ပြီးခဲ့တဲ့အပတ်အတွင်း တစ်တန်ကို ၄၀၀၀၀ ကျော်လောက်ဈေးတက်လာတဲ့ မတ်ပဲအပါအဝင် တစ်ပတ်စာဈေးကွက်သုံးသပ်ချက်
ကုလားပဲ
ကုန်စည်ဒိုင်တွေကို ကုလားပဲ(လုံးဖြူကြီး)က အသစ်ဝင်ရောက် မှုရှိခြင်း၊ ပဲခွဲစက်နဲ့ ပဲကြော်၊ လှော်လုပ်ငန်းသမားတွေ အဝယ်ပုံမှန်ရှိခြင်းကြောင့် မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာ တစ်အိတ်ကို ၂၃၀၀၀၀ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။
ကုလားပဲ(လုံးဝါကြီး)ကတော့ ပဲခွဲစက်သမားအဝယ်နည်းတာကြောင့် တစ်အိတ် ၂၃၀၀၀၀ကျပ်ဈေးပေါက်ရာကနေ ၂၂၀၀၀၀ ကျပ် ဈေး ကျလာပါတယ်။
ကုလားပဲခွဲခြမ်းကတော့ အလှူပွဲတွေ နည်းပါးခြင်းကြောင့် အရောင်းအဝယ် အေးပြီး အရင်အပတ်ကအတိုင်း ၁ ပိဿာ ၆၀၀၀ ကျပ်နဲ့ ဈေးငြိမ် နေပါတယ်။
ပဲပုပ်
ဒီတစ်ပတ်မှာ ပဲပုပ် ဈေးတန်းအေးနေပါတယ်။
ပဲပုပ်(မြန်မာ)ကလက်ရှိမှာ ကုန်စည်ဒိုင်တွေကို ဆောင်းပဲအသစ်တွေ အဝင်နည်းခြင်း၊ လုပ်ငန်းသမားသာအဝယ်ပုံမှန်ရှိတဲ့အတွက် အရည်အသွေးပေါ်လိုက်ပြီး ဈေးအနိမ့်အမြင့်ရှိနေပါတယ်။
ပဲပုပ်(ရှမ်း)ကတော့ ဈေးကွက်အတွင်း ပဲအသစ်မဝင်သေးခြင်း၊ ဆီစက်သမားအဝယ်နည်းခြင်း၊ လက်ကျန်နည်းခြင်းကြောင့် ဈေးတန်းအတက်အကျ မကြမ်းဘဲ ငြိမ်နေပါတယ်။
မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာ ပဲပုပ်(မြန်မာ)က ၂၈၅၀၀၀ မှ ၂၉၀၀၀၀ ကျပ်ရှိပြီး ပဲပုပ် (ရှမ်း)က ၃၂၅၀၀၀ မှ ၃၃၀၀၀၀ ကျပ်ရှိပါတယ်။
မတ်ပဲ
မတ်ပဲကတော့ အခုအပတ်မှာ ဈေးတန်းထပ်တက်လာပြီး တစ်တန်ကိုကျပ် သိန်း ၃၀ ကျော် ဈေးတန်း နှစ်ရက်လောက်အထိရှိခဲ့ပါတယ်။
မတ်ပဲဈေးက တစ်တန်ကို ၂၉ သိန်း ကျော် သိန်း ၃၀ ဝန်းကျင်မှာပဲ ရှိနေတာပါ။ မတ်ပဲအသစ်တွေပေါ်နေပြီး ရောင်းအားများနေသလို ပြည်တွင်းဝယ်လိုအားလည်းကောင်းနေပါတယ်။ အိန္ဒိယကိုလည်း ပုံမှန်တင်ပို့မှုရှိနေပါတယ်။ မတ်ပဲဈေး ထပ်ပြီး တက်နိုင်မလားဆိုတာကတော့ အိန္ဒိယဈေးကွက်ပေါ်အဓိကမူတည်နေပြီး နိုင်ငံခြားငွေဈေးအတက်အကျပေါ်လည်းမူတည်နေပါတယ်။
