အစိမ်းရောင်လမ်း
နံ့သာဖြူပင်စိုက်ပျိုးရာတွင် ကပ်ပါးပင်ရွေးချယ်စိုက်ပျိုးတတ်ရန် အဓိကလိုအပ်

နံ့သာဖြူပင်စိုက်ပျိုးရာတွင် ကပ်ပါးပင်ရွေးချယ်စိုက်ပျိုးတတ်ရန် အဓိကလိုအပ်

    နံ့သာဖြူပင်စိုက်ပျိုးရာတွင် ကပ်ပါးပင်ရွေးချယ်စိုက်ပျိုးတတ်ရန် အဓိကလိုအပ်ကြောင်း နံ့သာဖြူပင် စိုက်ပျိုးရေးကျွမ်းကျင်သူများက ပြောသည်။

နံ့သာဖြူပင်ရဲ့အမြစ်က သူ့ဘာသာ အစာရှာစားတာမျိုးမဟုတ်ဘဲ၊ မြေကြီးအောက်ကနေ အမြစ်ဆီကတဆင့် ဘေးက ကပ်ပါးပင်ဆီကအစာကို လုစားတတ်တဲ့ သဘောသဘာဝ ရှိပါတယ်။ အဲ့ဒါကြောင့်မို့လို့ နံ့သာဖြူပင်စိုက်ပျိုးတဲ့အခါ ကပ်ပါးပင် စနစ်တကျစိုက်ပေးဖို့လိုပါတယ်။ နံ့သာဖြူ အနှစ်တည်ဖို့အတွက် ဆေးထိုးတာ၊ သပ်သွင်းတာမျိုး ငွေကုန်ကြေးကျများစေမယ့်လုပ်ငန်းတွေ လုပ်စရာမလိုဘဲ ဒေသနဲ့ကိုက်ညီတဲ့ ကပ်ပါးပင်ကို စနစ်တကျထည့်စိုက်ပေးဖို့က ပိုပြီးအဓိကကျပါတယ်။

ဟု မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ၊ နှစ်ရှည်ပင်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ကိုကျော်မျိုးထွန်းက ပြောသည်။ 

    ကပ်ပါးပင်ရွေးချယ်စိုက်ပျိုးရာတွင် ဒေသတစ်ခုနှင့်တစ်ခု မတူညီဘဲ၊ မိမိဒေသနှင့်ကိုက်ညီသည့် ကပ်ပါးပင်အမျိုးအစားကိုလိုက်၍ ပင်ကြားတန်းကြားအကွာအဝေးများလည်း ကွာခြားသွားနိုင်သည်။

နံ့သာဖြူပင်ဘေးကနေ ကပ်ပါးပင်အဖြစ် စိုက်ပျိုးတော့မယ်ဆိုရင် ကိုယ့်ဒေသနဲ့ကိုက်ညီရာ အပင်အမျိုးအစားကို ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။ စိုက်ပျိုးနိုင်တဲ့အပင်အမျိုးအစားတွေကတော့ ဘောစကိုင်းပင်၊ ကက္ကိုပင်၊ တမာပင်၊ မယ်ဇလီပင် စတဲ့ အပင်အမျိုးအစားပေါင်း သုံးရာလောက်အထိ ရှိတယ်။ စိုက်ပျိုးတဲ့အခါ အပင်တစ်ပင်နဲ့တစ်ပင် တအားနီးရင်လည်း လင်းရိပ်ကျတတ်ပြီး၊ တအားဝေးရင်လည်း အစာမစုပ်ယူနိုင်တာမျိုးတွေ ရှိနိုင်ပါတယ်။ တစ်ပင်နဲ့တစ်ပင် ထားရမယ့်အကွာအဝေးကတော့ ကိုယ်စိုက်ပျိုးမယ့် ကပ်ပါးပင်ရဲ့ကြီးထွားနှုန်းအပေါ် မူတည်ပါတယ်။

ဟု ၎င်းက ဆက်လက်ပြောသည်။

    နံ့သာဖြူသည် နှစ်ရှည်ပင် အမျိုးအစားဖြစ်ပြီး၊ စိုက်သက်တမ်း (၅)နှစ်ဝန်းကျင်မှစတင်၍ အသီးဖူး စဝင်လေ့ရှိကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

3
u aung kyaw oo

u aung kyaw oo

လွန်ခဲ့သော ၂ နှစ် က

ကျွန်တော်ကရွာငံမြို့ကြီးကပါ ကပ်ပါးပင်ကိုပိန်းနဲပင်စိုက်ရင်ရမရ သိချင်ပါတယ်

soe lein

soe lein

လွန်ခဲ့သော ၄ နှစ် က

ရခိုင်ပြည်နယ်ဘယ်စိုက်ရင် ဘယ်လိုကင်းပါးပင်စိုက်ရမလဲဗျာ အကွာဝေးက ဘယ်လောက်ထားရမလဲ

ကိုထွန်းမြတ်

ကိုထွန်းမြတ်

လွန်ခဲ့သော ၅ နှစ် က

ဖောင်ကြီး နားစိုက်မယ်ဆိုရင် ဘယ်ကပ်ပါးပင်မျိုး သုံးသင့်လဲ ပင်ခြားတန်းခြား ကပ်ပါးအတွက်ပါ အသေးစိတ်လေး သိချင်ပါတယ်ခင်ဗျာ ပထမဆုံး အကြိမ်စိုက်ချင်တာမို့ပါ

You

ဆက်စပ်မေးခွန်းများ

ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လား‌ဗျ

ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....