ပြည်ပပို့ကုန်ပဲများ ဈေးတက်
လောင်စာဆီ အကျပ်အတည်းကြောင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတွင် ကုန်စည်ပို့ဆောင်စရိတ်များ မြင့်တက်လာသည်။ ထိုအခြေအနေကို အိန္ဒိယ၊ တရုတ်အပါအဝင် ပြည်ပနိုင်ငံများသို့ လယ်ယာပို့ကုန် တင်ပို့နေသည့် မြန်မာနိုင်ငံအနေဖြင့်လည်း ရင်ဆိုင်ကြုံတွေ့လာရသည်။
လက်ရှိ မြန်မာ့လယ်ယာပို့ကုန်များသည် ဝယ်ယူသည့်နိုင်ငံများ၏ ဝယ်လိုအားနှင့် ဈေးကွက်အခြေအနေပေါ် မူတည်၍ ပြည်တွင်းဈေး ပြောင်းလဲနေသည်။
မတ်ပဲပြည်တွင်းဈေး ပြန်တက်လာ
အိန္ဒိယနိုင်ငံမှ လာမည့် ၅ နှစ်အတွင်း မြန်မာနိုင်ငံမှ မတ်ပဲ ဆက်လက်ဝယ်ယူမည်ဆိုသည့် သတင်းကြောင့် မတ်ပဲဈေး ပြန်လည်မြင့်တက်လာစေသည်။ ရန်ကုန်ဈေးကွက်တွင် မတ်ပဲ ပြည်တွင်းဈေးသာမက ပြည်ပဈေးပါ မြင့်တက်လာသည်။
ပြည်ပရောင်းချသည့် မတ်ပဲ FOB (freight on board in shipping) ဈေးသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာ ဈေးမြင့်လာသည်။ ရန်ကုန်ဈေးကွက်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်၌ မတ်ပဲ (2025-26 crop) တစ်တန်လျှင် ဒေါ်လာ ၇၉၀/၈၀၀ မှ ၈၁၅/၈၂၅ သို့ ဈေးပြောင်းသွားသည်။
သို့သော် ယခုရက်သတ္တပတ်အတွင်း မတ်ပဲပြည်တွင်းဈေးမှာ မတ်လ ၁၈ ရက်အထိ တစ်တန်လျှင် ကျပ် ၉၀,၀၀၀ ကျော် ဈေးကျဆင်းပြီးနောက် မတ်လ ၁၉ ရက်တွင် အိန္ဒိယ၏ လာမည့် ၅ နှစ် ပဲဝယ်မည့်သတင်းကြောင့် ဈေးပြန်တက်လာသည်။
ပြည်တွင်းဈေးကွက်တွင် မတ်ပဲ (2025) FAQ တစ်တန် ကျပ် ၃,၁၁၉,၀၀၀ မှ ၃,၀၈၈,၀၀၀ သို့ ကျဆင်းပြီး ၃,၁၀၃,၀၀၀ သို့ ဈေးပြောင်းသွားသည်။ ထို့အပြင် မတ်ပဲ 2026 FAQ တစ်တန် ကျပ် ၃,၁၂၉,၀၀၀ မှ ၃,၀၉၃,၀၀၀ သို့ ဈေးကျပြီး ၃,၁၁၃,၀၀၀ သို့ ပြန်လည်မြင့်တက်လာသည်။ မတ်ပဲ 2025 SQ တစ်တန် ကျပ် ၃,၄၄၉,၀၀၀ မှ ၃,၄၁၈,၀၀၀ သို့ ဈေးပြောင်းပြီး ၃,၄၃၃,၀၀၀၊ မတ်ပဲ 2026 SQ တစ်တန် ကျပ် ၃,၄၅၉,၀၀၀ မှ ၃,၄၂၈,၀၀၀ သို့ ဈေးကျပြီး ၃,၄၄၃,၀၀၀ သို့ ဈေးပြောင်းသွားသည်။
မတ်ပဲသည် မြန်မာဈေးကွက်တွင် အပြောင်းအလဲရှိသော်လည်း အိန္ဒိယဈေးကွက်တွင် မတ်ပဲ CNF (cost and freight in shipping) ဈေးမှာ ငြိမ်နေသည်။ အိန္ဒိယဈေးကွက်တွင် မြန်မာမတ်ပဲ FAQ တစ်တန် ဒေါ်လာ ၈၇၀၊ မတ်ပဲ SQ တစ်တန် ဒေါ်လာ ၉၇၀ ဈေးဖွင့်ထားသည်။
ဈေးဆက်မာနေသည့် ပဲတီစိမ်း
တရုတ်နိုင်ငံ၏ ဝယ်လိုအား မျှော်လင့်ချက်ကြောင့် ပဲတီစိမ်းသည် ယခုရက်သတ္တပတ်တွင် ပြည်တွင်းဈေးသာမက ပြည်ပဈေးပါ ထပ်မံမြင့်တက်လာသည်။