အခုတစ်ပတ် ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာနေ့ က မတ်ပဲ (FAQ )တစ်တန်ကို ၃၀၂၂၀၀၀ ကျပ်၊ အင်္ဂါနေ့မှာ ၃၀၁၂၀၀၀ ကျပ် ၊ ဗုဒ္ဓဟူးနေ့မှာ ၂၉၈၃၀၀၀ ကျပ် ၊ ကြာသပတေးနေ့မှာ ၂၉၇၃၀၀၀ ကျပ်၊ သောကြာနေ့မှာ ၂၉၉၃၀၀၀ ကျပ်ရှိပါတယ်။ ခုတပတ်မှာ ၄၀၀၀၀ ကျော်လောက်ထပ်ပြီး အတက်ပြလာပါတယ်။
မန္တလေးဈေးကွက်မှာ မတ်ပဲ ပိဿာ ၆၀ ကို ၂၆၅၀၀၀ မှ ၂၇၅၀၀၀ ကျပ်ရှိပါတယ်။

ပဲစဉ်းငုံ
ပဲစဉ်းငုံကတော့ အရင်အပတ်ကထက် ဈေးတန်းအနည်းငယ်ပြန်ကျပေမယ့် သိန်း ၃၀ အထက်မှာပဲရှိနေတာ တွေ့ရပါတယ်။
ပဲစဉ်းငုံက ဈေးတန်းအေးပေမယ့် ပြည်ပတင်ပို့မှုရှိပြီး ပြည်တွင်းမှာလည်း အရောင်းအဝယ်သွက်နေပါတယ်။
ခုတစ်ပတ်ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ပဲစဉ်းငုံနီ တစ်တန်ကို ၃၀၆၃၀၀၀ ကျပ်၊ အင်္ဂါနေ့မှာ ၃၀၃၀၀၀၀ ကျပ် ၊ ဗုဒ္ဓဟူးနေ့မှာ ၃၀၂၂၀၀၀ ကျပ်၊ ကြာသပတေးနေ့က ၃၀၀၀၀၀၀ ကျပ်၊ သောကြာနေမှာ ၃၀၁၀၀၀၀ ကျပ်ရှိတာကြောင့် တပတ်အတွင်းမှာ ၅၀၀၀၀ ကျပ်လောက်အတက်အကျရှိခဲ့ပါတယ်။ အရင်အပတ်နဲ့သောကြာဈေးနဲ့ ခုတစ်ပတ်သောကြာနေ့ဈေးကွက် ယှဉ်ရင်တော့ ၅၈၀၀၀ ကျပ်ကျလာပါတယ်။
မန္တလေးဈေးကွက်မှာ ခုတပတ်မှာ ပဲစဉ်းငုံနီကို ပိဿာ ၆၀ ကို၂၈၂၀၀၀ မှ ၂၈၃၀၀၀ ကျပ်ရှိပြီး ၅၀၀၀ ကျပ်ကျသွားပါတယ်။
ပြောင်း
ခုတစ်ပတ်မှာ အစေ့ထုတ်ပြောင်း ဈေးပြန် ကျလာပါတယ်။
ပြောင်းဈေးကျပေမယ့် ပြောင်းဆံ ကို ထိုင်းကို အခွန်ကင်းလွတ်ခွင့်နဲ့တင်ပို့နေတဲ့အပြင်တခြားပြည်ပနိုင်ငံတွေကိုပါတင်ပို့မှုရှိနေပါတယ်။
တရုတ်နဲ့အိန္ဒိယကလည်း ပြောင်းဝယ်ဖို့ကမ်းလှမ်းမှုတွေရှိနေလို့ ပြောင်းဈေးထပ်တက်ဖို့မျှော်လင့်ချက်ရှိနေကြပါတယ်။
ခုတစ်ပတ်ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာပြောင်းဆံ တစ်ပိဿာကို ၁၆၇၀ မှ ၁၆၈၀ မှကျပ်သာရှိပါတယ်။ အရင်အပတ်ကထက် ၂၀ ကျပ်ကျပါတယ်။
မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာလည်းဈေးတက်ပါတယ်။ ပြောင်း (ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၈၃၀၀၀ ကျပ်ရှိပြီး ပြောင်း (CP)က ၈၄၅၀၀ ကျပ်၊ ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၈၅၅၀၀ ကျပ် ရှိပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ ဈေးကွက်ထဲ ရောင်းလိုအားများနေတဲ့အတွက် ဈေးတန်းဆက်တိုက်ကျနေပါတယ်။
