အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လျှော်ဖြူစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် အစေးထုတ်ခြင်းကို ခဏရပ်တန့်သင့်

လျှော်ဖြူစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် အစေးထုတ်ခြင်းကို ခဏရပ်တန့်သင့်

    လက်ရှိအခြေအနေတွင် ဈေးကွက်အလားအလာ ကျဆင်းနေခြင်းကြောင့် လျှော်ဖြူစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် အစေးထုတ်ခြင်းကို ခဏရပ်တန့်သင့်ကြောင်း လျှော်ဖြူဈေးကွက်ကျွမ်းကျင်သူများက ပြောသည်။

ဒီနှစ်အတွက် လက်ရှိ လျှော်ဖြူစျေးကွက်အခြေအနေလေး စဥ်းစားမိတာလေး ပြောချင်ပါတယ်။ လျှော်ဖြူစျေးကွက်ဟာ COVID-19 ဖြစ်တဲ့အချိန်ကစပြီး တရိပ်ရိပ် ကျဆင်းလာပါတယ်။ ကျွန်တော်တို့ စိုက်ပျိုးထုတ်လုပ်သူတွေက တစ်နေ့ကောင်းနိုး ကောင်းလာနိုးနဲ့ စောင့်ရင်း ထုတ်လုပ်ရောင်းချလာကြတာ အခုဆို လုံးဝတွက်ချေမကိုက်ဘဲ မရောင်းနိုင်တော့တဲ့ အောက်ဆုံးစျေးကို ရောက်နေပါပြီ။ ဆက်လက်အစေးထုတ်နေတာကို ရပ်သင့်ပြီလို့ထင်ပါတယ်။

ဟု မြန်မာနိုင်ငံ လျှော်ဖြူစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း ဒုတိယဥက္ကဌ (နန္ဒဝန်-လျှော်ဖြူစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ရေး)မှ ဦးဇင်မင်းသန့် က ပြောသည်။

    လျှော်ဖြူစိုက်ပျိုးထုတ်လုပ်ရောင်းချမှုဈေးကွက်မှာ ယခင်နှစ်များကထက် ပိုမိုတိုးတက်ကောင်းမွန်လာမည့် အလားအလာများ ရှိခဲ့သော်လည်း COVID-19 ဂယက်ပေါ်ပေါက်ခဲ့ခြင်းကြောင့် ဝယ်လိုအားများ အဆမတန်ကျဆင်းခဲ့ခြင်း ဖြစ်သည်။

တရုတ်ကညစ်လို့ ကုန်သည်တွေကညစ်လို့ဆိုတဲ့အကြောင်းကို အသာထားပြီး စျေးကွက်ကျဆင်းခြင်းရဲ့ ပကတိအကြောင်းတွေကိုပဲ သုံးသပ်ရရင် နောက်ဆက်တွဲအနေနဲ့ တရုတ်ပြည်က လုပ်ငန်းတော်တော်များများ ရပ်တန့်ရတာရယ် သယ်ယူပို့ဆောင်ရေးတွေ ခက်ခဲတာကြောင့်ရယ် စတဲ့အကြောင်းအရာမျိုးစုံကို အခြေခံပြီး ဝယ်လိုအားရောင်းလိုအား မမျှတမှုတာပါ။ ဈေးကွက်တွေပြန်လည်မျှတကောင်းမွန်လာဖို့ကတော့ လက်ရှိအခြအနေမှာ ကိုယ်ပိုင်စိုက်ပျိုးထုတ်လုပ်သူ၊ အငှားထုတ်သူအားလုံး အစေးထုတ်လုပ်မှုကို လာမယ့်အစေးထုတ်ရာသီအစအထိ နားသင့်တယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။ အဲ့ဒီလိုမှ မဟုတ်ရင်တော့ ဈေးကွက်ပြန်လည်ကောင်းမွန်မျှတလာဖို့ဆိုတာ မျှော်လင့်ချက်နည်းနိုင်ပါတယ်။

ဟု ဦးဇင်မင်းသန့် က ဆက်လက်ပြောသည်။

    COVID-19 မတိုင်မီ ကာလများက မြန်မာနိုင်ငံမှ လျှော်ဖြူစေးကို တရုတ်နိုင်ငံဈေးကွက်သို့ အဓိကထား တင်ပို့ရောင်းချခဲ့ကြပြီး၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ များသို့လည်း ရံဖန်ရံခါ ရောင်းချခဲ့ကြကြောင်း သိရသည်။

    လက်ရှိဈေးကွက်အတွင်း လျှော်ဖြူဝယ်ဈေးများမှာ ကြာဇံ တစ်ပိဿာလျှင် ကျပ် (၈၀,၀၀၀), ရေခဲပွင့် တစ်ပိဿာလျှင် ကျပ် (၁၈,၀၀၀), ပုံမှန်ထိပ်စ တစ်ပိဿာလျှင် ကျပ် (၈,၀၀၀), ဝမ်းစ တစ်ပိဿာလျှင် ကျပ် (၄,၅၀၀), အောက်စ တစ်ပိဿာလျှင် ကျပ် (၁,၀၀၀), ကြာဇံအတို တစ်ပိဿာလျှင် ကျပ် (၃၀,၀၀၀) ဈေးနှုန်းများ ရှိကြောင်း သိရသည်။

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You
Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချောင်းသာပေါ်ဆန်း ပျိုးပင်၅၅ရက်သား ရွက်ဖျားခြောက်နေလို့စိုက်ခင်းပြောင်းစိုက်ရန်ဖြစ်နိုင်ပါ့မလား ဆေးသုံးရင်လဲဘယ်လိုဆေးသင့်မလဲပြောပေးစေလိုပါတယ်ဓါတ်ပုံပို့ပေပါတယ်

U Myint Naing • ဖြေကြားချက် 2 ခု

မြေခံဓာတ်မြေသြဇာကို ကြဲစက်မဆွဲခင်ထည့်ရတာလား ကြဲစက်ဆွဲပီးမှထည့်ရတာလားဗျ

Aung Ko Zin • ဖြေကြားချက် 1 ခု

ခရမ်းပင် ဂျားထည်းမှာ တိုင်ထောင်ပဲ သီးညပ်ထည့်စိုက်လို့ရလားခရမ်းစိုက်ဘောင်အကြယ်ကတော့ ၃တောင် ပင်စင် ကတော့ ၂တောင်ချားထားပါတယ်

စိုးငြိမ်းထွန်း • ဖြေကြားချက် 1 ခု

ဝက်ဝယ်သူတွေမရှိတာဆိုးတယ်နော် ရှိတော့လည်း စျေးနှိမ်ကျတယ် တကယ်အစစ်အမှန်ကုန်သည်နဲ့တွေကျတယ် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် တိုက်စွန်းအောက်အင်းကျေးရွာ အောက်အင်းကျေးရွာကပါ ကူညီကြပါအုန်း အဆက်အသွယ်ကောင်းတွေနဲ့

Han Min Htut • ဖြေကြားချက် 0 ခု

မြေဆီလွားပျက်စီလို့ဘယ်လို့မျိုးလုပ်ရမလဲ

win kyaw kyaw • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။