အစိမ်းရောင်လမ်း
အထွက်နှုန်းနည်းလို့ ပဲကြီးဈေးနှုန်းမြင့်တက်လာ

အထွက်နှုန်းနည်းလို့ ပဲကြီးဈေးနှုန်းမြင့်တက်လာ

AMIA
AMIA 20/02/2026

စိုက်ပျိုးရေးလုပ်ကိုင်ရန် အခက်အခဲရှိခြင်းက ပြည်တွင်းအဓိကစားသုံးသည့် ပဲကြီးဈေးကို မြင့်တက်လာစေသည်ဟု ကုန်သည်အချို့က ပြောကြားသည်။

တောင်သူများ စိုက်ပျိုးထုတ်လုပ်ပြီး ပြည်ပဈေးကွက်သို့ တင်ပို့နေသည့် မတ်ပဲနှင့် ပဲစင်းငုံတို့မှာ ယခုနှစ်တွင် ဈေးအနည်းငယ် မာလာချိန်၌ ပြည်တွင်း အဓိကစားသုံးသည့် ပဲကြီးမှာ နယ်ဈေးကွက်တွင် ဈေးနှုန်းနှစ်ဆခန့် မြင့်တက်လာသည်ဟု ကုန်သည်အချို့က ဆိုသည်။

မြန်မာနိုင်ငံအလယ်ပိုင်းတွင် ပဲကြီးစိုက်ပျိုးနိုင်မှု လျော့နည်းခြင်းနှင့် စိုက်ပျိုးထားသည့် ပဲများ အထွက်နှုန်း အားနည်းခြင်းတို့က ဈေးကွက်အတွင်း ပဲကြီးဈေး မြင့်တက်ရန် တွန်းအားတစ်ခု ဖြစ်လာခဲ့သည်။

"စိုက်ပျိုးထုတ်လုပ်နိုင်တဲ့ အင်အားနည်းတော့ ပစ္စည်းရှားပါးပြီး ဈေးမာလာတဲ့ သဘောပါပဲ" ဟု မကွေးတိုင်းမှ ပဲကုန်သည်တစ်ဦးက ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်းမှ စိုက်ပျိုးထားသည့် ပဲကြီးအသစ်များ ဈေးကွက်အတွင်း ဝင်ရောက်နေသော်လည်း ပမာဏ နည်းပါးနေသည့်အတွက် ဈေးနှုန်းအပေါ် သိသာစွာ ပြောင်းလဲနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ရှင်းပြသည်။

ပဲကြီးအသစ်ပေါ်ချိန်တွင် နယ်ဈေးကွက်၌ တစ်တင်းလျှင် ကျပ် ၈၀,၀၀၀ ဝန်းကျင်ဖြင့် ဈေးဖွင့်ခဲ့သော်လည်း လက်ရှိအချိန်တွင် တစ်တင်းလျှင် ကျပ် ၁၆၀,၀၀၀ အထိ ဈေးနှုန်း မြင့်တက်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပဲကြီးကို ပြည်တွင်း၌ အဓိက စားသုံးကြသလို အိန္ဒိယကဲ့သို့ ပြည်ပနိုင်ငံများသို့လည်း တင်ပို့လျက်ရှိသည်။ လက်ရှိ ပြည်တွင်းဈေးကွက်တွင် ပဲကြီးမှာ အမြင့်ဈေး၌ အနည်းငယ် ငြိမ်နေကြောင်း သိရသည်။ 

ရန်ကုန်ဈေးကွက်တွင် ပဲကြီး FOB ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၂၀၅ မှ ၁,၂၁၅ အတွင်း ဈေးဖွင့်ထားသည်။ ရန်ကုန် ပြည်တွင်းဈေးကွက်၌ ပဲကြီး တစ်ပိဿာလျှင် ကျပ် ၁၀,၄၄၀ မှ ၁၀,၈၃၅ ဝန်းကျင် ဈေးပေါက်နေသည်။

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးဈေးကွက်တွင် ပဲကြီး အမျိုးအစားတစ်မျိုးသာ ဈေးဖွင့်ထားပြီး ပဲကြီး (သေး) တစ်တန်လျှင် ကျပ် ၄,၈၄၀,၀၀၀ ကျော်ဖြင့် ဈေးဖွင့်ထားကြောင်း သိရသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

1
Ye Min

Ye Min

လွန်ခဲ့သော ၁ လ က

ပဲကြီးစိုက်ပျိုးချိန်သိချင်ပါတယ်

You

ဆက်စပ်မေးခွန်းများ

ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လား‌ဗျ

ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....