အစိမ်းရောင်လမ်း
နွားစာစရိတ်သက်သာစေရန်နှင့် နွားစာပေါများဖူလုံစေရန် နေဗီယာမြက်ပင်များ စိုက်ပျိုးထားရှိသင့်

နွားစာစရိတ်သက်သာစေရန်နှင့် နွားစာပေါများဖူလုံစေရန် နေဗီယာမြက်ပင်များ စိုက်ပျိုးထားရှိသင့်

    နွားစာအတွက် ကုန်ကျစရိတ်သက်သာစေရန်နှင့် မိမိခြံအတွက် နွားစာများ ပေါများဖူလုံစေရန် နေဗီယာမြက်ပင်များကို စိုက်ပျိုးထားရှိသင့်ကြောင်း နွားမွေးမြူရေးလုပ်ကိုင်သူများက ပြောသည်။

ကျွန်တော်က နွားကောင်ရေ (၄၀) ကျော် မွေးမြူထားတယ်။ နေဗီယာမြက် (၄) ဧကကျော် စိုက်ပျိုးထားတယ်။ ဘာကြောင့်စိုက်လည်းဆိုတော့ နွားအတွက်လိုအပ်တဲ့ ပရိုတင်းဓာတ် အသားဓာတ်ကို ဒီမြက်က ရာခိုင်နှုန်းအများကြီးပေးစွမ်းနိုင်လို့ပါ။ ကျွန်တော်တို့ဒေသမှာ ပုံမှန်နွားစာအနေနဲ့ဆိုရင် ပဲဖတ်၊ နှမ်းဖတ်၊ နှံစားပြောင်း စတာတွေ ကျွေးမွေးကြတယ်။ ဒီအစာတွေက ကုန်ကျစရိတ်ရှိတဲ့အပြင် လိုအပ်တဲ့အချိန် အဆင့်သင့်မရတာမျိုး၊ သူ့ရာသီချိန်မဟုတ်လို့ ရှားပါးတာမျိုး ကြုံတွေ့ရတတ်တယ်။ ဒီလိုမဖြစ်အောင် နေဗီယာမြက်ကို ဧကလိုက်စိုက်ပျိုးထားတာပါ။ တခြားတောင်သူတွေလည်း နွားစာစရိတ်သက်သာချင်ရင် နေဗီယာမြက်ကိုစိုက်ပျိုးဖို့ တိုက်တွန်းလိုပါတယ်။

ဟု  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ကိုင်းတောကျေးရွာမှ စီးပွားဖြစ် နွားမွေးမြူရေးလုပ်ကိုင်သူ ဦးမောင်ငယ် က ပြောသည်။

    နေဗီယာမြက်ကို နွားစာအဖြစ် ကျွေးမွေးပါက နို့စားနွားများတွင် နို့ထွက်နှုန်း ပိုမိုကောင်းမွန်လာခြင်း၊ ခိုင်းနွားနှင့် အခြားနွားအမျိုးအစားများတွင် အသားအရေပိုမိုဖွံ့ဖြိုးလာပြီး လိုအပ်သောအာဟာရဓာတ်ပမာဏများ ပြည့်ဝစွာရရှိစေကြောင်း သိရသည်။

ကျွန်တော်က နေဗီယာမြက်တွေကို တခြားသီးနှံပင်တွေ စိုက်ပျိုးထုတ်လုပ်သလိုပဲ စနစ်တကျ မြေဩဇာကျွေးမွေး ရေပေးဝေပြီးကို စိုက်ပျိုးနေတာ ဖြစ်ပါတယ်။ ပင်ကြားတန်းကြား (၂) ပေခွဲခြားပြီး စိုက်တယ်။ မြေဩဇာအနေနဲ့ ပုံမှန်နွားချေးထည့်ပေးတယ်။ ရေပေးရမယ့်အချိန် ရေစနစ်တကျပေးတယ်။ နေဗီယာမြက်က ရေကြိုက်ပေမယ့် အပင်ခြေရေဝပ်တာ လုံးဝမကြိုက်ဘူး။ ရေပေးတဲ့အခါ ချိန်ဆပြီးပေးတတ်ရပါတယ်။ ဒီလိုပြုစုစောင့်ရှောက်ပြီး စိုက်ပျိုးတဲ့အတွက် သန်စွမ်းတဲ့မြက်ပင်တွေ ရရှိပါတယ်။ စတင်စိုက်ပျိုးပြီးကတည်းက လေးနှစ်ကြာတဲ့အထိ ပြန်စိုက်ရတာမျိုး မရှိသေးပါဘူး။ ရိတ်ပြီးနွားစာကျွေးလိုက် အသစ်ပြန်ပေါက်လိုက်နဲ့ပါပဲ။ တကယ့်ကိုတွက်ခြေကိုက်တဲ့မြက်မျိုး ဖြစ်ပါတယ်။

ဟု ဦးမောင်ငယ်က ဆက်လက်ပြောသည်။ 

    နေဗီယာမြက် စိုက်ပျိုးရာတွင် မြက်မျိုးငုတ်တိုများကို မြေကြီးအတွင်းသို့ အတည့်အတိုင်း ထောင်ထားစိုက်ပျိုးခြင်းထက်၊ ခပ်ယိုင်ယိုင်လှဲ၍ စိုက်ပျိုးခြင်းနှင့် တွင်းတူးမြေဖုံးစိုက်ပျိုးခြင်းတို့က ပိုမိုကောင်းမွန်ကြောင်း သိရသည်။ 

6
အိသက်ဖြူ

အိသက်ဖြူ

လွန်ခဲ့သော ၂ နှစ် က

လွန်ခဲ့သော၃နှစ်ဆိုတော့

KYAW SHANE

KYAW SHANE

လွန်ခဲ့သော ၂ နှစ် က

မြက်မျိုးလေးရချင်လို့ ကူညီပါဗျာ

မောင်

မောင်

လွန်ခဲ့သော ၅ နှစ် က

ဘယ်မှာဝယ်လို့ရနူင်မလဲ

ko kyaw

ko kyaw

လွန်ခဲ့သော ၅ နှစ် က

မြက်မျိုးဘယ်မှာရနှိုင်မလည်ဗျ

ko kyaw

ko kyaw

လွန်ခဲ့သော ၅ နှစ် က

တောင်ငူ နဲ့ အနီးဆုံး နေရာပြောပေးပါ

You

ဆက်စပ်မေးခွန်းများ

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

အရွက်ကဘာဖြစ်လို့ဝါတာလဲ

ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....