အစိမ်းရောင်လမ်း
ကိုဗစ်-၁၉ ပထမလှိုင်းကာလမှစတင်၍ ပြောင်းသတ်ပင်/ပြောင်းသေပင်ဈေးကွက် စတင်ဖြစ်ထွန်းနေ

ကိုဗစ်-၁၉ ပထမလှိုင်းကာလမှစတင်၍ ပြောင်းသတ်ပင်/ပြောင်းသေပင်ဈေးကွက် စတင်ဖြစ်ထွန်းနေ

    ကိုဗစ်-၁၉ ပထမလှိုင်းကာလမှစတင်၍ ပြောင်းသတ်ပင်/ပြောင်းသေပင် အရောင်းအဝယ်ဈေးကွက် စတင်ဖြစ်ထွန်းနေကြောင်း မန္တလေးတိုင်းဒေသကြီးရှိ တောင်သူများထံမှ သိရသည်။

အခုလဆို ပြောင်းခင်းထဲ ပြောင်းသတ်ပင်တွေ ပေါပေါများများပေါက်နေပြီ။ စပေါက်တာတော့ ပြောင်းပင်နဲ့အတူတူပေါက်တာ မဟုတ်ဘူး။ ပြောင်းဖူးပင်တွေ အရင်ပေါက်ပြီးမှ အဲ့ဒီအပင်လေးတွေက ပေါက်လာကြတာ။ အခုချိန်ဝယ်တယ်ဆို အပင်အစိုရော အခြောက်ပါရနိုင်တယ်။ ဘာလုပ်ဖို့ လာဝယ်နေတာလည်းတော့ မသိရဘူး။ ကျွန်တော်တို့ရွာမှာက နွားကျွေးဖို့ ပြောင်းဖူးပင်တွေစိုက်ကြတယ်။ ပြောင်းဖူးပင်တွေ နည်းနည်းကြီးလာတာနဲ့ ပြောင်းသတ်ပင်တွေက ပေါက်လာကြတယ်။ နှုတ်ပြီး အစိုအတိုင်းဖြစ်ဖြစ်၊ နေလှမ်းပြီးဖြစ်ဖြစ် ရောင်းလို့ရတယ်။

ဟု မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ နဘဲပင်ကျေးရွာမှ တောင်သူ ဦးကိုကိုနိုင်က ပြောသည်။

    ပြောင်းသတ်ပင်/ပြောင်းသေပင် အစို တစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ အခြောက် တစ်ပိဿာလျှင် (၂၀၀၀)ကျပ်မှ (၃၀၀၀)ကျပ်အတွင်း ဈေးနှုန်းများဖြင့် ဝယ်ယူနေကြောင်း သိရသည်။ 

ပထမ ကိုဗစ်ကာလကနေစပြီး ဈေးကွက်စရှိလာတာပဲ။ အခုဆိုရင် တစ်နှစ်ခွဲ၊ နှစ်နှစ်ကျော်လောက်တော့ ဈေးကွက်ရှိနေပြီ။ အရင်နှစ်ကထက်စာရင် အခုနှစ်မှာ ဈေးနှိမ်ဝယ်နေကြတယ်။ အရင်နှစ်က အစိုတစ်ပိဿာကို ထောင့်သုံးရာကျပ်ဈေးရခဲ့တယ်။ အခုတော့ တစ်ထောင်ကျပ်နဲ့ ဈေးဖွင့်ဝယ်နေကြတယ်။ ကျွန်တော်တို့နယ်ကနေ လာဝယ်ဝယ်ပြီးတော့ ဘယ်ကိုသွားပြန်ပို့လဲတော့ မသိဘူး။ စစ်ကိုင်းနဲ့ မန္တလေးတစ်ဝိုက်ကပဲ လာဝယ်နေကြတာပဲ။

ဟု ၎င်းက ဆက်လက်ပြောသည်။

    ပြောင်းသတ်ပင်များ ပေါက်ရောက်မှု အားကောင်း/ကြီးလာသည်နှင့်အမျှ ပြောင်းပင်၏ ပြောင်းဖူးအထွက်နှုန်းကို ထိခိုက်စေနိုင်ပြီး၊ ပြောင်းပင်သေသည်အထိ ဖြစ်တတ်သဖြင့် ပြောင်းသတ်ပင်ရောင်းချခြင်းသည် တောင်သူများအတွက် အကျိုးရှိသည့် အရောင်းအဝယ်တစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

1
yuzanawin

yuzanawin

လွန်ခဲ့သော ၄ နှစ် က

ဘာအတွက်အသုံးဝင်တာလဲ

You

ဆက်စပ်မေးခွန်းများ

ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လား‌ဗျ

ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....