ငွေနှင်းမှိုစိုက်ပျိုးရာတွင် မျိုးထုပ်အသစ်နှင့် အဟောင်း ရောထွေးမစိုက်ပျိုးသင့်
ငွေနှင်းမှိုစိုက်ပျိုးရာတွင် မျိုးထုပ်အသစ်နှင့် အဟောင်း ရောထွေးမစိုက်ပျိုးသင့်ကြောင်း စီးပွားဖြစ် မှိုခြံလုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။
ငွေနှင်းမှိုကို ပိုးကောင်၊ မွှားကောင်၊ ယင်ကောင်တွေနဲ့ တအားနီးတဲ့နေရာမျိုးတွေမှာ မစိုက်သင့်ဘူး။ စိုက်ပျိုးတာကြာနေတဲ့ အထုပ်ဟောင်းနဲ့ အခုမှစစိုက်တဲ့ အထုပ်သစ်တွေနဲ့ကို တွဲမစိုက်သင့်တာလည်း သတိထားရမယ်။ နဂိုစိုက်ထားတာ (၂) လလောက်ကြာနေတဲ့ ရုံဟောင်းထဲကို အထုပ်သစ်တွေ ထည့်စိုက်တော့မယ်ဆိုရင် နဂိုအထုပ်ဟောင်းကို ဖယ်ရှားပြီးမှ အသစ်တွေဖြည့်စိုက်ရင်စိုက်၊ ဒါမှမဟုတ်ရင်လည်း ရုံတစ်ရုံ အသစ်ထပ်ဆောက်ပြီးမှ စိုက်သင့်တယ်။
ဟု ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မှော်ဘီတိုးဂိတ်အနီးရှိ ငွေနှင်းမှိုစိုက်ပျိုးရေးနှင့် မှိုမျိုးထုတ်လုပ်ရေး လုပ်ကိုင်သူ မဇာဇာလွင်(ခ)ဆည်းဆာ က ပြောသည်။
မှိုထုပ်အတွင်း ပိုးကျရောက်နေခြင်းကို စောလျင်စွာမသိရှိပါက မှိုရုံတစ်ရုံလုံး ပျက်စီးဆုံးရှုံးမှုနှင့်ရင်ဆိုင်ရနိုင်ကြောင်း သိရသည်။
အဓိကက မိုးတွင်းမှာ အဖြစ်များတာပေါ့နော်။ မှိုထုပ်အဟောင်းတွေနဲ့ တွဲထည့်ပြီး စိုက်ပျိုးမယ်ဆိုရင် လိမ္မော်ရောင်မှိုရောဂါ၊ ပယ်နဆလင်အစိမ်းတို့ ကျရောက်လာတတ်တယ်။ မှိုထုပ်အဟောင်းမှာရှိနေတဲ့ရောဂါက အထုပ်သစ်ဆီ ကူးစက်လာနိုင်တာပါ။ ကျန်တဲ့အချိန်တွေထက်စာရင် မိုးတွင်းဆို ပြဿနာပိုရှိနိုင်ပါတယ်။
ဟု ၎င်းက ဆက်လက်ပြောသည်။
ငွေနှင်းမှိုသည် အပူချိန်နှင့် စိုထိုင်းဆကို လိုအပ်သလို ဖြည့်ဆည်းပေးနိုင်ပါက ဒေသမရွေး ရာသီမရွေး စိုက်ပျိုး၍ရသည့် မှိုမျိုးတစ်ခုဖြစ်ပြီး၊ စီးပွားဖြစ်စိုက်ပျိုးရာတွင် ကြိုးဆွဲစနစ်နှင့် စင်စနစ် ဟူ၍ စိုက်ပျိုးစနစ် (၂) မျိုးဖြင့် စိုက်ပျိုးကြသည်။
ဆက်စပ်မေးခွန်းများ
ငြုပ်ပင်အရွက်ထွတ်နေလို့ ဘာဆေးသုံးရင်ကောင်းမလည်းဗျ ပုလဲကျွေးထားတာ ၁ပတ်လောက်ရှိပြီ ပုလဲပက်ပြီးမှအရွက်ကပိုထွတ်လာလို့ ဘာဆေးသုံးရမလည်းပြောပြပေးပါလားဗျ အသီးပွင်အားအေးရောတခါတည်းညွှန်းပေးပါလားဗျ
ဖိုးလပြည့် • ဖြေကြားချက် 4 ခု
အရင်ရက်က ဝတ်မှုန်ကူးထားတဲ့ အသီးတွေ မတက်ဘူး ပုတ်ကုန်လို့ ဘယ်လိုလုပ်ရမလဲ ဆရာတို့ ခင်ဗျာ။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
ဆရာခင်ဗျ ခရမ်းချဥ်ခင်းအတွက်ပါ ခရမ်းချဥ်ကတော့အသီးကတော့ အဆုတ်လိုက်တွေ သီးတာဗျ ဒါပေမဲ့ အပင်တက်ကျ နှေးနေလားလို့ဆရာ ဒီကြားထဲ ဆျာ ပီဖိုလန်ကို ရပ်ခိုင်းပီး ထွက်တိုးသုံးခိုင်းတာ နှစ်ကတ်တော့ဖျန်းပီးပီ နည်းနည်းတော့တက်လာတယ်ဆရာ အခုပထမပုံထဲက ရှယ်ပီကေ ကိုလဲ ဆျာပြောတဲ့ ပိုတက် အချိုးများလို့ အဲ့ဆေးလဲ ဖျန်းချင်တယ် အပင်ထိုင်သွားမှာလဲစိုးရတယ် အတာကို ဘယ်လိုဖျန်းသင့်လဲဆရာ ပီးတော့လေ ဝိစာရက ကပ်စီပလပ်နဲ့ မင်းမဟော်က မင်းသားက အာနိတင်တူလားဆရာ အဲ့ကယ်စီယမ်ပါတဲ့ဆေးတွေက ဘယ်နှစ်ရက်ကို ဘယ်နှစ်ကြိမ်လောက် ဖျန်းသင့်လဲဆရာ ကျွန်တော်ကတော့ ဘိုရွန်ပါတဲ့ ကပ်စီပလပ်ကိုကြိုက်မိနေလို့ ဆျာ အခုညနေက ဂရမ်း မှိုဆေးနဲ့ မင်းသား အားဆေးနှစ်မျိုးဖျန်းမှာပါဆရာ အတာပီးရင် ရှယ်ပီကေဝင်ချင်တာ အပင်ထိုင်သွားမှာစိုးလို့မဝင်ရဲဘူး အတာဆျာဘာဆေးတွေဝင်ရမလဲ အကြံပေးပါနော်ဆျာ မင်းသားနဲ့ ကယ်ီပလပ် ဘယ်ဟာနဲ့ရောတွဲရမလဲ နော်
U Yan • ဖြေကြားချက် 2 ခု
ဆရာကြီး ဆေးရွက်ကြီးသဘာဝပိုးသတ်ဆေးလုပ်နည်းမျှဝေပေးပါဆရာ။ ဆေးနှုန်းထားလေးလဲမျှဝေပေးပါဆရာ အပင်လောင်မှာကိုဆိုးရိမ်ရပါသလားဆရာ မျှဝေပေးပါအုန်း
U Than Toe Aung • ဖြေကြားချက် 4 ခု
ဂရန်600နဲမင်းသားမတ်ပဲးဖြန်လို့ရလား
ကိုနိုင်လင်း • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022