အစိမ်းရောင်လမ်း
သင်္ဘောသီးဈေးကွက်ဝယ်လိုအား ကောင်းမွန်နေသော်လည်း ကုန်တင်ပို့ရာတွင် အခက်အခဲရှိနေ

သင်္ဘောသီးဈေးကွက်ဝယ်လိုအား ကောင်းမွန်နေသော်လည်း ကုန်တင်ပို့ရာတွင် အခက်အခဲရှိနေ

    သင်္ဘောသီးဈေးကွက်ဝယ်လိုအား ကောင်းမွန်နေသော်လည်း ကုန်တင်ပို့ရာတွင် အခက်အခဲရှိနေကြောင်း သင်္ဘောပင်စီးပွားဖြစ်စိုက်ပျိုးသည့် တောင်သူများက ပြောသည်။

အခုလတ်တလောမှာ စျေးကွက်ကတော့ ဖြစ်ထွန်းနေပါတယ်။ ရောင်းတာတော့ ခြံကထွက်သမျှ သင်္ဘောသီးအကုန်လုံးကို ရောင်းနေရတယ်။ ကုန်ကားတွေက ရက်ပတ်နဲ့ထွက်နေတာဆိုတော့ တင်ပို့ရောင်းချရတာသာ အဆင်မပြေဖြစ်နေကြတာပါ။ Express ကားတွေကလည်း မထွက်တော့လေ။

ဟု မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ ပြင်စာရွာမှ သင်္ဘောပင် စီးပွားဖြစ်စိုက်ပျိုးသူ ကိုထက်နိုင်ထွန်း က ပြောသည်။

    ယခင်အခါက ခရီးသည်တင်ကားများ၊ ကုန်တင်ကုန်ပို့ကားများမှာ နေ့စဉ်ထွက်ရှိပြီး၊ အချိန်ကာလမရွေး တင်ပို့ရောင်းချနိုင်ခဲ့သော်လည်း၊ ယခုအခါ ရန်ကုန်သို့ တစ်ပတ်လျှင် (၃) ကြိမ်ခန့်သာ ကားများထွက်သဖြင့် အခက်ကြုံနေရကြောင်း သိရသည်။

ကားခစျေးက မတက်ပါဘူး။ ကားချိန်းရတာက အဆင်မပြေတာပါ။ ထွက်တဲ့ကားတွေကရှိပေမယ့်လည်း အဲ့ဒီကားတွေကျတော့လည်း ရန်ကုန်ကို ၂ ရက်လောက်မှ တစ်ခါထွက်တာ ဖြစ်နေတယ်။ အခုအချိန်မှာက အဓိက ဝယ်လက်၊ ဈေးကွက်ဆိုတာကလည်း ရန်ကုန်တစ်ခုတည်းကို အားထားရောင်းနေကြရတာပါ။ တစ်ခြားနယ်တွေကတော့ ကားတွေလုံးဝကို မထွက်သေးတာပါ။

ဟု ၎င်းက ဆက်လက်ပြောသည်။

    လက်ရှိဈေးကွက်အတွင်း၌ သင်္ဘောသီး 1.5 kg တစ်လုံးလျှင် (၄၀၀) ကျပ်၊ သင်္ဘောသီး ပယ်သီး (၂) တင်းဝင် ပီနံအိတ်တစ်ပိုင်းလျှင် ၇,၀၀၀ ကျပ် ဈေးနှုန်းများဖြင့် လက်ကား ရောင်းဝယ်ဖောက်ကားနေကြသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လား‌ဗျ

ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....