တစ်ပတ်စာ သီးနှံဈေးကွက်သုံးသပ်ချက် (၂၁ - ၂၄.၁၀.၂၀၂၅)
မတ်ပဲ
မတ်ပဲက ယခုတစ်ပတ်မှာလည်း စျေးကွက်အေးပြီး တစ်တန်ကို ၁၀၀၀၀ ကျော်လောက် စျေးကျပါတယ်။ မတ်ပဲ FAQ က FOB စျေးပြန်တက်လာပေမယ့် ပြည်တွင်းစျေးကွက်ကတော့ ကျဆင်းနေဆဲဖြစ်ပါတယ်။ မတ်ပဲကို အိန္ဒိယနိုင်ငံက ဝယ်လိုအား နည်းနေတဲ့အတွက် ပြည်ပတင်ပို့မှုလျော့ကျပြီး အရောင်းအဝယ်အေးနေတာဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ အင်္ဂါနေ့က ၂၆၉၅၀၀၀၊ ဗုဒ္ဓဟူးနေ့မှာ ၂၇၀၀၀၀၀၊ ကြာသပတေးနေ့ မှာ ၂၇၁၀၀၀၀၊ သောကြာနေ့မှာ တော့၂၆၉၇၀၀၀ ကျပ်ရှိပါတယ်။
အရင်တပတ်က မတ်ပဲ FAQ တစ်တန်ကို ၂၆၇၉၀၀၀ မှ ၂၇၂၆၀၀၀ ကျပ်ရှိခဲ့ ပါတယ်။ FOB စျေးကတော့ တစ်တန်ကို အမေရိကန်ဒေါ်လာ ၇၁၀ မှ ၇၂၀ အထိရှိလာပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံကတော့ တစ်ပတ်တာလုံး တစ်တန်ကို ၂၆ သိန်းကျော်ဝန်းကျင်စျေးတန်း မှာရှိခဲ့ပါတယ်။အရင်အပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၄၀၀၀၀ ကျော်လောက်တက်လာတာတွေ့ရပါတယ်။
FOB စျေးကလည်း အရင်တစ်ပတ်ကထပ် အမေရိကန် ဒေါ်လာ ၆၃၀ မှ ၆၄၀ အတွင်းရှိရာကနေ အခုတစ်ပတ်မှာတော့ အမေရိကန်ဒေါ်လာ ၆၅၀ မှ ၆၆၀ အထိရှိ လာတာတွေ့ရ ပါတယ်။ ပဲစင်းငုံက ပြည်တွင်းမှာ လက်ကျန်နည်းနေပြီး ပြည်ပအဝယ်နဲ့ ပဲခွဲစက်တွေလည်း အဝယ် ရှိနေတာကြောင့် စျေးတန်းအတက်ပြလာနေတာဖြစ် ပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ အင်္ဂါနေ့က ၂၆၄၀၀၀၀၊ ဗုဒ္ဓဟူးနေ့မှာ ၂၆၆၇၀၀၀၊ ကြာသပတေးနေ့ မှာ ၂၆၉၀၀၀၀၊ သောကြာနေ့မှာ တော့ ၂၆၅၀၀၀၀ စျေးရှိပါတယ်။
ဆန်
ဆန်စျေးကွက်ကတော့ ပြည်ပကို ဆန်တင်ပို့မှု ပမာဏမြင့်နေပေမယ့်လည်း ပြည်တွင်းစျေးကွက်မှာ ဆန်ကိုဝယ်လိုအား အလွန်လျော့ကျလာနေတယ်လို့သိရပါတယ်။ ဝယ်လိုအားလျော့ကျတဲ့အပြင် စျေးနှုန်းကလည်း အကျမှာပဲရှိနေသေးတယ်လို့သိရပါတယ်။
ဆန်ကို လက်ကားဝယ်ယူမှုအလွန်နည်းသွားပြီး လက်လီသာ အရောင်းအဝယ် ရှိနေတာဖြစ်ပါတယ်။ လက်ရှိဆန်စျေးကွက်မှာက ရွှေဘိုပေါ်ဆန်း၊ ဧရာပဒေသာ၊ ဧရာဝတီပေါ်ဆန်း၊ ကောက်ညှင်းဆန် တွေသာစျေးမြင့်တက်နေပြီး ကျန်တဲ့ ပြည်ပတင်ပို့မှုရှိတဲ့ဆန်နဲ့ ပြည်တွင်းစားသုံးမှုရှိတဲ့ဆန်တွေက စျေးကွက်ကျနေတာဖြစ်တယ်လို့သိရပါတယ်။

မြေပဲ
ပြည်တွင်း ကုန်စည်ဒိုင်တွေကို မိုးမြေပဲအသစ်တွေ ဒေသအစုံကနေ ဝင်ရောက်မှုရှိနေပေမယ့်လည်း မြေပဲစျေးကအတက်ဘက်ကို လှုပ်လာတယ်လို့သိရပါတယ်။ မိုးလွတ်မြေပဲ အရည်အသွေးကောင်းတွေက စျေးကောင်းရနေပြီး အရည်အသွေးနိမ့်ကုန်ပစ္စည်းကတော့ စျေးနည်းတယ်လို့သိရပါတယ်။
မန္တလေးကုန်စည်ဒိုင်မှာ S1 ဆံဖြူတစ်ပိဿာကို ကျောက်ပန်းတောင်းဒေသထွက် တစ်ပိဿာကို ၇၉၀၀ မှ ၈၀၀၀ ကျပ်ရှိပြီး နွားထိုးကြီးဒေသထွက် မြေပဲဆံကတော့ တစ်ပိဿာကို ၈၁၀၀ မှ ၈၂၅၀ ကျပ်နဲ့ မြင်းမူ မြေပဲဆံက ၈၃၀၀ မှ ၈၄၀၀ ကျပ်ရှိနေပါတယ်။
