မကွေးတိုင်းရှိ အာလူးစိုက်ပျိုးသူများ အွန်လိုင်းစနစ်ဖြင့် တင်ပို့ရောင်းချလာ
မကွေးတိုင်းရှိ အာလူးစိုက်ပျိုးသူများ အာလူးများရောင်းချရာတွင် ခေတ်မီစွာ အွန်လိုင်းစနစ်ဖြင့် တင်ပို့ရောင်းချလာကြကြောင်း သိရသည်။
ကျွန်တော်က အာလူးကို ဧက ၂၀ ကျော်လောက် စိုက်ပျိုးထားပါတယ်။ ကျွန်တော်တို့ဆီမှာက အာလူးကို အိမ်တင် အထိုင်ရောင်းနေတာပါ။ ပွဲရုံကိုသွားပို့တာမျိုး မဟုတ်ပါဘူး။ အွန်လိုင်းပေါ်ကပဲ ရောင်းပေးပါတယ်။ ဖုန်းနဲ့ပဲ ချိတ်ဆက်ရောင်းချနေတာပါ။ ဝယ်လက်ဘက်က အာလူးလိုချင်တယ်ဆိုရင် ကျွန်တော်တို့က ဘယ်ဈေးဘယ်ဈေးပြောတယ်၊ ကတ်တားပေါ်တင် ချိန်ပြပေးတယ်၊ ဝယ်ယူတဲ့အာလူးကို ကားပေါ်တင်ပို့ပေးလိုက်တယ်။ တင်ပို့ရောင်းချတဲ့အခက်အခဲတော့ သိပ်မရှိပါဘူး။
ဟု မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ဆင်ဖြူကျွန်းမြို့၊ စလင်းမြို့နယ်၊ မြောက်ရှားတောကျေးရွာမှ အာလူးစီးပွားဖြစ်စိုက်ပျိုးသူ ကိုနေမျိုး က ပြောသည်။
တူးဖော်ရရှိသည့် အာလူးများကို ရန်ကုန်မြို့၊ မန္တလေးမြို့များသို့လည်းကောင်း၊ ကျောက်ပန်းတောင်းရှိ အာလူးကြော်ဖိုများသို့လည်းကောင်း အများဆုံးတင်ပို့ရောင်းချနေကြောင်း သိရသည်။
အာလူးကြော်ဈေးကွက်ကတော့ ပျက်တယ်မရှိပါဘူး။ မပျက်ရောင်းနေရတာပါပဲ။ မျိုးဈေးကျတော့လည်း ကြော်အာလူးက ဈေးပိုပေးရတယ်။ ဈေးကွက်လည်း ခိုင်မာပါတယ်။ ချက်အာလူးနဲ့ ကြော်အာလူး စိုက်ပျိုးနည်းကတော့ သိပ်မကွာပါဘူး။ အတူတူပါပဲ။ တချို့ကတော့ ဒေသသီးတွေစိုက်တယ်။ တရုတ်မျိုးတွေဘာတွေလည်း စိုက်တယ်။ အာလူးစိုက်တဲ့အခါ အခက်အခဲကတော့ ဆောင်းတွင်းဘက် တူးဖော်ခါနီးဆို မှိုရောဂါတွေဘာတွေ ကျတတ်ပါတယ်။ ဈေးကွက်ကတော့ အာလူးများများပေါ်ချိန်ဆိုရင်တော့ ဈေးကျတတ်ပါတယ်။
ဟု ကိုနေမျိုးက ဆက်လက်ပြောသည်။
လက်ရှိတွင် အာလူးတစ်ပိဿာလျှင် (၈၀၀) ကျပ်မှ (၁,၀၀၀) ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားနေကြသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
အရွက်ကဘာဖြစ်လို့ဝါတာလဲ
ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022