ဆောင်းပဲတီစိမ်း ဈေးကွက်ဝင်ချိန် ဈေးမြင့်တက်မှုသည် စိုက်ပျိုးသူ တောင်သူလယ်သမားများအတွက် မျှော်လင့်ချက်ကောင်း တစ်ခုလည်း ဖြစ်နေသည်။ လက်ရှိ ပဲတီစိမ်းသည် နယ်မြို့များတွင် ပိဿာ ၂၀ လျှင် ကျပ် ၁၂၅,၀၀၀ အထိ ဈေးမြင့်တက်လာသည်။
ရန်ကုန်ဈေးကွက်တွင်လည်း ပဲတီစိမ်း ပြည်ပရောင်းချသည့် FOB ဈေးသည် တစ်တန်လျှင် ၁၀ ဒေါ်လာ ဈေးမြင့်သွားသည်။ ပဲတီစိမ်း (အညာ) FAQ တစ်တန် ဒေါ်လာ ၈၆၀/၈၇၀ မှ ၈၈၀/၈၉၀ သို့ ဈေးပြောင်းပြီးပဲတီစိမ်း (ရွှေဝါ) FAQ မှာ တစ်တန် ဒေါ်လာ ၉၆၀/၉၇၀ မှ ၉၇၀/၉၈၀ သို့ ဈေးပြောင်းသွားသည်။
ရန်ကုန်ဈေးကွက်တွင် ပဲတီစိမ်းပြည်တွင်းဈေးမှာ ပဲတီစိမ်း (အညာ) တစ်ပိဿာ ကျပ် ၅,၀၀၀/၅,၀၂၀ မှ ၅,၁၆၅/၅,၁၈၅၊ ပဲတီစိမ်း (ခရမ်းနှင့် ပဲခူး) ရွှေဝါတစ်ပိဿာ ကျပ် ၅,၈၃၀ မှ ၆,၀၀၀၊ ပဲတီစိမ်း (ဝါးခယ်မ) FAQ တစ်ပိဿာ ကျပ် ၅,၅၀၀/၅,၅၂၀ မှ ၅,၈၃၀/၅,၈၅၀ သို့ ဈေးပြောင်းသွားသည်။ မန္တလေးဈေးကွက်တွင် ပဲတီစိမ်း (အညာ) တစ်တန် ကျပ် ၃,၁၅၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။
ပဲပုပ်ဈေးတက်
ဆီထွက်သီးနှံတစ်မျိုးဖြစ်ပြီး ပြည်တွင်းဝယ်လိုအားကို အဓိကထားသည့် ပဲပုပ်သည် ယခုရက်သတ္တပတ်အတွင်း ဈေးတက်လာသည်။ ပြည်တွင်းလုပ်ငန်းသုံးရန် ဝယ်လိုအား ရှိနေသဖြင့် ပဲပုပ်သည် ရန်ကုန်ဈေးကွက်မှာသာမက မန္တလေးဈေးကွက်တွင်လည်း ဈေးမြင့်တက်လာခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် တစ်ပိဿာ ကျပ် ၇,၀၈၀/၇,၁၇၀ ဈေးဖွင့်သော ပဲပုပ် (မြစ်ဝကျွန်းပေါ်) ဆီတိုးသည် ယခုရက်သတ္တပတ်တွင် တစ်ပိဿာ ကျပ် ၇,၅၈၀/၇,၈၃၅ သို့ ဈေးပြောင်းသွားသည်။ ထို့အပြင် ပဲပုပ် (မြစ်ဝကျွန်းပေါ်) ထွက်တိုးမှာလည်း တစ်ပိဿာ ကျပ် ၇,၀၀၀/၇,၁၇၀ မှ ၇,၁၁၅/၇,၅၀၀ သို့ ဈေးပြောင်းသွားသည်။
မန္တလေးဈေးကွက်တွင်လည်း ပဲပုပ်ဈေး တစ်တန်လျှင် ကျပ် ၁၀၀,၀၀၀ ကျော် မြင့်တက်လာသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်တွင် တစ်တန် ကျပ် ၄,၁၄၀,၁၀၁ ဈေးဖွင့်သော ပဲပုပ် (ဗမာ) သည် ယခုရက်သတ္တပတ်တွင် တစ်တန် ကျပ် ၄,၂၅၅,၁၀၀ သို့ ဈေးပြောင်းသွားသည်။ ထို့အပြင် ပဲပုပ် (ရှမ်း) မှာလည်း တစ်တန် ကျပ် ၄,၄၈၅,၀၀၀ ကျော်မှ ၄,၆၀၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။
နှမ်းဈေးအပြောင်းအလဲ
