သခွားစိုက်ပျိုးချိန်ရောက်ရှိနေသော်လည်း ဈေးကွက်ချင့်ချိန်စိုက်ပျိုးနေရ
သခွားစိုက်ပျိုးချိန်သို့ ရောက်ရှိနေသော်လည်း တောင်သူများမှာ ဈေးကွက်ချင့်ချိန် စိုက်ပျိုးနေရကြောင်း သိရသည်။
စိုက်ဖို့ပျိုးဖို့ဟာကို ကိုဗစ်ကြောင့်စဉ်းစားနေရတယ်။ သခွားသီးစိုက်မလို့ အစတုန်းက မြေပြင်ထားတာ။ အခုတော့ စဉ်းစားနေရတယ်လေ။ စိုက်ဖို့စဉ်းစားနေရတာက ကိုဗစ်ကာလဖြစ်နေတော့ ပုံမှန်လို ဈေးကွက်မကောင်းမှာကို စိုးရိမ်မိလို့ပါ။ ကျွန်တော်တို့ဆီက သခွားသီးတွေက မင်းဘူး၊ မကွေးတို့ကိုတင်ပို့ပြီး၊ အဲ့ဒီကနေမှတစ်ဆင့် ရခိုင်ပြည်နယ်ကို တင်ပို့ရတာကြောင့်ပါ။ တို့စားတဲ့ သခွားသီးကို ပြောတာပါ။
ဟု မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှ တောင်သူ ကိုဟန်ဇော်သက်က ပြောသည်။
ကာလတိုဖြင့် ဝင်ငွေပြန်လည်ရရှိနိုင်သည့် သခွားသီးစိုက်ပျိုးရေးမှာ တွက်ချေကိုက်သဖြင့် ခရမ်းချဉ်၊ ခရမ်းသီး စသည့် စားဖိုချောင်သီးနှံစိုက်ပျိုးသည့် တောင်သူများမှာ တွဲဖက်စိုက်ပျိုးလေ့ရှိကြသည်။
ပုံမှန်အတိုင်းဆိုရင်တော့ သခွားက ဈေးကွက်တစ်လုံး ၄၀ ကျပ် နဲ့ ၇၀ ကျပ် ကြား ဈေးရှိတယ်။ စိုက်ပြီး နှစ်လသားလောက်ဆို ခူးလို့ရတယ်။ စိုက်ပျိုးချိန်အစအဆုံးမှာ တစ်ပင်ကိုပျမ်းမျှ ၁၅ လုံးခူးလို့ရရင် စိုက်ပျိုးသင့်တယ်လေ။ ကုန်ကျစရိတ်က နည်းပညာတွေကွာတော့ ကုန်တာချင်းမတူဘူး။ ဟင်းသီးဟင်းရွက်စိုက်တဲ့တောင်သူဆိုတော့ သီးနှံစုံအောင် သခွားကိုလည်း စိုက်တာပါ။ သခွားနဲ့ခရမ်းချဉ် အမြဲစိုက်တယ်။ သခွားက ကာလတိုနဲ့ ငွေရတယ်။ မပျိုးဘဲ တိုက်ရိုက်စိုက်လို့လည်း ရတယ်။
ဟု ကိုဟန်ဇော်သက်က ဆက်လက်ပြောသည်။
သခွားစိုက်ပျိုးရာတွင် တစ်ဧကလျှင် အပင်ရေ ၉,၀၀၀ မှ ၁၀,၀၀ဝ ကြားဝင်ဆန့်ပြီး၊ ရေပေးနိုင်ပါက နှစ်ပတ်လည်စိုက်ပျိုးနိုင်ကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အောင်မြင့်မြတ်
လွန်ခဲ့သော ၄ နှစ် ကဆောင်းရာသီမှာ ဘယ်မျိုးကိုစိုက်ပျိုးသင့်သလဲကူညီပေးပါဦး ခုမှစစိုက်တာမလို့ပါ အစ်ကို
ဆက်စပ်မေးခွန်းများ
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
အရွက်ကဘာဖြစ်လို့ဝါတာလဲ
ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022