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်ကိုလည်းကြက်သွန်ကားဝင်ရောက်မှုနေ့စဉ် အစီးရေ ၂၀ အထက်မှာရှိနေပါတယ်။ ကြက်သွန်ဈေးနှုန်းတွေကတော့တစ်ရက်ကို ၅၀ ကျပ်မှ ၁၀၀ ကျပ် ဈေးကျနေတာဖြစ်ပါတယ်။ ဈေးကျပေမယ့် အရောင်းအဝယ်ကတော့ သွက်နေပါတယ်။
ရန်ကုန်ဘုရင့်နောင်မှာ ဆိပ်ဖြူကြက်သွန်က ၁၅၅၀ မှ ၂၆၅၀ ကျပ်ရှိပြီး မြစ်သားကြက်သွန်က ၂၀၀၀ မှ ၂၉၀၀ ကျပ်ရှိတယ်လို့သိရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
အကြောင်းအရာ 2
သီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
မင်းဧရာစပါးအစေ့ကအညိုရောင်လေးတွေဖြစ်ပြီးအပိန်လေးတွေဖြစ်နေလို့ဆရာ
Zaw Than Oo • ဖြေကြားချက် 0 ခု
ပိုးလားမှိုလားခင်ဗျ ပိုးဆေးကအာဘာမက်တင် ပရိုဖီနိုဖော့ဖြန်းထားပါတယ်ခင်ဗျမှိုဆေးကတော့ကော့ပါး +ကာဇူကာမိုင်ဇင်သုံးထားပါတယ် အမိုင်နိုပါတဲ့အားဆေးကိုပိုးဆေးးနဲ့တွဲပြီးဖြန်းထားပါတယ်ခင်ဗျ အဆင်ပြေမဲ့ဆေးနဲ့လိုအပ်ချက်တွေညွန်းပေးပါအုံးခင်ဗျ
ခင်ဇော်ဝင်း • ဖြေကြားချက် 1 ခု
မြေပဲခင်း ရက်40သားရပီ ဘာဆေးဖြန်းပေးရမလည်းဆရာတို့
Win Min • ဖြေကြားချက် 0 ခု
trichoderma အသုံးပြုနည်း သိပါရစေဆရာတို့ လူးနယ်ဆေး မြေခံထည့် ရွတ်ဖြန်း တို့ပြုလုပ်ရာမှာ သုံးရမယ့် ထရိုင်ကိုဒါးမားအမှုန့် ပမာဏကို တိတိကျကျ မသိဘူး ဖြစ်နေလို့ပါ
Khing Hein • ဖြေကြားချက် 0 ခု
ဧရာပဒေသာ၆၃ရက်သားအပေါ်အရွက်၃ရွက်အောက်ကအရွက်ရင့်တွေပုံပါအတိုင်းဖြစ်နေလို့ရောဂါလားအဟာရတောင်းတာလားခဗျပိုးတော့ရှင်းပါတယ်ခဗျာ
kyaw zin • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
More from AMIA
အားလုံး
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
အသားဈေးရဲ့ ၂ ဆ နီးပါးဖြစ်နေတဲ့ ငါးခြောက်ဈေးကွက်
08/09/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၃၁.၈ -၄.၉.၂၀၂၆)
05/09/2026
စက်တင်ဘာလအစတွင် မတ်ပဲဈေးများ ဆက်တိုက်ကျဆင်းလာ
03/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....