S1ဆီဆံကို ၇၂၀၀ မှ ၇၅၀၀ ကျပ်၊ ၇၆၀၀ မှ ၇၇၀၀ ကျပ်နဲ့ စျေးတန်းနှစ်မျိုးဖွင့်ထားပြီး အနီလုံးဆံကတော့ ၇၈၀၀ ကျပ်မှ ၈၃၀၀ ကျပ်ရှိတယ်လို့သိရပါတယ်။
ပြောင်း
ပြောင်းဆံကတော့ အခုတစ်ပတ်မှာ မန္တလေးစျေးကွက်မှာ အတက်ပြပြီး ရန်ကုန်စျေးကွက်မှာ စျေးထပ်ကျတာတွေ့ရပါတယ်။ အရည်အသွေးကောင်းတဲ့ပြောင်း အခြောက်တွေက ဝယ်လိုအားရှိပြီး စျေးအတက်ပြတာဖြစ်တယ်လို့သိရပါတယ်။ ပြောင်းဆံကိုပြည်တွင်းကုန်သည်တွေ၊ ပို့ကုန်သမားတွေ၊ အစာစပ်စက်ရုံတွေကဝယ်ယူမှုရှိနေပါတယ်။
ထိုင်းကိုအခွန်ကင်းလွတ်ခွင့်နဲ့ ပြောင်းဆံတင်ပို့ခွင့် ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် ပြောင်းဆံပြည်ပတင်ပို့မှုကတော့ လျော့ကျနေပါတယ်။
မန္တလေးကုန်စည်စျေးကွက်မှာ ပြောင်း ( ရှမ်း)နဲ့ ပြောင်း ( CP) က တစ်အိတ်ကို ၇၄၀၀၀ မှ ၇၅၀၀၀ ကျပ်နဲ့ အရင်တစ်ပတ်ကထက် ၁၀၀၀ ကျပ်အတက်ပြ ပါတယ်။ ပြောင်း ( ဗမာ) ကတော့စျေးတန်းဖွင့်ထားခြင်းမရှိပါဘူး။
ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာက ပြောင်းတစ်ပိဿာကို ၁၄၄၀ ကျပ်မှ ၁၄၆၀ ကျပ်စျေးရှိ ပါတယ်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
မင်းဧရာစပါးအစေ့ကအညိုရောင်လေးတွေဖြစ်ပြီးအပိန်လေးတွေဖြစ်နေလို့ဆရာ
Zaw Than Oo • ဖြေကြားချက် 0 ခု
ပိုးလားမှိုလားခင်ဗျ ပိုးဆေးကအာဘာမက်တင် ပရိုဖီနိုဖော့ဖြန်းထားပါတယ်ခင်ဗျမှိုဆေးကတော့ကော့ပါး +ကာဇူကာမိုင်ဇင်သုံးထားပါတယ် အမိုင်နိုပါတဲ့အားဆေးကိုပိုးဆေးးနဲ့တွဲပြီးဖြန်းထားပါတယ်ခင်ဗျ အဆင်ပြေမဲ့ဆေးနဲ့လိုအပ်ချက်တွေညွန်းပေးပါအုံးခင်ဗျ
ခင်ဇော်ဝင်း • ဖြေကြားချက် 1 ခု
မြေပဲခင်း ရက်40သားရပီ ဘာဆေးဖြန်းပေးရမလည်းဆရာတို့
Win Min • ဖြေကြားချက် 0 ခု
trichoderma အသုံးပြုနည်း သိပါရစေဆရာတို့ လူးနယ်ဆေး မြေခံထည့် ရွတ်ဖြန်း တို့ပြုလုပ်ရာမှာ သုံးရမယ့် ထရိုင်ကိုဒါးမားအမှုန့် ပမာဏကို တိတိကျကျ မသိဘူး ဖြစ်နေလို့ပါ
Khing Hein • ဖြေကြားချက် 0 ခု
ဧရာပဒေသာ၆၃ရက်သားအပေါ်အရွက်၃ရွက်အောက်ကအရွက်ရင့်တွေပုံပါအတိုင်းဖြစ်နေလို့ရောဂါလားအဟာရတောင်းတာလားခဗျပိုးတော့ရှင်းပါတယ်ခဗျာ
kyaw zin • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
More from AMIA
အားလုံး
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
အသားဈေးရဲ့ ၂ ဆ နီးပါးဖြစ်နေတဲ့ ငါးခြောက်ဈေးကွက်
08/09/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၃၁.၈ -၄.၉.၂၀၂၆)
05/09/2026
စက်တင်ဘာလအစတွင် မတ်ပဲဈေးများ ဆက်တိုက်ကျဆင်းလာ
03/09/2026