တစ်ပတ်စာသီးနှံ ဈေးကွက်သုံးသပ်ချက်
အိန္ဒိယ၊ ထိုင်း အပါအ၀င် ပြည်ပနိုင်ငံများ၏ ၀ယ်လိုအားမျှော်လင့်ချက်ကြောင့် ယခုရက်သတ္တပတ် မြန်မာ့လယ်ယာပို့ကုန်များ ပြည်တွင်း ပြည်ပမှာ ဈေးမြင့်တက်လာသည်။
ဈေးဆက်မာနေသည့် မြန်မာ့မတ်ပဲ
အိန္ဒိယနိုင်ငံတွင်း လိုအပ်ချက် ရှိနေသော မတ်ပဲက ယခုရက်သတ္တပတ်တွင်လည်း ဈေးထပ်မံမြင့်တက်နေသည်။ အိန္ဒိယဈေးကွက်တွင် မတ်ပဲ (CNF)ဈေးက တစ်တန် အမေရိကန် ဒေါ်လာ ၁၅ ဒေါ်လာဈေးမြင့်သွားသည်။ ယခုရက်သတ္တပတ်၌ အိန္ဒိယဈေးကွက်တွင် မြန် မာ မတ်ပဲ FAQ အမျိုးအစား တစ်တန် ဒေါ်လာ ၈၆၅ မှ ၈၈၀ သို့ဈေးပြောင်းပြီး မတ်ပဲ SQ တစ်တန် ဒေါ်လာ ၉၆၅ မှ ၉၈၀ သို့ဈေးပြောင်းသွားသည်။
အိန္ဒိယပြည်တွင်း မတ်ပဲဈေးကွက်အခြေအနေ၏ အကျိုးဆက်ကြောင့် မြန်မာနိုင်ငံတွင်လည်း မတ်ပဲ ပြည်ပရောင်းချသည် (FOB (free on board)ဈေးက တစ်တန်လျှင် ၃၅ ဒေါ်လာ အနည်းဆုံး ဈေးမြင့်သွားသည်။
ယခုရက်သတ္တပတ် မတ်ပဲ FAQ တစ်တန် ၏ FOBဈေးက ဒေါ်လာ ၇၆၀ - ၇၇၀မှ ၇၉၅ - ၈၀၅သို့ဈေးပြောင်းသွားသည်။ မတ်ပဲ SQတစ်တန် ဒေါ်လာ ၈၄၀ - ၈၅၀မှ ၈၉၅ - ၉၀၅သို့ ဈေးပြောင်းသည်။
ပြည်တွင်းဈေးကွက်တွင်လည်း မတ်ပဲဈေးက အနည်းဆုံးတစ်တန် ကျပ် ၇၀,၀၀၀ကျော် ဈေးမြင့်သွားသည်။ ပြည်တွင်းဈေးကွက်တွင် မတ်ပဲFAQ တစ်တန် ကျပ် ၃,၀၀၅,၀၀၀ မှ ၃,၀၈၃,၀၀၀ သို့ဈေးပြောင်းသွားပြီး မတ်ပဲSQတစ်တန် ကျပ် ၃,၃၄၅,၀၀၀ မှ ၃,၄၄၅,၀၀၀ သို့ ဈေးပြောင်းသွားသည်။
မတ်ပဲက အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာ စားသောက်ကုန်တစ်မျိုးဖြစ်ပြီး အိန္ဒိယ နိုင်ငံအတွင်း စိုက်ပျိုးထုတ်လုပ်မှု မလုံလောက်သဖြင့် မြန်မာ၊ ဘရာဇီးအပါအ၀င် ပြည်ပနိုင်ငံများမှ တင်သွင်းနေရသည်။ ယခုနှစ် အိန္ဒိယ ဆောင်းရာသီ မတ်ပဲစိုက်ပျိုးမှု အနည်းငယ်လျော့နည်းသည်ဆိုသည့် သတင်းများကလည်း မတ်ပဲဈေးဆက်တက်ရန် တွန်းအားဖြစ်စေသည်ဟု သုံးသပ်မှုများလည်းရှိနေသည်။
ပဲစင်းငုံဈေးတက်
အိန္ဒိယဈေးကွက်တွင် ပဲစင်းငုံက မတ်ပဲနှင့် ပြောင်းပြန် ဈေးအနည်းငယ်ပျော့လာသည်။ ပြီးခဲ့သည့်လက ဈေးဆက်တိုက်မြင့်ခဲ့သည့် ပဲစင်းငုံက ဖေဖော်ဝါရီလ ပထမရက်သတ္တပတ်တွင် ဈေးအနည်းငယ်ပြန်ပျော့သွားသည်။ ယခုရက်သတ္တပတ် အိန္ဒိယဈေးကွက်တွင် ပဲစင်းငုံ (CNF)ဈေးက တစ်တန် ဒေါ်လာ၂၀ ဈေးကျသွားသည်။
