အစိမ်းရောင်လမ်း
ငှက်ပျောခြံလုပ်ငန်း စီးပွားဖြစ်လုပ်ကိုင်သူများ လုပ်သားရှားပါးမှုပြဿနာ ကြုံတွေ့နေရ

ငှက်ပျောခြံလုပ်ငန်း စီးပွားဖြစ်လုပ်ကိုင်သူများ လုပ်သားရှားပါးမှုပြဿနာ ကြုံတွေ့နေရ

     ငှက်ပျောခြံစီးပွားဖြစ်လုပ်ကိုင်သူများ လုပ်သားရှားပါးမှုပြဿနာ ကြုံတွေ့နေရကြောင်း ပဲခူးတိုင်းဒေသကြီးရှိ ရော်ဘာနှင့်ကြားသီးနှံအမျိုးမျိုး သီးညှပ်စိုက်ပျိုးနေသူများထံမှ သိရသည်။ 

ဒီဒေသတဝိုက်မှာ ငှက်ပျောကို စီးပွားဖြစ်စိုက်ပျိုးသူ နည်းပါးတဲ့အတွက် သီးမွှေးငှက်ပျောသီးရဲ့လက်လီဈေးကွက်အခြေအနေက မဆိုးပါဘူး။ လောလောဆယ်မှာ အခက်အခဲက ဘာဖြစ်နေသလဲဆိုတော့ ကျွမ်းကျင်လုပ်သား ပြဿနာတက်နေပါတယ်။ ငှက်ပျောခြံ စီးပွားဖြစ်စိုက်ပျိုးသူတွေအတွက် ငှက်ပျော သားတက်ထိုး၊ သားတက်ကိုင် ကျွမ်းကျင်တဲ့ လုပ်သားတွေ လိုအပ်နေပါတယ်။ ဧရာဝတီတိုင်းဘက်က ကျွမ်းကျင်လုပ်သားမျိုးတွေ ဒီဘက်မှာလည်း ရနိုင်မယ်ဆိုရင် ပဲခူးတိုင်းရဲ့ ငှက်ပျောသီး တင်ပို့ရောင်းချမှုဈေးကွက်က ပိုပြီးတော့ အားကောင်းလာမှာပါ။

ဟု ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်ရှိ ကြယ်စင်စိုက်ပျိုးရေးခြံ အမှတ်(၁)နှင့်အမှတ်(၂) တို့၏ စီမံအုပ်ချုပ်သူ ဦးခင်မောင်သက်က ပြောသည်။ 

    ပဲခူးတိုင်းဒေသကြီးအတွင်း ငှက်ပျောခြံ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သူ အရေအတွက် အလွန်နည်းပါးသည့်အတွက် ဈေးကွက်ဝယ်လိုအား များပြားနေသည့် ငှက်ပျာခြံလုပ်ငန်းကို တိုးချဲ့လုပ်ကိုင်လိုကြသော်လည်း ဒေသတွင်း ငှက်ပျောစိုက်ပျိုးရေးကျွမ်းကျင်လုပ်သားများ ရှားပါးနေခြင်းဖြစ်သည်။ 

ပဲခူးတိုင်းက ရော်ဘာခြံလုပ်ငန်းလုပ်သူတွေအနေနဲ့ ရော်ဘာကနေ ဝင်ငွေရလာဖို့ ခြောက်နှစ်၊ ခုနှစ်နှစ်လောက် အချိန်ပေးစောင့်ဆိုင်းရတဲ့အတွက် ကြားထဲမှာ ကြားသီးနှံလေးတွေ ညှပ်စိုက်လိုက်တော့ စိုက်ပျိုးစရိတ်အတွက် ကာမိသွားပါတယ်။ အပိုဝင်ငွေရသွားတာပေါ့နော်။ မိုးဦးကျချိန်ဆိုရင် ရော်ဘာခြံထဲမှာ ရော်ဘာပင်ကြားထဲ ပြောင်းဖူးပင်တွေ သီးညှပ်စိုက်တယ်။ ပြောင်းဖူးစိုက်တာကတော့ နှစ်လခွဲလောက်ကြာတယ်။ အဲ့ဒိအတွက်လည်း အပိုဝင်ငွေရပါတယ်။ ပြောင်းဖူးစိုက်ပြီးတဲ့အခါ သီးမွှေးငှက်ပျောတွေကိုပါ စီးပွားဖြစ်တိုးချဲ့စိုက်တယ်။ သီးမွှေးငှက်ပျောက ဈေးကွက်လိုလားမှု များပြားတယ်။ ဒါပေမယ့်လည်း ကျွမ်းကျင်လုပ်သားတွေ ရရှိမှုအပိုင်းမှာ အားနည်းနေပါတယ်။ ငှက်ပျောပင်တွေကို ရော်ဘာပင်တွေကြားထဲ သီးညှပ်စိုက်ပျိုးမှုက လုပ်ကွက်ငယ်ရော်ဘာခြံ စိုက်ပျိုးထုတ်လုပ်သူတွေအတွက် ရော်ဘာအစေးမခြစ်ခင်မှာ အပိုဝင်ငွေရရှိစေတဲ့ လုပ်ငန်းတစ်ခုပါ။

ဟု ဦးခင်မောင်သက်က ပြောသည်။

    ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်အတွင်း စိုက်ပျိုးထွက်ရှိသည့် သီးမွှေးခွံဝါ ငှက်ပျောသီးများကို ပဲခူးမြို့၊ ရွှေကျင်မြို့၊ ညောင်လေးပင်မြို့များသို့ တင်ပို့ရောင်းချနေပြီး၊ သီးမွှေးခွံဝါ ငှက်ပျောသီးတစ်ဖီးလျှင် လက်လီဈေး (၂၀၀၀)ကျပ်ဖြင့် ရောင်းဝယ်ဖောက်ကားနေကြောင်း သိရသည်။

 

2
မောင်ဝေကိုကို

မောင်ဝေကိုကို

လွန်ခဲ့သော ၂ နှစ် က

ငှက်ပျောသီး မျိုးဝယ်ချင်လို့phပေးပါလား

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၃ နှစ် က

ငှက်ပျောမြေဆီကျွေးနည်း

You
Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လား‌ဗျ

ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....