အစိမ်းရောင်လမ်း
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကွမ်းဈေးပြန်လည်မြင့်တက်လာ

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကွမ်းဈေးပြန်လည်မြင့်တက်လာ

 

    မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကွမ်းဈေးနှုန်းများ ပြန်လည်မြင့်တက်လာကြောင်း ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်နေသူများက ပြောသည်။

ကွမ်းနုဝါဈေးက အခုတော့ နည်းနည်းပြန်တက်လာပါတယ်။ ဟိုးရက်က တစ်ပိဿာ ၅၀၀ ကျပ်အထိ ဈေးကျဆင်းခဲ့တယ်။ ဈေးပြန်တက်လာတာကတော့ ဇူလိုင်လ ၂၁, ၂၂ ရက်လောက်ကပါ။

ဟု စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ ကွမ်းနုဝါ စီးပွားဖြစ်စိုက်ပျိုးသူ ဦးဝင်းနိုင်က ပြောသည်။

    လက်ရှိကွမ်းဈေးကွက်အတွင်း ကွမ်းအရည်အသွေးပေါ်မူတည်၍ ကွမ်းနုဝါတစ်ပိဿာလျှင် ၁၀၀၀, ၁၅၀၀, ၂၀၀၀ ကျပ်၊ ကွမ်းစိမ်း တစ်ပိဿာလျှင် ၅၀၀၀ ကျပ်မှ ၇၀၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်နေသည်။ 

မြန်မာပြည်အထက်ပိုင်းကွမ်းနဲ့ ဈေးမတူတာက ကုန်ချိန်ချင်း တအားကွာလို့ပါ။ ကျွန်တော်တို့ဒေသကကွမ်းက အပင်တစ်ထောင်စိုက်ရင် ကုန်ချိန်တစ်ဆယ်၊ ကုန်ချိန်တစ်ဆယ့်ငါးပိဿာ၊ အလွန်ဆုံးမှ ကုန်ချိန်ပိဿာနှစ်ဆယ်လောက်ပဲ ထွက်တယ်။ ကွမ်းဈေး အခုရက် ပြန်တက်လာတာက ဧရာဝတီမြစ်ရေတက်တော့ မြေနုကျွန်းတွေ ရေမြှုပ်ကုန်လို့ ကွမ်းနည်းနည်းရှားသွားလို့ပါ။

ဟု ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ စက်ကော့ကျေးရွာမှ ကွမ်းစိမ်းစိုက်ပျိုးသူ ကိုမင်းလွင်က ပြောသည်။

     မြန်မာနိုင်ငံတွင် ကွမ်းစိမ်းကို ဧရာဝတီတိုင်း ပန်းတနော်၊ ဖျာပုံ၊ ကျိုက်လတ်၊ ညောင်တုန်းနှင့် ငသိုင်းချောင်းဒေသများ၌ အဓိကစိုက်ပျိုးပြီး၊ ကွမ်းနုဝါကို စစ်ကိုင်းတိုင်း အရာတော်နယ်၊ မြင်းမူနယ်၊ ချောင်းဦးနယ်၊ မုံရွာနယ်၊ ရွှေဘိုနယ်၊ မန္တလေးတိုင်း ကျောက်ပန်းတောင်း၊ မြင်းခြံ စသည့်ဒေသများ၌ စိုက်ပျိုးထုတ်လုပ်နေသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

You
Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လား‌ဗျ

ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....