မှိုမျိုးစုံမွေးမြူစိုက်ပျိုးခြင်းဆိုင်ရာ ပညာပေးသင်တန်း ဖွင့်လှစ်မည်
စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီရာသီသီးနှံ ဌာနခွဲ၊ မှိုသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ ပြင်ဦးလွင်၌ မှိုမျိုးစုံ မွေးမြူစိုက်ပျိုးခြင်းဆိုင်ရာ ပညာပေးသင်တန်းကို ဖွင့်လှစ်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါသင်တန်းကို ဇန်နဝါရီလ (၁၄) ရက်မှ (၁၆) ရက်အထိ (၃) ရက်ကြာ သင်ကြားပို့ချမည်ဖြစ်ပြီး၊ အခြားမှိုသင်တန်းများ တက်ရောက်ပြီးသူဖြစ်စေ၊ လက်ရှိစိုက်ပျိုးနေသူဖြစ်စေ၊ မှိုစိုက်ပျိုးထုတ်လုပ်ခြင်းပညာရပ်ကို လေ့လာနေသူဖြစ်စေ မည်သူမဆို တက်ရောက်လေ့လာနိုင်ကြောင်း သိရသည်။
"တစ်နှစ်ကိုမှ တစ်ကြိမ်သာ ဖွင့်တာပါ။ ဒါက တတိယမြောက်နှစ်ပါ။ မှိုစိုက်နည်းတွေကို သီးသန့်သင်တာထက်၊ မှိုစိုက်တဲ့အခါ အဓိကလိုအပ်တဲ့ သိသင့်တာလေးတွေကို အသေးစိတ်ညွှန်ပြပေးတဲ့ သင်တန်းမျိုးပါ။ သင်တန်းသားတွေလိုအပ်တဲ့ ပညာရပ်အပေါ် မူတည်ပြီး လိုအပ်ရင်လိုအပ်သလို ထည့်သွင်းသင်ပြပေးတာပါ။ နောက်တစ်ခုက အအေးပိုင်းဒေသမှာဖွင့်တဲ့ သင်တန်းဖြစ်လို့၊ အအေးပိုင်းမှိုတွေကို စိတ်၀င်စားသူတွေအတွက်လည်း အကျိုးရှိမှာပါ။" ဟု စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ ရာသီသီးနှံ ဌာနခွဲ၊ မှိုသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ ပြင်ဦးလွင်၏ လက်ထောက်ဦးစီမှူး ဦးအေးမင်းဇော်က ပြောသည်။
သင်တန်းတက်ရောက်သူများကို နေ့လည်စာ သုံးဆောင်ရန် စီစဉ်ပေးမည်ဖြစ်ပြီး၊ သင်တန်းကြေး အခမဲ့ဖြစ်ကြောင်း ဦးအေးမင်းဇော်က ဆိုသည်။
နန်းထက်ထက်ချစ်(ABM)
သီဟ
လွန်ခဲ့သော ၃ နှစ် ကonline ကသင်ပေးလို့ရနိုင်ပါသလား
သီဟ
လွန်ခဲ့သော ၃ နှစ် ကonline ကသင်ချင်ပါတယ်
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
အဲ့ရာဘာဖစ်တာလည်း
Ah Sai Shesoi • ဖြေကြားချက် 0 ခု
ဆရာ၊ဆရာမတိုခင်ဗျား ကောက်ရိုးမှိုပျိုးနည်း အသေးစိတ်သိချင်ပါတယ်ခင်ဗျာ။နေပြည်တော်ကပါ မှိုမျိုးစေ့ဘယ်မှာဝယ်လို့ရလဲခင် ချင်ဗျ။ဘယ်ရာသီဖြစ်ဖြစ် မှိုပျိုးလိုရ/မရသိချင်ပါတယ်ခင်ဗျ။မှိုပျိုးချင်သူအား လုပ်ဆောင်နိုင်အောင် အသေးစိတ် ပြောကြားပေးစေချင်ပါတယ်။
ဦးမောင်ကို • ဖြေကြားချက် 1 ခု
စိုက်ပျိုးရေးနဲ့မသက်ဆိုင်ပေမဲ့ ဗဟုသုတအနေနဲ့မေးချင်ပါတယ် ဒီနှစ်ဟာဝါထပ်တာလူတိုင်းသိပြီးဖြစ်ပါတယ် ဒီနေ့ စက်တင်ဘာ10ရက်နေ့ဟာ မြန်မာလ ဝါခေါင်လဆုတ်13ရက်ဖြစ်ပါတယ် အရင်နှစ်(2025)ဟာ ဝါမထပ်သောကြောင့် စက်တင်ဘာ 10ရက်(ဒီကနေ့) ဟာ တော်သလင်းလဆုတ်4ရက်ဖြစ်နေပါတယ် ထိုအရာမှာ ဒီနှစ်တော်သလင်းလဟာ အရင်နှစ် တော်သလင်းလထက် နောက်ကျ ကျန်နေပါတယ် ထို့ကြောင့် ဒီလကို တော်သလင်းလလို့ သတ်မှတ်လို့ရပါသလား ဘယ်လိုတေအမှန်ယူရမလဲ ရှင်းပြပေးပါဦးဆရာခင်ဗျ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
ရွှေပန်းပင်ကိုတူးပြီး စိုက်ခင်းထဲမရောက်ခင် အပင်အရိပ်အောက်မှာတစ်လလောက်ထားလို့ရပါသလားခင်ဗျာ ပြီးလျှင်စိုက်ဘောင်ထဲကိုဘာတွေထည့်ထားသင့်သလဲသိပါရစေ
ဦးခိုင်မင်းဇော် • ဖြေကြားချက် 1 ခု
ဆားခါးက သီးနှံတွေအတွက် ဘယ်လိုအကျိုးကျေးဇူးရှိတယ်ဆိုတာ ဗဟုသုတအနေနဲ့သိထားချင်ပါသဖြင့် ဆရာတို့ကျေးဇူးပြု၍ ဖြေကြားပေခဲ့ပါအုံးခဗျာ။
ကိုငြိမ်းဦး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....