အိန္ဒိယဈေးကွက်တွင် မြန်မာပဲစင်းငုံ (၂၀၂၅ crop) တစ်တန် ဒေါ်လာ ၉၁၀မှ ၉၀၀၊ ပဲစင်းငုံ( ၂၀၂၆ crop) တစ်တန် ဒေါ်လာ၉၄၅ မှ ၉၂၅သို့ဈေးပြောင်းသွာသည်။ သို့သော် မြန်မာနိုင်ငံ၏ ပြည်တွင်းဈေးကွက်တွင် ပဲစင်းငုံ(နီ) ပြည်ပရောင်းချသည့်(FOB)ဈေးက ပဲစင်းငုံ (၂၀၂၄ -၂၅crop) တစ်တန် ဒေါ်လာ ၅၀ ဈေးမြင့်သွားသည်။
ပဲစင်းငုံ(နီ) (၂၀၂၄-၂၅ crop) ၏ FOBဈေး တစ်တန် ဒေါ်လာ ၇၇၀ - ၇၈၀မှ ၈၂၀ - ၈၃၀သို့ဈေးပြောင်းသွားသည်။ ပဲစင်းငုံ (၂၀၂၅-၂၆ crop) ၏ FOBဈေး ကတစ်တန် ဒေါ်လာ ၈၆၀ - ၈၇၀ ဈေးဖွင့်သည်။
ပဲစင်းငုံ (နီ)ပြည်ပဈေးမြင့်တက်မှုနှင့်အတူ ပြည်တွင်းဈေးမှာလည်း အပြောင်းအလဲများရှိနေသည်။ ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပဲစင်းငုံ (နီ)(၂၀၂၆ crop)တစ်တန် ကျပ် ၃,၂၂၀,၀၀၀မှ ၃,၁၄၇,၀၀၀ သို့ကျပြီး ကျပ် ၃,၂၄၁,၀၀၀သို့ ဈေးပြောင်းသွားသည်။ ထို့အပြင် မန္တလေးဈေးကွက်တွင်လည်း ပဲစင်းငုံဈေးကအပြောင်းအလဲရှိနေသည်။ ယခုရက်သတ္တပတ်တွင် ပဲစင်း ငုံ(နီ)သစ် တစ်တန် ကျပ် ၃,၁၁၀,၀၀၀ ကျော်မှ ၃,၁၃၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။
မျှော်လင့်ချက်ဖြင့်ပြောင်းဈေးအနည်းငယ်တက်
အခွန်သက်သာခွင့်ဖြင့် ထိုင်းနိုင်ငံမှ ပြောင်းစတင်၀ယ်ယူသည့်ကာလကို ရောက်ရှိလာချိန် ပြည်တွင်းပြောင်းဈေးအနည်းငယ်တက်လာသည်။
ပြည်တွင်းဈေးကွက်တွင် အရောင်းအ၀ယ်လည်း တိုးလာနေသည်။ ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပြောင်းဈေးက ပြည်ပရောင်းချသည့် FOBဈေး ငြိမ်နေသော်လည်း ပြည်တွင်းဈေး အနည်းငယ်အ ပြောင်းအလဲရှိနေသည်။
ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပြောင်းတစ်ပိဿာ ကျပ် ၁,၄၆၀ - ၁,၄၈၀မှ ၁,၄၈၀ - ၁,၄၉၀သို့ဈေးပြောင်းလဲသွားသည်။ ပြည်ပသို့ ရောင်းချသည့် ပြောင်း FOBဈေးက တစ်တန်ဒေါ်လာ ၂၄၀/၂၅၀ ဖြင့်ဈေးငြိမ်နေသည်။
မန္တလေးဈေးကွက်တွင်လည်း ပြောင်းကအမျိုးအစားအလိုက် ဈေးနှုန်းအပြောင်းအလဲများရှိနေသည်။ ပြောင်း (CP )သစ် တစ်တန် ကျပ် ၈၆၁,၀၀၀ကျော် ဖြင့်ဈေးငြိမ်နေသော်လည်း ရှမ်းပြောင်းကတစ်တန် ကျပ် ၈၄၄,၀၀၀ကျော်မှ ၈၃၉,၀၀၀ ကျော်သို့ဈေးပြောင်းသွားသည်။

မြေပဲဈေးတက်
ဆီထွက်သီးနှံအမျိုးအစားဖြစ်သော မြေပဲက ယခုရက်သတ္တပတ်တွင် လုံးဆန်နှင့်ဆီဆန် နှစ်မျိုးစလုံးဈေးမြင့်တက်လာသည်။ ပြည်ပရောင်းချသည့် မြေပဲလုံးဆန်(FOB)ဈေးငြိမ်နေသည်။
