အစိမ်းရောင်လမ်း
သရက်သီးမှည့်များ စပေါ်ချိန် ပြည်တွင်း၌ ဈေးကောင်းမရ

သရက်သီးမှည့်များ စပေါ်ချိန် ပြည်တွင်း၌ ဈေးကောင်းမရ

AMIA
AMIA 01/05/2026

ပြည်တွင်းဈေးကွက်အတွင်း သရက်သီးမှည့်များ စတင်ပေါ်ထွက်နေသော်လည်း ဈေးကွက်အခြေအနေမှာ အမြင့်ဆုံးဈေးအနေဖြင့် တစ်လုံးလျှင် ၁,၅၀၀ ကျပ်မှ ၂,၀၀၀ ကျပ်ဝန်းကျင်သာ ရှိကြောင်း သရက်သီးရောင်းချသူများထံမှ သိရသည်။

လက်ရှိတွင် သရက်သီးပြည်ပတင်ပို့မှု အခြေအနေမကောင်းသည့်အတွက် ပြည်တွင်းဈေးကွက်၌သာ အဓိကအားထား ရောင်းချနေရခြင်းဖြစ်သည်။ ထိုသို့ ရောင်းလိုအားများပြီး ဝယ်လိုအားနည်းနေသည့်အတွက် အရင်နှစ်များနှင့် ယှဉ်ပါက ဈေးနှုန်းနည်းပါးနေသည့် သဘောရှိကြောင်း သိရသည်။ 

ယခင်နှစ်များက သရက်သီးမှည့်များ စတင်ပေါ်ချိန်တွင် ဈေးကွက်၌ တစ်လုံးလျှင် ကျပ် ၄,၀၀၀ ခန့်အထိ ရောင်းချခဲ့ရခြင်းဖြစ်သည်။

"အခုက သရက်သီးတစ်လုံးကို ၂,၀၀၀ အောက်ဈေးအထိ ကျကုန်ပြီ။ နေရာဒေသအလိုက်တော့ ကွာတာပေါ့။ တစ်လုံး ၅၀၀ ကျပ်နဲ့တောင် အခုက ဈေးမှာ ဝယ်လို့ရတယ်။ အရင်ဆို ခုချိန် ဘယ်ရမလဲ၊ ဈေးကြီးလို့ မစားနိုင်ဘူး။ ၅၀၀ ဆိုတာ တစ်လုံးချင်း ရွေးပြီး လက်လီဝယ်ရတဲ့ဈေးနော်။ အလုံးအရေအတွက်များရင် ၃၀၀၊ ၄၀၀ နဲ့တောင် ရတယ်" ဟု သရက်သီးရောင်းချသူ ဒေါ်မျိုးက ပြောကြားသည်။

လက်ရှိဈေးကွက်အတွင်း သရက်သီးအမျိုးအစားအလိုက် ၅၀၀ ကျပ်၊ ၇၀၀ ကျပ်၊ ၈၀၀ ကျပ်မှစ၍ ၁,၅၀၀ ကျပ်ဝန်းကျင်အထိသာ ဈေးတန်းရှိနေပြီး ဝယ်လိုအား နည်းပါးနေကြောင်း သိရသည်။

 ပြည်တွင်း၌ အဓိကစားသုံးမှုများသည့် သရက်သီးများမှာ စိန်တစ်လုံး၊ မြကျောက်၊ ရင်ကွဲနှင့် သုံးလုံးတစ်တောင် သရက်သီးအမျိုးအစားများ ဖြစ်ကြသည်။

လတ်တလောတွင် စိန်တစ်လုံးနှင့် မြကျောက်သရက်သီးအမှည့်များ ဈေးကွက်ထဲသို့ စတင်ဝင်ရောက်နေပြီဖြစ်သော်လည်း ရင်ကွဲသရက်မှာမူ အမှည့်ရရှိမှု အလွန်နည်းပါးနေသေးကြောင်း သိရသည်။ 

"စိန်တစ်လုံးက မွှေးတော့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေမှာ အဓိကသုံးကြတယ်။ ပြည်ပကလည်း ကြိုက်တယ်။ ပြည်တွင်းမှာတော့ မြကျောက်ကို ပိုကြိုက်ကြပြီး ဈေးကွက်ရှိတယ်။ ရင်ကွဲသီးကတော့ ကျေးလက်ဒေသတွေမှာ အရောင်းအဝယ်ဖြစ်တာများပြီး ဈေးအနည်းဆုံးကတော့ ရင်ကွဲသီးပါပဲ" ဟု သရက်ခြံပိုင်ရှင် ဒေါ်မြက ဆိုသည်။

သရက်သီးမှည့်ဈေးကွက် ကျဆင်းနေသော်လည်း သရက်ပြင်ဈေးမှာမူ ယခင်နှစ်ထက် ပိုမိုမြင့်တက်လာပြီး တစ်ပိဿာလျှင် ကျပ် ၃၀,၀၀၀ ခန့်အထိ ဈေးပေါက်နေကြောင်း သိရသည်။ 

သရက်ပင်သည် နှစ်ရှည်သီးနှံပင်ဖြစ်သည့်အတွက် ခြံပိုင်ရှင်များအနေဖြင့် နှစ်စဉ်သရက်သီးရာသီချိန်ရောက်တိုင်း အတိုင်းအတာတစ်ခုအထိ ဝင်ငွေရရှိနေကြခြင်း ဖြစ်ပါသည်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

koko

koko

လွန်ခဲ့သော ၃ လ က

မဂ်လာပါ

koko

koko

လွန်ခဲ့သော ၃ လ က

ယခုတင်ပြ

koko

koko

လွန်ခဲ့သော ၃ လ က

လိုအပ်ချက်များတင်ပြချင်တယ်

You

ဆက်စပ်မေးခွန်းများ

ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လား‌ဗျ

ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....