ဈေးကွက်ခိုင်မာမှုရှိသည့်ဝဥပင်ကို တောင်သူများတိုးချဲ့စိုက်ပျိုးလာကြ
အခြားသီးနှံများ ဈေးကွက်ထိခိုက်မှု ကြုံတွေ့နေရသော်လည်း ဈေးကွက်ခိုင်မာမှုရှိနေသည့် ဝဥသီးနှံကို တိုးချဲ့စိုက်ပျိုးလာကြကြောင်း မကွေးတိုင်းဒေသကြီးရှိ တောင်သူများထံမှသိရသည်။
သီးနှံဈေးကွက်တွေ ကျဆင်းနေပေမယ့် ဝဥကတော်သေးတယ်။ ဒါ့ကြောင့်မို့ တိုးချဲ့စိုက်တာပါ။ ဝဥအပြင် ကြားထဲမှာ ကော်ဖီပင်တွေပါကြားညှပ်စိုက်တယ်။ မနှစ်က ဝဥသုံးဧကစိုက်ထားပြီး အခုထပ်စိုက်ဖို့ ပြင်ဆင်နေပါတယ်။ ဦးလေးခြံကထွက်တဲ့ ဝဥတွေနဲ့ အနီးအနားပတ်ဝန်းကျင်ခြံတွေက ထွက်သမျှဝဥတွေကို မန္တလေးကကုန်သည်တွေကဝယ်တယ်။ ကာလပေါက်ဈေး၊ တစ်နိုင်ငံလုံးပေါက်ဈေးအတိုင်း ပေးဝယ်တယ်။ ဝဥတစ်ပိဿာအတွက် ကားခ ငါးဆယ်ကျပ်ပဲ လျှော့ပေးရတယ်။ သူ့ဘာသာ လာသယ်တာ။ ဝဥတူးပြီး ကုန်ကြမ်းအတိုင်းပဲရောင်းရုံပဲ။
ဟု မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ လောင်းရှည်ကျေးရွာမှ ဝဥပင်နှင့် ကော်ဖီပင် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နေသူ ဦးကျော်ကိုကိုက ပြောသည်။
ဝဥပင်များ တိုးချဲ့စိုက်ပျိုးရန် ၂၀၂၁ ခုနှစ် ဇွန်၊ ဇူလိုင်လများတွင် ပျိုးထောင်ထားပြီး၊ ၂၀၂၂ ခုနှစ် ဇွန်၊ ဇူလိုင်လဝန်းကျင်တွင် စတင်စိုက်ပျိုးမည်ဖြစ်ပြီး၊ ဒေသတစ်ခုနှင့်တစ်ခု ပျိုးထောင်ချိန်၊ စိုက်ပျိုးချိန်၊ နည်းစနစ်များ ကွာခြားမှုရှိနိုင်ကြောင်း သိရသည်။
မနှစ်ကစိုက်ပျိုးထားတဲ့ ဝဥခြံကဝဥတွေကို နိုဝင်ဘာ၊ ဒီဇင်ဘာလလောက်မှာ တူးရောင်းမှာပါ။ အခုပျိုးထောင်ထားတာတွေကိုတော့ ဇူလိုင်လလောက်မှာ စိုက်မှာ။ အရင်ကတော့ အခြောက်လှမ်းပြီးရောင်းတယ်။ အခုနောက်ပိုင်းတော့ လုပ်သားရှားပါးမှုကြောင့် ကုန်ကြမ်းကိုပဲ တူးရောင်းဖြစ်တော့တယ်။ ဦးလေးတို့ဆီကဝယ်ယူတဲ့ ဝဥကုန်ကြမ်းတွေကို အမှုန့်လုပ်ပြီးတော့ တရုတ်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ကိုရီးယားနိုင်ငံတွေကို တင်ပို့ရောင်းချကြတယ်လို့ ကြားသိရတယ်။
ဟု ဦးကျော်ကိုကိုက ဆက်လက်ပြောသည်။
ဝဥပင် စီးပွားဖြစ်စိုက်ပျိုးလျှင် ဖူးတံစေ့မှ စိုက်ပျိုးပါက တစ်ဧကကုန်ကျစရိတ် ကျပ်သိန်း (၃၀) ဝန်းကျင် ကုန်ကျနိုင်ပြီး၊ အသီးမှစိုက်ပျိုးပါက တစ်ဧကကုန်ကျစရိတ် ကျပ်သိန်း (၄၀) ဝန်းကျင် ကုန်ကျနိုင်ကြောင်း သိရသည်။
ကိုလင်းလင်း
လွန်ခဲ့သော ၅ နှစ် ကမြေသြဇာက ဘယ်လိုမြေသြဇာ သုံးပါသလဲ အပင်ကသေးနေလို့
ဦးဝင်းလွင်
လွန်ခဲ့သော ၅ နှစ် ကဖူးတံစေ့/ရွက်သီးများကို ပျိုးထောင်ပြီး(ပျိုးဘောင်တွင်တစ်နှစ်ထားပြီးမှ ရွေ့ပြောင်းစိုက်ပါသလား)
ဆက်စပ်မေးခွန်းများ
ချောင်းသာပေါ်ဆန်း ပျိုးပင်၅၅ရက်သား ရွက်ဖျားခြောက်နေလို့စိုက်ခင်းပြောင်းစိုက်ရန်ဖြစ်နိုင်ပါ့မလား ဆေးသုံးရင်လဲဘယ်လိုဆေးသင့်မလဲပြောပေးစေလိုပါတယ်ဓါတ်ပုံပို့ပေပါတယ်
U Myint Naing • ဖြေကြားချက် 2 ခု
မြေခံဓာတ်မြေသြဇာကို ကြဲစက်မဆွဲခင်ထည့်ရတာလား ကြဲစက်ဆွဲပီးမှထည့်ရတာလားဗျ
Aung Ko Zin • ဖြေကြားချက် 1 ခု
ခရမ်းပင် ဂျားထည်းမှာ တိုင်ထောင်ပဲ သီးညပ်ထည့်စိုက်လို့ရလားခရမ်းစိုက်ဘောင်အကြယ်ကတော့ ၃တောင် ပင်စင် ကတော့ ၂တောင်ချားထားပါတယ်
စိုးငြိမ်းထွန်း • ဖြေကြားချက် 1 ခု
ဝက်ဝယ်သူတွေမရှိတာဆိုးတယ်နော် ရှိတော့လည်း စျေးနှိမ်ကျတယ် တကယ်အစစ်အမှန်ကုန်သည်နဲ့တွေကျတယ် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် တိုက်စွန်းအောက်အင်းကျေးရွာ အောက်အင်းကျေးရွာကပါ ကူညီကြပါအုန်း အဆက်အသွယ်ကောင်းတွေနဲ့
Han Min Htut • ဖြေကြားချက် 0 ခု
မြေဆီလွားပျက်စီလို့ဘယ်လို့မျိုးလုပ်ရမလဲ
win kyaw kyaw • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၃၁.၈ -၄.၉.၂၀၂၆)
05/09/2026
စိုက်ပျိုးသုတ ...စက်တင်ဘာလ
04/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....