အစိမ်းရောင်လမ်း
ကင်စွန်းဝါးဈေးကွက် ကောင်းမွန်နေသည့်အတွက် မျိုးပင်ထုတ်လုပ်ရောင်းချမှုများပြားလာ

ကင်စွန်းဝါးဈေးကွက် ကောင်းမွန်နေသည့်အတွက် မျိုးပင်ထုတ်လုပ်ရောင်းချမှုများပြားလာ

    ကင်စွန်းဝါးဈေးကွက် ကောင်းမွန်နေသည့်အတွက် မျိုးပင်(ပျိုးပင်) ထုတ်လုပ်ရောင်းချမှု များပြားလာကြောင်း စီးပွားဖြစ် ဝါးစိုက်ပျိုးသူများထံမှ သိရသည်။

ကင်စွန်းဝါးက မျှစ်ချိုးရောင်းလို့လည်းရတယ်။ ဝါးအဖြစ်နဲ့ ခုတ်ရောင်းလို့လည်း ရတယ်။ ဈေးကွက်ကောင်းမွန်တဲ့အတွက် စိုက်ပျိုးသူများလာတာကြောင့် အခုနောက်ပိုင်းမှာ မျိုးပင်ထုတ်လုပ်ရောင်းချရတာပိုများတယ်။ သူ့ရဲ့ မျှစ်အရသာကလည်း တော်တော်လေးချိုတယ်၊ အရသာကောင်းမွန်တယ်။ ကင်စွန်းဝါးကထွက်တဲ့မျှစ်က ဈေးကောင်းရတာကြောင့် စိုက်ပျိုးဖို့သင့်တော်တဲ့ ဝါးတစ်မျိုးဖြစ်ပါတယ်။ ကင်စွန်းဝါးကထွက်တဲ့ မျှစ်တစ်ပိဿာကို ကျပ်သုံးထောင်ကနေ ကျပ်ငါးထောင်အတွင်း ပေါက်ဈေးရှိနေပါတယ်။

ဟု ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်မှ ဝါးစီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နေသူ မစုမွန်ကပြောသည်။

    သီးနှံအများစု ဈေးကွက်ထိခိုက်မှု ဖြစ်ပေါ်နေပြီး၊ မြေဆီ/မြေဩဇာနှင့် သွင်းအားစုစရိတ်များ မြင့်တက်နေချိန်ဖြစ်သဖြင့် ဈေးကွက်အာမခံချက်ရှိပြီး သဘာဝအတိုင်းစိုက်ပျိုးထုတ်လုပ်နိုင်သည့် ဝါးစိုက်ပျိုးရေးကို လူအများက စိတ်ပါဝင်စားလာကြခြင်းဖြစ်သည်။

ဝါးစိုက်ပျိုးတာက စိုက်ပျိုးပြုစုရတာလည်း မခက်ခဲဘူး။ ပထမတစ်နှစ်လောက်ပဲ သေချာဂရုစိုက်ပေးရတာ၊ နောက်ပိုင်းမှာတော့ တအားကြီး ဂရုစိုက်စောင့်ရှောက်နေရတာမျိုးမရှိပါဘူး။ မြေပြုပြင် ကျင်းတူးပြီး စတင်စိုက်ပျိုးတဲ့အချိန်တုန်းက နွားချေးဆွေးနဲ့ စပါးခွံ စတာတွေ ထည့်သွင်းစိုက်ပျိုးပေးခဲ့တာကလွဲလို့ နောက်ပိုင်းမှာ ဘာမြေဆီ/မြေဩဇာကိုမှ ထပ်မသုံးလည်း ဖြစ်ထွန်းပါတယ်။ ပိုးသတ်ဆေး၊ မှိုသတ်ဆေးလည်း မသုံးပေးရတဲ့အတွက် စိုက်ပျိုးကုန်ကျစရိတ်က သိပ်မများပါဘူး။

ဟု မစုမွန်က ဆက်လက်ပြောသည်။

    ဝါးစိုက်ပျိုးရာတွင် ဇွန်၊ ဇူလိုင်လတို့၌ စတင်စိုက်ပျိုးလေ့ရှိပြီး၊ တစ်နှစ်ပတ်လည်လုံး မျှစ်ထုတ်ယူမည့် ဝါးခြံမျိုးဖြစ်ပါက မိုးရွာသွန်းမှုမရှိသည့်ကာလမျိုးတွင် ရေပေးသွင်းရန်လိုအပ်ကြောင်း သိရသည်။

    ကင်စွန်းဝါး မျိုးပင်(ပျိုးပင်) ၃ လသားအရွယ် တစ်ပင်လျှင် လက်ကားဈေးနှုန်း(၁၅၀၀)ကျပ်၊ လက်လီဈေးနှုန်း (၂၀၀၀)ကျပ်မှ (၂၅၀၀)ကျပ် ဈေးနှုန်းများဖြင့် ထုတ်လုပ်ရောင်းချနေကြောင်း သိရသည်။

Wai Wai

Wai Wai

လွန်ခဲ့သော ၁ နှစ် က

မျိုးစေ့ကော ဝယ်လို့ရလားရှင်. ရောင်းတဲ့နေရာ သိချင်လို့ပါရှင်. ကျေးဇူးပါ.

ဦးကျော်သောင်း

ဦးကျော်သောင်း

လွန်ခဲ့သော ၄ နှစ် က

မျိုးဝယ်ယူရရှိနိုင်မယ့်နေရာပြောပြပေးပါလား

You

ဆက်စပ်မေးခွန်းများ

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

အရွက်ကဘာဖြစ်လို့ဝါတာလဲ

ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....