါတွေက နှစ်စဉ်နှစ်တိုင်း ကလင်ဒါကျဖြစ်ရက်တွေပါ။ တောင်သူတွေ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ပြီး ကွမ်းရောဂါကို အနိုင်ယူကြရမှာပါ။
ဟု ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ သစ်ဆိမ့်ကုန်းအုပ်စု၊ မှော်သေးကျေးရွာမှ ကွမ်းစီးပွားဖြစ် စိုက်ပျိုးနေသူ ကိုထွန်းထွန်း က ပြောသည်။
မိုးရွာပြီး နေပြန်ပူခြင်း၊ နေပူပြီး မိုးပြန်ရွာခြင်းဖြစ်စဉ်များနှင့် ရာသီဥတု အပြောင်းအလဲများသည့် ရက်များတွင် ကွမ်းပင်သို့ စုပ်စားပိုးများ အလွယ်တကူကျရောက်တတ်ကြောင်း သိရသည်။
အခုနှစ်ပိုင်းတွေမှာ ခြံအများ စုပ်စားပိုကျတာတွေ အမြဲတွေ့နေရပါတယ်။ အရွက်တွေက ဝါမယ်။ အရွက်လိပ်မယ်။ ဖြူမယ်။ ကျားမယ်။ အဲ့ဒီလက္ခဏာတွေ အဖြစ်များကြပါတယ်။ စုပ်စားပိုးနဲ့အတူ ကိုက်ဖြတ်စားပိုးတွေပါ ကျလာပါတော့မယ်။ သတိထားပြီး ရှောင်ရှားကြပါ။ ကိုယ်ခြံတွင်း စုပ်စားပိုးကျတဲ့ လက္ခဏာကိုတွေ့မှ ဆေးဖျန်းမယ်ဆို နောက်ကျသွားပါပြီ။ မဖြစ်ခင်ကြိုတင်ကာကွယ်ထားကြပါ။
ဟု ကွမ်းစိုက်တောင်သူတစ်ဦး က ပြောသည်။
ကွမ်းပင်သို့ ကျရောက်တတ်သည့် ရောဂါအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်စေရန် ကွမ်းခြံအနီးတဝိုက် ပေါင်းမြက်များ ရှင်းလင်းဖယ်ရှားခြင်း၊ ခြံအတွင်း လေဝင်လေထွက်ကောင်းစေရန် ဆောင်ရွက်ခြင်း၊ မနက်ခင်းနှင့် ညနေပိုင်းအချိန်များတွင် ခြံကို မီးခိုးမှိုင်းတိုက်ပေးခြင်း၊ ဝါးပေါင်းခံရည်နှင့် တမာပိုးသတ်ဆေးကဲ့သို့ သဘာဝကာကွယ်ဆေးများဖျန်းခြင်း၊ ပိုးဖမ်းစတေကာများ အသုံးပြုခြင်း၊ မီးထောင်ချောက်များ ပြုလုပ်ခြင်း၊ အခါအားလျော်စွာ ဓာတုပိုးသတ်ဆေးနှင့် စုပ်စားပိုးသတ်ဆေးများ ဖျန်းပေးခြင်းများကို ဆောင်ရွက်နေကြောင်း သိရသည်။
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
hi စိုက်ပျိုးရေးပညာရှင်ကြီးများရှင့် မန္တလေးတိုင်း နွားထိုးကြီးနယ်ဘက်မှာ စပျစ်စိုက်လို့အဆင်ပြေလောက်မလားသိချင်လို့ အကြောင်းရာနှင့်တကွ ဖြေပေးကြပါအုံးရှင့်
ဝင်းဝင်းအေး • ဖြေကြားချက် 1 ခု
ဘာဆေးဖျန်းရမလဲဗျ
nay • ဖြေကြားချက် 0 ခု
ဥစားကြက်များကို ခြံထဲလွတ်ကျောင်းမွေးလို့ အဆင်ပြေပါ့မလား ဗျာ့ လွတ်ကျောင်းမွေးရင် အားနည်းချက် အားသာချက်များ နှင့် လိုအပ်ချက်များ ရှောင်ရန် ဆောင်ရန်များ ကို အတွေ့အကြုံ ရှိသူများ အကြံပေးကြပါအုံးဗျာ့
U nyi lin • ဖြေကြားချက် 4 ခု
မုန့်ဖုတ်ဆော်ဒါ.5ဇွန်း.ဆပ်ပြာမုန့်.4ဇွန်း.ဆ်ိ.5ဇွန်း.ပတ်တာကမြေပဲခင်းမှာဘာကောင်းလဲဗျ...တချို့ပတ်နေကြလို့...မှိုကာကွယ်တယ်စိုဟုတ်လားဆရာတို့
သန်းထိုက်အောင် • ဖြေကြားချက် 1 ခု
ငရုပ်ပင်မှာ ဒီလို အရွက် အဝါ အပြောက်ပုံစံတွေ ထိုးလာပြီး တခြားပင်တွေလဲ ကူးတက်တဲ့ အခြေအနေထိ ဖြစ်လာလို့ပါ။ ဖြစ်ရတဲ့ အကြောင်းအရင်းနဲ့ ကာကွယ်ရမဲ့ နည်းလမ်း၊ ကုသရမဲ့ နည်းလမ်းလေး လမ်းညွှန်ပေးကြပါအုံး ဆရာတို့ ပုံက နှုတ်ပစ်ပြီးသား အပင်ကို ရိုက်ထားတာပါ။
Ko Shine • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....