အစိမ်းရောင်လမ်း
နဂါးမောက်သီးစျေးကွက် ခိုင်မာမှုရှိရန်လိုအပ်နေ

နဂါးမောက်သီးစျေးကွက် ခိုင်မာမှုရှိရန်လိုအပ်နေ

    ပြည်တွင်းပြည်ပ၌ စားသုံးသူလိုလားမှုရှိနေသည့် နဂါးမောက်သီးအား စျေးကွက်ခိုင်မာမှု ရရှိရန် လိုအပ်ချက်များ ရှိနေသေးကြောင်း ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများက ပြောသည်။

နဂါးမောက်သီးက စျေးကွက်ရှိပေမယ့် ဒေသတော်တော်များများမှာ စုပုံထွက်လာတဲ့ ရာသီချိန်ဆိုရင် စျေးနှုန်းမထိန်းချုပ်နိုင်တော့ပဲ တစ်လုံးကို ၅၀ ကျပ်၊ ၁၀၀ ကျပ်လောက်အထိကို စျေးကျကုန်ပါတယ်။ အခုလိုမျိုး ကြုံတွေ့နေရတာဟာ ပြည်တွင်းစားသုံးသူတွေက အသီးစားသုံးမှု အားနည်းနေသေးတာကြောင့်လည်း ပါသလို၊ အသီးတွေ ပိုလျှံတဲ့ရာသီချိန်မှာ နဂါးမောက်ယိုထိုးထားတာတို့၊ အေးခဲထားတာတို့ ပြုလုပ်ထားနိုင်အောင် နည်းပညာပိုင်း သိရှိဖို့လည်း လိုအပ်နေပါတယ်။

ဟု စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ နွယ်သာကီနဂါးမောက်ခြံမှ စီမံအုပ်ချုပ်သူ ဒေါ်ကေခိုင်ထွန်းက ပြောသည်။

    ထွက်ရှိသည့် နဂါးမောက်သီးများကို ရန်ကုန်၊ မန္တလေး၊ ချင်းပြည်နယ်၊ ကလေး၊ တမူးနှင့် အိန္ဒိယနယ်စပ်၊ မြဝတီနယ်စပ်ဒေသများသို့ တင်ပို့ရောင်းချနေပြီး၊ ပိုလျှံသည့် နဂါးမောက်သီးများကိုမူ နဂါးမောက်ဝိုင် ပြုလုပ်ရောင်းချကြောင်း သိရသည်။ 

နဂါးမောက်သီးစျေးက တစ်ကီလိုကို (၈၀၀)ကျပ်မှ (၂၅၀၀)ကျပ်အထိ စျေးနှုန်း အစားစားရှိပါတယ်။ စျေးကွက်ကတော့ ခိုင်မာမှုရှိဖို့ လိုအပ်နေပါတယ်။ တစ်ဖက်နိုင်ငံကို ရောင်းချတဲ့အခါ တောင်သူတွေအနေနဲ့ ဘာသာစကားအခက်အခဲတွေလည်း ကြုံတွေ့ရပါတယ်။

ဟု စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကျွန်းတောရေရှင်ကျေးရွာမှ နဂါးမောက်စိုက်ပျိုးသူ ဦးသန်းမြင့်က ပြောသည်။

    နဂါးမောက်သီးကို ပြင်ဦးလွင်၊ ကျောက်ပန်းတောင်း၊ ပခုက္ကူ၊ မိတ္ထီလာ၊ တောင်ကြီး၊ အောင်ပန်း၊ ဟဲဟိုး၊ ကသာ စသည့် ဒေသများ၌ စိုက်ပျိုးနေကြောင်း သိရသည်။

နန်းထက်ထက်ချစ်(ABM)

 ( ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေရှင့်)

You
Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လား‌ဗျ

ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....