မြန်မာ့မတ်ပဲ လတ်တလော ဈေးမကျနိုင်..ပဲတီစိမ်းကတော့ ဈေးတက်နိုင်ခြေ မရှိသေး
ဒီတစ်ပတ် ဈေးကွက်အတွင်းမှာတော့ မတ်ပဲ၊ ပဲစင်းငုံနီဈေးတွေ ပြန်မြင့်တက်လာခဲ့သလို ကုလားပဲဈေးတွေလည်း ပြန်မြင့်တက်လာခဲ့ပါတယ်။ ပြောင်းဈေး ကျဆင်းနေရာမှ အနည်းငယ်ပြန်လှုပ်ခတ်လာခဲ့ပြီး ပဲကြီးဈေး၊ စားတော်ပဲဈေး၊ ထောပတ်ပဲဈေးနဲ့ အခြား ပဲမျိုးစုံတို့က ဈေးကွက်ထဲ အသစ်တွေ အဝင်ရှိနေတာကြောင့် ဈေးတွေ ကျဆင်းနေပါတယ်။
မတ်ပဲ
မတ်ပဲက ဒီတစ်ပတ်မှာ ဈေးပြန်မြင့်တက်လာပါတယ်။ ပြီးခဲ့တဲ့အပတ်က အိန္ဒိယဘက်မှာ မတ်ပဲဈေးတွေ ကျဆင်းခဲ့ပေမယ့် ပဲရှားတဲ့ အနေအထားကြောင့် ယာယီလောက်သာဖြစ်ခဲ့ပြီး ဈေးပြန်မြင့် တက်လာခဲ့တာပါ။
ဒါ့အပြင် ဈေးကွက်အတွင်း ငွေလဲနှုန်းဈေးလည်း အနည်းငယ်ဈေးပြန်မြင့်တက်လာခဲ့သလို ပဲဈေးအကျမှာ အရောင်းအဝယ် ပြန်ထိန်းလာတာတွေကြောင့်လည်း ဈေးက ပြန်မြင့်တက်လာခဲ့တာလို့ကုန်သည် အချို့က ဆိုပါတယ်။
လက်ရှိမှာ အိန္ဒိယနိုင်ငံကလည်း ပဲဈေးတွေ မြင့်တက်တာနဲ့ပတ်သတ်ပြီး ထိန်းချုပ်တာတွေ ပြုလုပ်သွားမယ်လို့ ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ခဲ့ပေမယ့် အိန္ဒိယနိုင်ငံရဲ့ပဲ လိုအပ်ချက်နဲ့ အထွက်နှုန်း ကျဆင်းတာတွေကြောင့် မြန်မာ့မတ်ပဲက လတ်တလောကာလအတွင်း အကျသိပ်မရှိနိုင်ပါဘူး။
ဒါပေမယ့် ဒီနှစ်က မတ်ပဲအထွက်နှုန်း ကောင်းမယ်လို့ ခန့်မှန်းတာတွေကြောင့် ရေရှည်ကတော့ စောင့်ကြည့်ရမယ့် အခြေအနေဖြစ်ပါတယ်။
- ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၀၆၁၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၈၀၀၀၀ လောက်ဈေးပြန်မြင့်တက်လာခဲ့ပါတယ်။ (SQ/RC)ကတော့ တစ်တန်ကို ၃၂၉၀၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၁၂၅၀၀၀ ကျပ် ဈေး မြင့်တက်လာပါတယ်။မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၄၉၃၀ မှ ၄၉၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၈၅ ကျပ်ဈေး မြင့်တက်လာပါတယ်။
- မန္တလေးဈေးကွက်မှာလည်း သုံးတင်းဝင် တစ်အိတ်ကို ၂၈၀၀၀၀ မှ ၂၈၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၂၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။
- နယ်ဈေးကွက်တွေမှာလည်း တစ်တင်းကို ၄၀၀၀ ကနေ ၆၀၀၀ကြားဈေးပြန်မြင့်တက်လာပါတယ်။
ပြီးခဲ့တဲ့၂၀၂၃ ခုနှစ် ကာလတူ အခြေအနေနဲ့ နှိုင်းယှဉ်ရင်တော့ မတ်ပဲက တစ်တန်ကို ငွေကျပ် ၁၂ သိန်းနီးပါးဈေးမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ပဲစဥ်းငုံနီ
