အစိမ်းရောင်လမ်း
ဈေးကွက်ခိုင်မာမှုရှိသည့် ကြော်အာလူးကို အဓိကစိုက်ပျိုးလာကြ

ဈေးကွက်ခိုင်မာမှုရှိသည့် ကြော်အာလူးကို အဓိကစိုက်ပျိုးလာကြ

    စားအာလူး (ဟင်းချက်စားသည့် အာလူး) ဈေးကွက်နှင့် နှိုင်းယှဥ်ပါက ဈေးကွက်ပိုင်း ပိုမိုခိုင်မာမှုရှိနေသည့် ကြော်အာလူး (အာလူးကြော် အာလူး) ကို တောင်သူများ အဓိကစိုက်ပျိုးလာကြကြောင်း မကွေးတိုင်းဒေသကြီးရှိ အာလူးစိုက်ပျိုးသူများထံမှ သိရသည်။

အာလူးကို ဧက ၃၀ စိုက်ပျိုးထားပါတယ်။ အရင်ကတော့ စားအာလူးရော ကြော်အာလူးရော နှစ်မျိုး မျှစိုက်ဖြစ်ပေမယ့်၊ အခုနောက်ပိုင်းတော့ ကြော်အာလူးပဲ စိုက်ဖြစ်တော့တယ်ခင်ဗျ။ ကြော်အာလူးကကျတော့ ဈေးလည်းပိုရတယ်။ အအေးခန်းမျိုးတွေကိုပဲ စိုက်ရတာဖြစ်တဲ့အတွက် အထွက်နှုန်းလည်းသေချာတယ်။ အပင်ပေါက်နှုန်းကလည်း သေချာတယ်။ စားအာလူးမှာကျတော့ အအေးခန်းမျိုးလည်း မရှိဘူးလေ။ ကြုံရာ တရုတ်အာလူးမျိုးတို့၊ ဒေသမျိုးတို့ကို စိုက်ရတာဖြစ်တဲ့အတွက် အထွက်နှုန်းရော၊ အပင်ပေါက်ရော စိတ်မချရဘူး။ ရတဲ့ဈေးနှုန်းမှာကျတော့လည်း ကွာခြားမှုရှိပါတယ်။

ဟု မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့မှ အာလူးစီးပွားဖြစ်စိုက်ပျိုးသူ ကိုကျော်ဇင်ထွန်းက ပြောသည်။

    ယခင်နှစ်က ကြော်အာလူး (အာလူးကြော် အာလူး) တစ်ပိဿာလျှင် ၉၀၀ ကျပ်၊ ၁၀၀၀ ကျပ်ဝန်းကျင် ဈေးနှုန်းများရရှိနေချိန်တွင် စားအာလူး(ဟင်းချက်စားသည့် အာလူး) မှာမူ တစ်ပိဿာလျှင် ၆၀၀ ကျပ်ဝန်းကျင်သာ ဈေးနှုန်းရရှိခဲ့ကြောင်း တောင်သူများထံမှ သိရသည်။ 

စားအာလူးက မျိုးကောင်းမျိုးသန့်ရဖို့အတွက်လည်း ကျွန်တော်တို့ဒေသအတွက်ဆိုရင် တော်တော်လေး ခက်ခဲပါတယ်။ ကြော်အာလူးကျတော့ မျိုးဝယ်ယူဖို့လည်း အဆင်ပြေတယ်။ ဈေးကွက်ကျတော့လည်း ကြော်အာလူးအနေနဲ့က နယ်စုံတင်ပို့ရပါတယ်။ ဒါ့ကြောင့်လည်း ကြော်အာလူးကိုပဲ စီးပွားဖြစ်စိုက်ပျိုးတာပါ။

ဟု ကိုကျော်ဇင်ထွန်းက ဆက်လက်ပြောသည်။

     စိုက်ပျိုးထွက်ရှိလာသည့် ကြော်အာလူးများကို ကျောက်ပန်းတောင်း(အာလူးကြော်ဖိုများ)သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး ဈေးကွက်တွင်းသို့လည်းကောင်း တင်ပို့ရောင်းချနေကြောင်းသိရသည်။

zaw

zaw

လွန်ခဲ့သော ၄ နှစ် က

အာလူးစိုက်ပျိုးနည်းကိုမျှဝေပေးပါခင်ဗျာ

zaw

zaw

လွန်ခဲ့သော ၄ နှစ် က

အာလူစိုက်ပျိုးနည်းတင်ပြပေး

You

ဆက်စပ်မေးခွန်းများ

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

အရွက်ကဘာဖြစ်လို့ဝါတာလဲ

ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....