ပြည်တွင်း သကြားစားသုံးမှုနည်းပါးသည့်အပြင် ကြံစိုက်ဧကများလည်း လျော့ကျလျက်ရှိ
ပြည်တွင်း၌ သကြားစားသုံးမှုပမာဏ နည်းပါးနေသည့်အပြင် ကြံစိုက်ဧကများမှာလည်း လျော့ကျလျက်ရှိကြောင်း ကြံ/သကြား ဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။
ဒီနှစ်မှာ အရင်နှစ်တွေကထက်စာရင် ကြံစိုက်ဧကတွေ လျော့ကျသွားပါတယ်။ အရင်တုန်းက မြန်မာနိုင်ငံအနေနဲ့ ကြံစိုက်ဧက (၅) သိန်းကျော်လောက် ရှိခဲ့တယ်။ ပြီးခဲ့တဲ့နှစ်ကတော့ (၄) သိန်းကျော်လောက်ပဲ ရှိတော့တယ်။ ဒီနှစ်မှာတော့ အဲ့ဒီထက်ပိုပြီး စိုက်ဧကလျှော့စိုက်လာကြတယ်။ အရင်နှစ်က ကြံစျေးနှုန်းပေးတာနည်းသွားလို့ ဒီနှစ်မှာ တောင်သူတွေက စိုက်ဧက လျှော့ချစိုက်ပျိုးပြီး၊ အခြားသီးနှံတွေကို ပြောင်းလဲစိုက်ပျိုးကြတယ်။ တဖြည်းဖြည်းနဲ့ စိုက်ဧကတွေ လျော့နည်းလာတာပေါ့။
ဟု မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း၏ ဒုတိယဥက္ကဌဦးဝင်းဌေးက ပြောသည်။
မြန်မာနိုင်ငံတွင် ကြံသီးနှံစိုက်ပျိုးရေးကို အဓိကအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တောင်ပိုင်း ၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း၊ ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း ဒေသများတွင် အများဆုံးစိုက်ပျိုးထုတ်လုပ်နေပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်မူ အနည်းအကျဉ်း စိုက်ပျိုးနေသည်။
မြန်မာနိုင်ငံအနေနဲ့ သကြားလုပ်ငန်းက ပြည်တွင်းစားသုံးမှု နည်းတယ်။ လူတစ်ယောက်ရဲ့ တစ်နေ့တာ သကြားစားသုံးမှုနှုန်းက တစ်နေ့ကို 8kg နှုန်းနဲ့ပဲတွက်ဦး။ တခြားနိုင်ငံတွေမှာ တစ်နေ့ကို သကြားစားသုံးမှု 13Kg နဲ့အထက်ရှိပါတယ်။ ရှေးယခင်ကဆို နိုင်ငံတစ်နိုင်ငံရဲ့ ချမ်းသာမှုနှုန်းကို သကြားစားသုံးမှုနဲ့ တိုင်းတာခဲ့ကြတာမျိုးတွေလည်းရှိတယ်။ သကြားစားသုံးမှုများတဲ့နိုင်ငံက ချမ်းသာတဲ့နိုင်ငံ။ အခုနောက်ပိုင်းမှာသာ ခေတ်တွေပြောင်းလာပြီးတော့ တစ်ခြား sector တွေနဲ့တိုင်းလာကြတာ။ အခြားနိုင်ငံတွေမှာ သကြားစားသုံးမှုများတယ်ဆိုတဲ့ ပမာဏက ပျမ်းမျှ 13Kg ကနေ 20 Kg လောက် စားသုံးကြတာပါ။ ဒါတောင်မှ တချို့ကလည်း ဆီးချိုရောဂါဖြစ်တာ သကြားစားသုံးမှုများလို့ဆိုပြီး အယူအဆလွဲနေတာမျိုးတွေ တွေ့လာရတယ်။ တကယ်တော့ သကြားကြောင့်ရယ်လို့မဟုတ်ဘဲ တချို့ သစ်သီးဝလံတွေမှာလည်း အချိုဓာတ်က ပါဝင်နေပြီးသားလေ။ အဲ့ဒီအပေါ်မှာ အယူအဆ အမြင်အမျိုးမျိူးဖြစ်နေကြတယ်။
ဟု ဦးဝင်းဌေးက ဆက်လက်ပြောသည်။
ပုံမှန်အားဖြင့် အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလများမှာ ကြံစိုက်ပျိုးချိန်များဖြစ်ပြီး၊ သကြားစက်ရုံများတွင် ကြံကြိတ်ဝါးမည့်ကာလနှင့် ကိုက်ညီအောင် စိုက်ပျိုးခြင်း ဖြစ်ကြောင်း သိရသည်။
ဆက်စပ်မေးခွန်းများ
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
အရွက်ကဘာဖြစ်လို့ဝါတာလဲ
ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022