တစ်ပတ်အတွင်း လယ်ယာထွက်ကုန် သီးနှံစျေးကွက်နှိုင်းယှဉ်သုံးသပ်ချက်
ဆန်၊စပါး
ဒီတစ်ပတ်မှာတော့ ဆန်ဈေးက တက်လာခဲ့ပါတယ်။ တရုတ်နိုင်ငံကို ဘာတာစနစ်နဲ့ တန်ချိန်တစ်သောင်းကျော်တင်ပို့ခွင့်ရခဲ့ပြီး ဈေးကတက်လာခဲ့တာလည်းဖြစ်ပါတယ်။ ထို့ပြင် ရန်ကုန်ကအဝယ်လိုက်တဲ့အပြင် အညာဒေသတွေကို ကိုယ်တိုင်တင်ပို့ရောင်းချမှုတွေကြောင့် ဈေးကတစ်ဖြေးဖြေး တက်လာတာဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်မှာ ပေါ်ဆန်းရှယ်က တစ်အိတ်ကို ၃၈၀၀၀ ကနေ ၄၀၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်၊ မြောင်းမြပေါ်ဆန်းက တစ်အိတ်ကို ၄၂၀၀၀ ကနေ ၄၄၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်အသီးသီး ဈေးတက်လာပါတယ်။ ဆန်ကြမ်းဖြစ်တဲ့ နွေသီးထပ်ကတော့ ၁၉၈၀၀ ကနေ ၂၀၃၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်၊ ရက် ၉၀ ဆန်က တစ်အိတ် ကို ၂၁၀၀၀ ကနေ ၂၃၅၀၀ ကျပ် ရှိပြီး ၅၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့ပါတယ်။ ကြားပျံကတော့ တစ်အိတ်ကို ၃၈၅၀၀ ကနေ ၄၂၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဆန်ချောက အဝင်နည်း အရောင်းအဝယ်ပုံမှန်ရှိနေပြီး အကြမ်းတွေကတော့ အရောင်းအဝယ်ကောင်း ဈေးတက်နေတဲ့အခြေအနေဖြစ်ပါတယ်။ ပုသိမ်ဈေးကွက်မှာလည်း စပါးဈေးရော ဆန်ဈေးရောတက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်ကအထိ အကျဈေးနဲ့ ရှိခဲ့ပေမယ့် ဒီတစ်ပတ်မှာ ဈေးက ပြန်တက်လာခဲ့တာလည်းဖြစ်ပါတယ်။ မြောင်းမြ ဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၅၉၀၀၀၀ ပေါက်ဈေးရှိပါပြီ ၂၀၀၀၀ ကျပ်၊ဒေးဒရဲဧည့်မထစပါးက ကတော့ တင်း ၁၀၀ ကို ၅၅၂၀၀၀ ပေါက်ဈေးရှိပြီး ၁၉၀၀၀ ကျပ်၊ ဖျာပုံဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၅၅၂၀၀၀ ပေါက်ဈေးရှိပြီး ၁၉၀၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့ပါတယ်။ ဧည့်မထ(မြောင်းမြ၊ဒေးဒရဲ၊နဲ့ ဖျာပုံဆန်တို့ကတော့ တစ်တင်းခွဲ တစ်အိတ်ကို ၂၃၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာခဲ့ပါတယ်။
ပုသိမ်ပေါ်ဆန်း(စပါး)ကတော့ တင်း ၁၀၀ ကို ၉၂၀၀၀၀ ကျပ်ဖရှိပြီး ၃၀၀၀၀ ကျပ် ၊မြောင်းမြပေါ်ဆန် းစပါးကတော့ တင်း ၁၀၀ ကို ၉၀၂၀၀၀ ကျပ်ရှိပြီး ၉၀၀၀ ကျပ် ဈေးတက်လာပြီး မြောင်းမြဆန်ကတော့ တစ်အိတ်ကို ၄၃၀၀၀ နဲ့ ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။
မတ်ပဲ (FAQ/RC)
မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက အိန္ဒိယအစိုးရ နဲ့ မြန်မာအစိုးရတွေ့ဆုံခဲ့ပြီး ကျန်ရှိသည့် ပဲတန်ချိန် ၂ သိန်းခန့်ကို ၄ လအတွင်း ဝယ်ယူဖို့ သဘောတူညီချက် ချခဲ့ပါတယ်။
လက်ရှိမှာ ဈေးတက်တယ်ဆိုပေမယ့် အိန္ဒိယနိုင်ငံမှာ ငွေကြေးဈေးတွေ ကျဆင်းနေတဲ့အပြင် ဈေးထိုး တက်သွား မှာစိုး တဲ့အတွက် ပဲဈေးကို ထိန်းနေတာဖြစ်တဲ့အတွက် အရမ်းကြီးတော့ ဈေးက တက်နိုင်ခြေမရှိ ဘူးလို့လည်းကု န်သည်တွေက ဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၈၈၀၀၀၀ အထိ တက်ခဲ့ပေမယ့် အနည်းငယ်ပြန်ကျပြီး ဈေးက ငြိမ်သွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၄၂၅၀ ကျပ်ရှိပြီး ၂၅၀ ကျပ်၊ နေပြည်တော်ကုန်စည်ဒိုင်မှာ ၂၈၃၀၀ ရှိပြီး ၃၀၀ ကျပ်၊ပြည်ကုန်စည်ဒိုင်မှာတော့ ၂၈၈၀၀ ရှိပြီး ၆၀၀ ကျပ် ဈေးတက်လာပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ကျဆင်းသွားပါတယ်။လက်ရှိမှာ အိန္ဒိယရဲ့ ဈေးထိန်းဝယ်ယူမှုတွေ ကြောင့် ဈေးက ဆက်မတက်လာတော့ပဲ ၉၅၀၀၀၀ အတွင်းဈေးက ငြိမ်နေပါတယ်။ ကုန်သည်တွေကတော့ ၁၀ သိန်းအထိ ဈေးတက်လာနိုင်မယ်လို့ ပြောဆိုမှုတွေရှိပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ဒီတစ်ပတ်မှာ တစ်တန်ကို ၉၅၀၀၀၀ ကျော်အထိ ဈေးတက်လာခဲ့ပြီး ပြန်ကျဆင်းသွားပါတယ်။
မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၄၅၀၀ ကျပ်နဲ့ ၅၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၃၁၅၀၀၀ ကျပ် နဲ့ ၂၀၀ ကျပ် ဈေးတက်လာပြီး ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၃၀၀၀ ကျပ် နဲ့ ၅၀၀ ကျပ် ဈေးကျဆင်းသွား ပါတယ်။
ပဲလွန်းပြာ
ပဲလွန်းပြာကတော့ ဒီတစ်ပတ်မှာ အနည်းငယ်ဈေးတက်ခဲ့ပါတယ်။ ပြည်ပတင်ပို့မှုလည်းရှိနေပြီး အဟောင်း တွေမရှိ တော့ပဲ အသစ်တွေကိုသာ ရောင်းဝယ်နေတာဖြစ်တဲ့အတွက်ဈေးက တက်လာခဲ့တာလည်းဖြစ်ပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ တစ်အိတ်ကို ၅၅၀၀၀ ကနေ ၅၈၀၀၀ ပေါက်ဈေးရှိပြီး ၆၀၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။
ပဲလွန်းဖြူ
ပဲလွန်းဖြူကတော့ ဒီတစ်ပတ်မှာ ဈေးကျဆင်းနေပါတယ်။ ကုန်စည်ဒိုင်တွေကို အသစ်တွေဆက်တိုက်ဝင်ရောက် နေတာဖြစ်တဲ့အတွက်ဈေးက ကျဆင်းနေတာလည်းဖြစ်ပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ တစ်အိတ်ကို ၅၇၀၀၀ ကနေ ၆၀၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ် ဈေးကျဆင် းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၉၀၀၀ ကျပ်နဲ့ဈေးငြိမ်နေပါတယ်။
ဝတ်ရည်မွန်(AMIA)
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
မင်းဧရာစပါးအစေ့ကအညိုရောင်လေးတွေဖြစ်ပြီးအပိန်လေးတွေဖြစ်နေလို့ဆရာ
Zaw Than Oo • ဖြေကြားချက် 0 ခု
ပိုးလားမှိုလားခင်ဗျ ပိုးဆေးကအာဘာမက်တင် ပရိုဖီနိုဖော့ဖြန်းထားပါတယ်ခင်ဗျမှိုဆေးကတော့ကော့ပါး +ကာဇူကာမိုင်ဇင်သုံးထားပါတယ် အမိုင်နိုပါတဲ့အားဆေးကိုပိုးဆေးးနဲ့တွဲပြီးဖြန်းထားပါတယ်ခင်ဗျ အဆင်ပြေမဲ့ဆေးနဲ့လိုအပ်ချက်တွေညွန်းပေးပါအုံးခင်ဗျ
ခင်ဇော်ဝင်း • ဖြေကြားချက် 1 ခု
မြေပဲခင်း ရက်40သားရပီ ဘာဆေးဖြန်းပေးရမလည်းဆရာတို့
Win Min • ဖြေကြားချက် 0 ခု
trichoderma အသုံးပြုနည်း သိပါရစေဆရာတို့ လူးနယ်ဆေး မြေခံထည့် ရွတ်ဖြန်း တို့ပြုလုပ်ရာမှာ သုံးရမယ့် ထရိုင်ကိုဒါးမားအမှုန့် ပမာဏကို တိတိကျကျ မသိဘူး ဖြစ်နေလို့ပါ
Khing Hein • ဖြေကြားချက် 0 ခု
ဧရာပဒေသာ၆၃ရက်သားအပေါ်အရွက်၃ရွက်အောက်ကအရွက်ရင့်တွေပုံပါအတိုင်းဖြစ်နေလို့ရောဂါလားအဟာရတောင်းတာလားခဗျပိုးတော့ရှင်းပါတယ်ခဗျာ
kyaw zin • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
More from AMIA
အားလုံး
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
အသားဈေးရဲ့ ၂ ဆ နီးပါးဖြစ်နေတဲ့ ငါးခြောက်ဈေးကွက်
08/09/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၃၁.၈ -၄.၉.၂၀၂၆)
05/09/2026
စက်တင်ဘာလအစတွင် မတ်ပဲဈေးများ ဆက်တိုက်ကျဆင်းလာ
03/09/2026