ပဲစင်းငုံနီကလည်း ဒီတစ်ပတ်မှာ ဈေးပြန်မြင့်တက်လာပြီး တစ်တန်ကို ကျပ်သိန်း ၄၀ နားထိ ပြန်လည်ရောက်ရှိလာပါတယ်။ ပြည်တွင်း ပို့ကုန်မူဝါဒအချို့ကြောင့် ဈေးပြန်ကျဆင်းခဲ့ပေမယ့် ပြည်တွင်းငွေလဲနှုန်းဈေးအနည်းငယ်ပြန်မြင့်တက်လာတာ ရေရှည်အိန္ဒိယပဲ လိုအပ်ချက်တွေအပြင် အကျဈေးကြောင့် ထိန်းရောင်း ထိန်းဝယ်တာတွေ ရှိခဲ့တဲ့အတွက် ဈေးက ပြန်ပြီး မြင့်တက်လာတာလို့လည်း သိရပါတယ်။
ဒါ့အပြင် အိန္ဒိယနိုင်ငံတွင်းမှာလည်း ပဲစင်းငုံဈေးကွက်အတွင်း ဝင်ရောက်တာနဲ့ စားသုံးမှု ပမာဏာ ကွာခြားချက်ရှိနေတာဖြစ်လို့ ပဲစင်းငုံနီကတော့ ဆက်ပြီး တက်နိုင်ဦးမယ်လို့ အိန္ဒိယဈေးကွက် လေ့လာသုံးသပ်သူတွေကလည်း ခန့်မှန်းထားကြပါတယ်။ အိန္ဒိယကတော့ ပဲ ဈေးတွေ မြင့်တက်လာတဲ့အတွက်ကြောင့် မူဝါဒပြောင်းလဲပြီး ဈေးသတ်မှတ်တာတွေ လုပ်ဖို့စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် မကြာခဏ အပြောင်းအလဲ လုပ်တက်တဲ့ အိန္ဒိယမူဝါဒတွေကိုလည်း စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၃၉၅၇၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်ကထက် တစ်တန်ကို ၂ သိန်းခွဲကျော် ဈေးပြန်မြင့်တက်လာပါတယ်။
အလားတူ မန္တလေးစျေးကွက်မှာလည်း ပဲစဥ်းငုံနီ တစ်အိတ်ကို ၃၇၀၀၀၀ ကနေ ၃၈၀၀၀၀ ကျပ် စျေးပေါက်ပြီး တစ်အိတ်ကို ၃၀၀၀၀ လောက်ဈေးပြန်မြင့်တက်လာပါတယ်။
ပဲစင်းငုံနီကလည်း ပြီးခဲ့တဲ့ နှစ် ကာလတူ အခြေအနေနဲ့ နှိုင်းယှဉ်ရင် တစ်တန်ကို သိန်း ၂၀ နီးပါးဈေးမြင့်တက်လာခဲ့ပါတယ်။
ပဲတီစိမ်းစျေးကွက်
ပဲတီစိမ်းကတော့ ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာတော့ နယ်ဈေးကွက်တွေမှာပါ ဈေးကျဆင်းလာပါ တယ်။ ဈေးကွက်အတွင်း တရုတ်ဝယ်ယူမှုလည်း လျော့လာသလို ဈေးကွက်ထဲ အသစ်တွေ အဝင်ရှိနေတာ ဖြစ်ပြီး ပဲမျိုးစုံ ဈေးကျဆင်းနေတာဖြစ်လို့ဈေးက ဆက်တိုက် ကျဆင်းနေတာ ဖြစ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။
ပဲတီစိမ်းကတော့ ဆက်ပြီး ဈေးကျဆင်းနိုင်ချေရှိတယ်လို့ ခန့်မှန်းထားကြပြီး ခန့်မှန်းထားတဲ့အတိုင်း ဈေးကွက်ထဲ ကျဆင်းနေတာ ဖြစ်လို့ လက်တလောကာလ အတွင်းမှာတော့ ဈေးကတက်နိုင်ချေ မရှိသေးပါဘူး။
ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင် မှာ ပဲတီစိမ်း ခရမ်းရွေဝါ တစ်ပိဿာကို ၄၀၃၀ ကျပ် ရှိပြီး တစ်ပိဿာကို ၂၂၀ ကျပ် ၊ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၃၉၁၅ ကျပ် ရှိပြီး တစ်ပိဿာကို ၈၅ ကျပ် ဈေးကျဆင်းပြီး ပဲတီစိမ်း ဝါးခယ်မက တစ်ပိဿာကို ၃၁၆၅ မှ ၃၄၂၀ ကျပ် ရှိကာ ဈေးငြိမ်ပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ) ပိဿာ ၅၆.၂၅ တစ်အိတ်ကို ၁၇၀၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၁၅၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။
