အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြေဆီ/မြေဩဇာဈေးနှုန်းများတက်နေသော်လည်း ဖရဲ၊ သခွားမွှေးစိုက်ပျိုးမှု ရပ်တန့်ခြင်းမရှိ

မြေဆီ/မြေဩဇာဈေးနှုန်းများတက်နေသော်လည်း ဖရဲ၊ သခွားမွှေးစိုက်ပျိုးမှု ရပ်တန့်ခြင်းမရှိ

    မြေဆီ/မြေဩဇာဈေးနှုန်းများ မြင့်တက်နေသော်လည်း ဖရဲ၊ သခွားမွှေး စိုက်ပျိုးမှုများ ရပ်တန့်ခြင်းမရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရှိ ဖရဲ၊ သခွားမွှေးစိုက် တောင်သူများက ပြောသည်။

ဖရဲစိုက်ပျိုးတာက မြေဆီဖိုးတွေ အဲ့ဒီလောက်ထိမကုန်ဘူး။ သခွားမွှေးကတော့ မနှစ်တုန်းက စိုက်ပျိုးခဲ့တဲ့ ဆေးကြွင်းဆေးကျန်၊ မြေဆီကြွင်း မြေဆီကျန်လေးတွေ ရှိနေသေးတော့ ငါးဧက စိုက်မယ့်ဟာကို နှစ်ဧကလောက်တော့ စိုက်လို့ရသေးတာပေါ့။ တောင်သူတွေအနေနဲ့ ဈေးကွက်ကိုတော့ ချိန်လို့မရဘူးလေ။ ဒါပေမဲ့ ပြည်တွင်းဈေးကွက်လေးပဲ အားထားပြီး စိုက်နေကြတာပါပဲ။ နိုင်ငံရေးဘာညာ အဆင်ပြေတော့လည်း Export လမ်းတွေပြန်ပွင့်ပြီး ပြန်တင်ပို့လို့ရရင်လည်း ရပေါ့ဆိုပြီး စိုက်နေကြတာပါ။

ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာမှ ဖရဲ၊ သခွားမွှေး စိုက်ပျိုးသူ ဦးသိန်းနိုင်က ပြောသည်။

    ဖရဲတစ်ဧကစိုက်ပျိုးပါက ကုန်ကျစရိတ်စုစုပေါင်း ကျပ် (၂၅) သိန်းဝန်းကျင် ကုန်ကျပြီး၊ သခွားမွှေးတစ်ဧက စိုက်ပျိုးပါက ကုန်ကျစရိတ်စုစုပေါင်း (၃၅) သိန်းမှ ကျပ်သိန်း (၄၀) ဝန်းကျင် ကုန်ကျနိုင်ကြောင်း သိရသည်။

စိုက်ပျိုးကုန်ကျစရိတ်နဲ့ ပြန်ရတဲ့ဝင်ငွေနဲ့ တွက်ခြေကိုက်မကိုက်က ဝယ်လက်ပေါ်မှာလည်း မူတည်တာပေါ့။ မိုးရာသီမှာစိုက်ပျိုးတယ်ဆိုရင် နှစ်လခွဲ သုံးလဆို သီးတယ်၊ ဆောင်းရာသီမှာ စိုက်ပျိုးတယ်ဆိုရင် ရက်ကိုးဆယ်အကြာမှာ သီးတယ်။ အခုလည်း ခူးရောင်းနေသူတွေ ရှိနေပါပြီ။ ဈေးကွက်ကောင်းကောင်းမကောင်းကောင်း မှန်းပြီးစိုက်နေကြတာပဲ။

ဟု ဦးသိန်းနိုင်က ဆက်လက်ပြောသည်။

    လက်ရှိတွင် ဖရဲ၊ သခွားမွှေးသီးနှံစိုက်ပျိုးသူများအနေဖြင့် 855 ဖရဲမျိုး၊ ဘာဟူးဘာလီ ဖရဲမျိုး၊ 211 ဖရဲမျိုးများနှင့် သခွားမွှေးမျိုးများအနက် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိပြီး အလုံးလှပသည့် ဆင်ရွှေသခွားမွှေးမျိုးကို စိုက်ပျိုးမှုများပြားကြောင်း သိရသည်။

You

ဆက်စပ်မေးခွန်းများ

မင်းဧရာစပါးအစေ့ကအညိုရောင်လေးတွေဖြစ်ပြီးအပိန်လေးတွေဖြစ်နေလို့ဆရာ

Zaw Than Oo • ဖြေကြားချက် 0 ခု

ပိုးလားမှိုလားခင်ဗျ ပိုးဆေးကအာဘာမက်တင် ပရိုဖီနိုဖော့ဖြန်းထားပါတယ်ခင်ဗျမှိုဆေးကတော့ကော့ပါး +ကာဇူကာမိုင်ဇင်သုံးထားပါတယ် အမိုင်နိုပါတဲ့အားဆေးကိုပိုးဆေးးနဲ့တွဲပြီးဖြန်းထားပါတယ်ခင်ဗျ အဆင်ပြေမဲ့ဆေးနဲ့လိုအပ်ချက်တွေညွန်းပေးပါအုံးခင်ဗျ

ခင်ဇော်ဝင်း • ဖြေကြားချက် 1 ခု

မြေပဲခင်း ရက်40သားရပီ ဘာဆေးဖြန်းပေးရမလည်းဆရာတို့

Win Min • ဖြေကြားချက် 0 ခု

trichoderma အသုံးပြုနည်း သိပါရစေဆရာတို့ လူးနယ်ဆေး မြေခံထည့် ရွတ်ဖြန်း တို့ပြုလုပ်ရာမှာ သုံးရမယ့် ထရိုင်ကိုဒါးမားအမှုန့် ပမာဏကို တိတိကျကျ မသိဘူး ဖြစ်နေလို့ပါ

Khing Hein • ဖြေကြားချက် 0 ခု

ဧရာပဒေသာ၆၃ရက်သားအပေါ်အရွက်၃ရွက်အောက်ကအရွက်ရင့်တွေပုံပါအတိုင်းဖြစ်နေလို့ရောဂါလားအဟာရတောင်းတာလားခဗျပိုးတော့ရှင်းပါတယ်ခဗျာ

kyaw zin • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။