ရန်ကုန်ဈေးကွက်တွင် ပြည်ပရောင်းချသည့် မြေပဲ FOBဈေးက တစ်တန် ဒေါ်လာ ၁,၅၂၅/ ၁,၅၃၅ဖြင့် ဈေးငြိမ်နေသည်။ မန္တလေးဈေးကွက်တွင် မြေပဲပြည်တွင်းဈေးက အမျိုးအစားအလိုက် မြေပဲ (လုံးဆံနှင့် ဆီဆံ)တစ်တန် အမြင့်ဆုံး ကျပ် ၄၀၀,၀၀၀ ကျော်အထိဈေးတက်လသည်။ မြေပဲ(S1)လုံးဆံတစ်တန် အမြင့်ဆုံးဈေး ကျပ် ၅,၈၇၀,၀၀၀ကျော်မှ ကျပ်သိန်း၆၀ ကျော်၊ အနီ(လုံးဆံ)တစ်တန် ကျပ် ၅,၃၂၀,၀၀၀ကျော်မှ ၅,၄၅၀,၀၀၀ ကျော်၊ ပြန့် (လုံးဆံ)တစ်တန် ကျပ် ၅,၅၁၀,၀၀၀ ကျော် မှ ၅,၉၄၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။
မြေပဲ(ဆီဆံ)ကလည်း S1(ဆီဆံတစ်တန် အမြင့်ဆုံးကျပ် ၅,၃၈၀, ၀၀၀ကျော်မှ ၅,၅၁၀,၀၀၀ ကျော်၊ အနီ(ဆီဆံ) တစ်တန် ကျပ် သိန်း၅၀ ကျော်မှ ၅၂ သိန်းကျော်၊ ပြန့် (ဆီဆံ) တစ်တန် ကျပ် ၅,၃၈၀,၀၀၀ ကျော်မှ ၅,၈၁၀,၀၀၀ ကျော်သို့ဈေးပြောင်းသွားသည်။
အမျိုးအစားအလိုက်နှမ်းဈေးတက်
ဆီထွက်သီးနှံ နှမ်းကလည်း ယခုရက်သတ္တပတ်တွင် အမျိုးအစားအ လိုက် ပြည်တွင်းဈေးသာမက ပြည်ပဈေးပါလိုက်ပါ မြင့်တက်လာသည်။
တရုတ်နိုင်ငံက အဓိက၀ယ်ယူသည့် နှမ်းနက်(စမုံ)က ဈေးငြိမ်နေသော်လည်း နှမ်းညိုနှင့် နှမ်းဖြူ ပြည်ပရောင်းချသည့် FOBဈေးမြင့်တက်လာသည်။
ရန်ကုန်ဈေးကွက်တွင် နှမ်းနက်(စမုံ)၏ FOBဈေးက တစ်တန် ဒေါ်လာ၂,၆၃၅/၂,၆၄၅ဖြင့် ဈေးငြိမ်သော်လည်း နှမ်းဖြူက တစ်တန် ဒေါ်လာ၂၀ နှမ်းညို တစ်တန် ဒေါ်လာ ၅၀ဈေးတက်သည်။ နှမ်းဖြူတစ်တန် FOB ဈေး ဒေါ်လာ ၁,၁၅၅/၁,၁၆၅မှ ၁,၁၇၅/၁,၁၈၅သို့ဈေးပြောင်းပြီး နှမ်းညို တစ်တန် ဒေါ်လာ ၁,၀၃၀/ ၁,၀၄၀မှ ၁,၀၈၀/၁,၀၉၀သို့ဈေးပြောင်းသွားသည်။
မန္တလေးဈေးကွက် ပြည်တွင်းနှမ်းဈေးက နှမ်းနက်(စမုံ)တစ်တန် ကျပ် ၁၀၂သိန်းကျော်၊ နှမ်းညို(သစ်) တစ်တန် ကျပ် ၄,၂၁၀,၀၀၀ကျော်ဖြင့်ဈေးငြိမ်နေပြီး နှမ်းဖြူ(ဂျပန်) တစ်တန် ကျပ် ၂၀၀,၀၀၀ ကျော်ဈေးမြင့်သွားသည်။ နှမ်းဖြူ(ဂျပန်) တစ်တန် ကျပ် ၄,၂၁၀,၀၀၀ ကျော်မှ ၄,၄၉၀,၀၀၀ကျော်သို့ ဈေးပြောင်းသွားသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
သီးနှံဈေးကွက်
Topic 2
ပြည်တွင်းသီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လားဗျ
ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026