ယခုတစ်ပတ်အတွင်း အပြောင်းအလဲဖြစ်ပေါ်ခဲ့သောသီးနှံစျေးနှုန်းများ
မတ်ပဲ (FAQ/RC)
မတ်ပဲက ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ ဈေးကျဆင်းသွားတယ်ဆိုပေမယ့် မတ်ပဲက ပြီးခဲ့တဲ့လတွေ နဲ့ယှဉ်ရင် တစ်လလုံးအတက်အကျအနည်းငယ်နဲ့ ဈေးငြိမ်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဆိုးရွားစွာ ပဲဈေးကျဆင်းတဲ့အတွက်ကြောင့် လျော့ချစိုက်ပျိုးခဲ့ရာမှ ယခုနှစ်အိန္ဒိယပဲအဝယ်မရှိသော်လည်း ပြည်တွင်းဝယ်လိုအားနဲ့ မျှတနေတဲ့ အခြေအနေလည်းဖြစ်နေပါတယ်။ တစ်လလုံးပဲဈေးက ထူးခြားစွာပြောင်းလဲမှုမရှိပဲ တည်ငြိမ်နေခဲ့ပါတယ်။
ပဲကုန်သည်အသင်းက အိန္ဒိယနိုင်ငံကို ပဲတင်ပို့ရေးနဲ့ပတ်သတ်ပြီး လအစပိုင်းတုန်းက တင်ပြထားပေမယ့် လက်ရှိအချိန်အထိ အကြောင်းပြန်မှုမရှိသေးကြောင်း ပဲကုန်သည်အသင်းတာဝန်ရှိသူတွေက ဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၆၅၀၀၀၀ ကနေ ၆၆၀၀၀၀ အကြား ဈေးအရောင်းအဝယ် ဖြစ်နေပါတယ်။ မုံရွာဈေးကွက်ကမှာ မတ်ပဲက တစ်တင်းကို ၂၃၀၀၀ နဲ့ ဈေးငြိမ်နေပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၁၀၀၀ နဲ့ ၂၀၀၀ ကျပ် ဈေးကျဆင်းသွားခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၂၇၀၀ နဲ့ တစ်တင်းကို ၃၀၀ ကျပ် ဈေးတက်လာပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယပဲဝယ်ယူမှုမရှိပေမယ့် အခြားဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ဝယ်ယူမှုတွေရှိနေတဲ့အတွက် ပဲစင်းငုံနီက မတ်ပဲလောက် ဈေးကျဆင်းခြင်းမရှိပဲ ပုံမှန်အရောင်းအဝယ်ဖြစ်နေပါတယ်။ ပြည်တွင်း ဝယ်ယူမှုတွေလည်းရှိတဲ့အတွက် အတက်အကျ အနည်းငယ်သာ အပြောင်းအလဲရှိပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၇၃၂၅၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၁၅၀၀၀ ကျော် လောက်ဈေးကျဆင်းသွားခဲ့ပါတယ်။ မုံရွာဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တင်းကို ၂၆၅၀၀ ရှိပြီး ၅၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၇၀၀၀ ကျပ်ရှိပြီး ၃၀၀ ကျပ်၊ဈေးကျဆင်းသွားခဲ့ပါတယ်။
မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၆၀၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၆၅၀၀ ကျပ်နဲ့ ဈေးငြိမ်နေခဲ့ပါတယ်။
ကုလားပဲ
ကုလားပဲကတော့ ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားခဲ့ပါတယ်။ ပဲအသစ်တွေ ဆက်တိုက်ဝင်ရောက်မှုတွေရှိနေတဲ့အတွက် အဝင်များပြီးဈေးက ကျဆင်းသွားခဲ့တာလည်းဖြစ်ပါတယ်။ ဝယ်လိုအားကတော့ ပဲခွဲစက်တွေက ပုံမှန်ဝယ်လိုအားရှိတာကို တွေ့ရပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲလုံးဝါ(ကြီး၊သေး)က တစ်တင်းကို ၂၂၆၀၀ ကနေ ၂၄၆၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၄၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ကုလားပဲလုံးဖြူ(ကြီး၊သေး)ကတော့ တစ်တင်းကို ၂၃၇၀၀ ကနေ ၂၇၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
မြင်းခြံကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၆၂၀၀ ကျော်ရှိပြီး တစ်တင်းကို ၄၀၀ ကျပ်၊ ကုလားပဲလုံးဖြူကြီးကတော့ တစ်တင်ကို ၂၂၈၀၀ ကျပ်ရှိပြီး ၉၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၇၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၇၀၀ ကျပ်၊ ကုလားပဲလုံးဖြူကြီးကတော့ တစ်တင်းကို ၂၂၃၀၀ ပေါက်ဈေးရှိပြီး ၈၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပြည်ကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၇၈၀၀ ကျပ်ရှိပြီး ၁၇၀၀ ကျပ်၊ကုလားပဲဖြူလုံးကြီးတော့ တစ်တင်းကို ၁၅၀၀ ကျပ်ဈေးကျဆင်းသွားပြီး တစ်တင်းကို ၂၄၀၀၀ ကျပ်ပေါက်ဈေးရှိပါတယ်။
ပဲကြီး
ပဲကြီးကတော့ ဒီတစ်ပတ်မှာလည်း ဈေးကကျဆင်းသွားခဲ့ပါတယ်။ ပဲအသစ်တွေ ဆက်တိုက်ဝင်ရောက် မှုရှိနေပြီးအဝယ်ကနည်းတဲ့အတွက် ဈေးကကျဆင်းလာခဲ့တာလည်းဖြစ်ပါတယ်။ ပွဲတော်ကာလအချိန်မှတော့ ဈေးကတက်နိုင်ချေရှိတယ်လို့ ကုန်သည်တွေက သုံးသပ်ထားတာကိုလည်းတွေ့ရပါ တယ်။
မုံရွာဈေးကွက်မှာ ပဲကြီးက တစ်တင်းကို တစ်တင်းကို ၂၆၂၅၀ ရှိပြီး ၇၅၀ ကျပ် ဈေးကျဆင်းသွားခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၇၆၀၀ ကနေ ၃၁၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၅၀၀ ကျပ်၊ မန္တလေးကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၅၀၀၀ ကနေ ၃၁၀၀၀ ရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။
အာလူး
အာလူးကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ လက်ရှိမှာ ပုံမှန်ဝယ်လိုအားရှိနေတဲ့အပြင် တရုတ်ဘက် အာလူးတွေ အဝင်နည်းတဲ့အတွက် ပြည်တွင်းအာလူးဈေးတွေတက်နေခဲ့တာလည်းဖြစ်ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ အာလူးက တစ်ပိဿာကို ၄၀၀ ကနေ ၇၅၀ ပေါက်ဈေးရှိပြီးတစ်ပိဿာကို ၃၀ ကျပ်လောက်ဈေးတက်လာပါတယ်။ ဆင်ဖြူကျွန်းမှာတော့ တစ်ပိဿာကို ၆၅၀ ကနေ ၉၅၀ ပေါက်ဈေးရှိပြီး ၂၅၀ ကျပ်လောက်ဈေးတက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာလည်း အာလူးက ၃၅၀ ကနေ ၆၈၀ ရှိပြီး ၃၀ ကျပ်ဈေးတက်လာပါတယ်။
ဝတ်ရည်မွန် (AMIA)
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လားဗျ
ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026