AMIA သတင်းဈေးကွက် အေဂျင်စီ၏ ဖော်ပြချက်အတိုင်း ပြန်လည်ဖော်ပြခြင်းဖြစ်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
နန်း၀င်းဦး
လွန်ခဲ့သော ၂ နှစ် ကငရုတ်ဈေးအေြခနေလေးသိရင်ေြပာ ြပပေးပါအုန်း
နေခြည်လင်း
လွန်ခဲ့သော ၂ နှစ် ကငါးမွေးမြူရေး
ဆက်စပ်မေးခွန်းများ
အဲ့ရာဘာဖစ်တာလည်း
Ah Sai Shesoi • ဖြေကြားချက် 0 ခု
ဆရာ၊ဆရာမတိုခင်ဗျား ကောက်ရိုးမှိုပျိုးနည်း အသေးစိတ်သိချင်ပါတယ်ခင်ဗျာ။နေပြည်တော်ကပါ မှိုမျိုးစေ့ဘယ်မှာဝယ်လို့ရလဲခင် ချင်ဗျ။ဘယ်ရာသီဖြစ်ဖြစ် မှိုပျိုးလိုရ/မရသိချင်ပါတယ်ခင်ဗျ။မှိုပျိုးချင်သူအား လုပ်ဆောင်နိုင်အောင် အသေးစိတ် ပြောကြားပေးစေချင်ပါတယ်။
ဦးမောင်ကို • ဖြေကြားချက် 1 ခု
စိုက်ပျိုးရေးနဲ့မသက်ဆိုင်ပေမဲ့ ဗဟုသုတအနေနဲ့မေးချင်ပါတယ် ဒီနှစ်ဟာဝါထပ်တာလူတိုင်းသိပြီးဖြစ်ပါတယ် ဒီနေ့ စက်တင်ဘာ10ရက်နေ့ဟာ မြန်မာလ ဝါခေါင်လဆုတ်13ရက်ဖြစ်ပါတယ် အရင်နှစ်(2025)ဟာ ဝါမထပ်သောကြောင့် စက်တင်ဘာ 10ရက်(ဒီကနေ့) ဟာ တော်သလင်းလဆုတ်4ရက်ဖြစ်နေပါတယ် ထိုအရာမှာ ဒီနှစ်တော်သလင်းလဟာ အရင်နှစ် တော်သလင်းလထက် နောက်ကျ ကျန်နေပါတယ် ထို့ကြောင့် ဒီလကို တော်သလင်းလလို့ သတ်မှတ်လို့ရပါသလား ဘယ်လိုတေအမှန်ယူရမလဲ ရှင်းပြပေးပါဦးဆရာခင်ဗျ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
ရွှေပန်းပင်ကိုတူးပြီး စိုက်ခင်းထဲမရောက်ခင် အပင်အရိပ်အောက်မှာတစ်လလောက်ထားလို့ရပါသလားခင်ဗျာ ပြီးလျှင်စိုက်ဘောင်ထဲကိုဘာတွေထည့်ထားသင့်သလဲသိပါရစေ
ဦးခိုင်မင်းဇော် • ဖြေကြားချက် 1 ခု
ဆားခါးက သီးနှံတွေအတွက် ဘယ်လိုအကျိုးကျေးဇူးရှိတယ်ဆိုတာ ဗဟုသုတအနေနဲ့သိထားချင်ပါသဖြင့် ဆရာတို့ကျေးဇူးပြု၍ ဖြေကြားပေခဲ့ပါအုံးခဗျာ။
ကိုငြိမ်းဦး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
More from AMIA
အားလုံး
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
အသားဈေးရဲ့ ၂ ဆ နီးပါးဖြစ်နေတဲ့ ငါးခြောက်ဈေးကွက်
08/09/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၃၁.၈ -၄.၉.၂၀၂၆)
05/09/2026
စက်တင်ဘာလအစတွင် မတ်ပဲဈေးများ ဆက်တိုက်ကျဆင်းလာ
03/09/2026
ကြက်ခြံဖမ်းဈေးသာကျပြီး အသားရောင်းဈေးမကျလို့ မွေးမြူသူများအခက်ကြုံနေ
02/09/2026