ပြည်ပဈေးကွက်သို့ အဓိကတင်ပို့နေသော ဆီထွက်သီးနှံ နှမ်းသည် ယခုရက်သတ္တပတ်တွင် ပြည်ပဈေးကျသော်လည်း ပြည်တွင်းဈေး မြင့်တက်လာသည်။ တရုတ်အပါအဝင် ပြည်ပနိုင်ငံများမှ ဝယ်လိုအား မျှော်လင့်ချက် အနည်းငယ် အားနည်းလာသဖြင့် နှမ်းအမျိုးအစားအချို့၏ FOB ဈေး ကျလာခြင်းဖြစ်သည်။
ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် တရုတ်နိုင်ငံသို့ အဓိကထား တင်ပို့ရောင်းချနေသည့် နှမ်းနက် (စမုံ) ပြည်ပရောင်းချသည့် FOB ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၂၀ ဈေးကျသွားသည်။ နှမ်းနက် (စမုံ) တစ်တန် ဒေါ်လာ ၂,၆၇၅/၂,၆၈၅ မှ ၂,၆၅၅/၂,၆၆၅ သို့ ဈေးပြောင်းသွားသည်။ သို့သော် နှမ်းဖြူနှင့် နှမ်းညို၏ FOB ဈေးငြိမ်နေသည်။
မန္တလေးဈေးကွက်တွင် ပြည်တွင်းနှမ်းဈေးမှာ အမျိုးအစားအားလုံး မြင့်တက်လာသည်။ ယခုရက်သတ္တပတ်တွင် နှမ်းနက် (စမုံ) သည် တစ်တန်လျှင် ကျပ် ၅ သိန်းနီးပါး မြင့်တက်ပြီး ၉,၉၄၀,၀၀၀ ကျော်မှ ၁၀,၄၇၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။ ထို့အပြင် နှမ်းဖြူ (ဂျပန်) မှာလည်း တစ်တန် ကျပ် ၄,၉၆၀,၀၀၀ ကျော်မှ ၅၄ သိန်းကျော်၊ နှမ်းညို (သစ်) မှာ ကျပ် ၃,၇၄၀,၀၀၀ ကျော်မှ ၄,၈၉၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။
ကုလားပဲဈေးမာလာ
ပြည်တွင်းအဓိကစားသုံးသည့် ကုလားပဲဈေးသည်လည်း အပြောင်းအလဲများ ရှိနေသည်။ ရန်ကုန်ဈေးကွက်တွင် ပြည်တွင်း၊ ပြည်ပဈေး အနည်းငယ်ကျသော်လည်း မန္တလေးဈေးကွက်တွင် ဈေးတက်လာသည်။
စိုက်ပျိုးထုတ်လုပ်မှု အားနည်းသဖြင့် ဈေးကွက်အတွင်း ပဲသစ်အဝင် လျော့ကျသော်လည်း ပြည်တွင်းဝယ်လိုအား ပုံမှန်သာရှိနေသည်။ ကုလားပဲဖြူလုံးကြီး V2 တစ်မျိုးသာ ပြည်ပသို့တင်ပို့ပြီး ယခုရက်သတ္တပတ်တွင် FOB ဈေး ကျလာသည်။ ရန်ကုန်ဈေးကွက်တွင် ကုလားပဲဖြူလုံးကြီး V2 FAQ တစ်တန်၏ FOB ဈေးမှာ ဒေါ်လာ ၆၉၀/၇၀၀ မှ ၆၈၀/၆၉၀ သို့ ဈေးပြောင်းသွားသည်။
မန္တလေးဈေးကွက်တွင် ကုလားပဲ (ထိုင်ဝမ်) တစ်တန် ကျပ် ၂,၃၂၀,၀၀၀ ကျော်မှ ၂,၃၉၀,၀၀၀ ကျော်၊ ကုလားပဲ (929) တစ်တန် ၂,၃၈၀,၀၀၀ ကျော်မှ ၂,၄၄၀,၀၀၀ ကျော်၊ ကုလားဖြူ (V2) တစ်တန် ကျပ် ၂,၃၄၀,၀၀၀ ကျော်မှ ၂,၄၀၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ပြည်တွင်းသီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
အရွက်ကဘာဖြစ်လို့ဝါတာလဲ
ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....