ပြည်ပဝယ်လက်များမှ ကြိုက်နှစ်သက်ခြင်းကြောင့် ပီနံငရုတ်သီးဈေးကောင်းရ
ပြည်ပဝယ်လက်များ၏ ကြိုက်နှစ်သက်မှုရှိခြင်းကြောင့် ပီနံငရုတ်သီးမျိုးများ ဈေးကောင်းရရှိနေခြင်းဖြစ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။
ငရုတ်သီးမျိုးတစ်ခုနဲ့တစ်ခု ဈေးမတူတာကတော့ နိုင်ငံခြားဝယ်လက်ရှိတာကြောင့်ရယ်၊ အထွက်နှုန်းနည်းတဲ့မျိုးဖြစ်တာကြောင့်ရယ် ပါပါတယ်။ ဒီငရုတ်သီးက ဈေးကောင်းရတာကတော့ မလေးရှားဘက်က အမှာများနေတာကြောင့်ပါ။ ငရုတ်သီးဝယ်တဲ့ မလေးရှားကဝယ်လက်တွေက ကြိုက်ကြလို့ပေါ့။ ပီနံငရုတ်သီးက တစ်ပိဿာကို သုံးထောင့်ငါးရာကျပ်ဝန်းကျင် ဈေးရှိနေတယ်။ အစိမ်းစျေးပါ။
ဟု မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ရွာခိုင်ကြီးကျေးရွာမှ ငရုတ်သီး စီးပွားဖြစ်စိုက်ပျိုးသူ ကိုမြင့်ထွန်းဦးက ပြောသည်။
ငရုတ်သီးမျိုးများအနက်က သာမို 11 ကို မလေးရှားနိုင်ငံဝယ်လက်များမှ ကြိုက်နှစ်သက်ကြပြီး၊ 692 ငရုတ်မျိုး၊ 777 ငရုတ်မျိုး၊ စတားဟော့၊ ဂိုးလ်စတား၊ ဆန်ရှိုင်း အစရှိသည့် ငရုတ်မျိုးများမှာလည်း ဈေးကွက်ကောင်းမွန်ကြောင်း မြန်မာ့ငရုတ်ဈေးကွက်နှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။
ဝယ်လက်ရှိပေမယ့် သိပ်မစိုက်ဖြစ်တာက ပီနံသီးဆိုတာ တခြားငရုတ်သီးမျိုးတွေထက် အသီးပုံစံတိုတော့ ခူးရတာလက်ဝင်တယ်။ ဒါ့ကြောင့် အလုပ်သမားစရိတ်လည်း ပိုကုန်တယ်။ အထွက်နှုန်းကျတော့လည်း တခြားငရုတ်သီးတွေနဲ့ယှဉ်ရင် ကွာခြားမှုရှိတယ်။ သူက အရွယ်အစားသေး၊ အလေးချိန်ပေါ့တဲ့အတွက် တခြားငရုတ်သီးက ပိဿာချိန် သုံးပိဿာရတယ်ဆိုမှ သူက တစ်ပိဿာခွဲလောက် အလေးချိန်ရတာလေ။ ဒါ့ကြောင့် ကျွန်တော်တို့ဒေသဘက်မှာ စိုက်တဲ့သူနည်းတယ်။ ကျွန်တော်တို့ဘက်က 692 မျိုးကို စိုက်ကြတာများပါတယ်။
ဟု ကိုမြင့်ထွန်းဦးက ဆက်လက်ပြောသည်။
တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ကိုရီးယားနိုင်ငံများသို့ ငရုတ်သီးအစိမ်း/အမှည့်အစို/ငရုတ်ခြောက် (၃)မျိုးလုံး တင်ပို့ရောင်းချနေရာ ဝယ်လက်ကြိုက်နှစ်သက် မှာယူမှုများအပေါ် မူတည်၍ ဈေးနှုန်းရရှိမှု ကွာခြားခြင်းဖြစ်ကြောင်း သိရသည်။
Aung Kyaw Zaw
လွန်ခဲ့သော ၃ နှစ် ကငရုတ်ကိုဘယ်ရာသီမှာစိုက်သင့်ပါသလဲဗျာ။
aung koko
လွန်ခဲ့သော ၃ နှစ် ကငရုတ် က ဘယ်အ ချိန်စိုက်ရတာလဲ
ဆက်စပ်မေးခွန်းများ
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
အရွက်ကဘာဖြစ်လို့ဝါတာလဲ
ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022