အစိမ်းရောင်လမ်း
သနပ်ခါးဈေးကွက် လည်ပတ်နေသော်လည်း အပင်ငယ်များသာ အရောင်းအဝယ်ဖြစ်ထွန်းနေ

သနပ်ခါးဈေးကွက် လည်ပတ်နေသော်လည်း အပင်ငယ်များသာ အရောင်းအဝယ်ဖြစ်ထွန်းနေ

    သနပ်ခါးဈေးကွက် လည်ပတ်နေသော်လည်း အပင်ငယ်များသာ အရောင်းအဝယ်ဖြစ်ထွန်းနေကြောင်း အရာတော်မြို့နယ်မှ သနပ်ခါးစိုက်ပျိုးသူများထံမှ သိရသည်။

သနပ်ခါးဈေးကွက်က အရောင်းအဝယ် သူ့ဟာနဲ့သူ မပြတ်ပေမယ့်လည်း၊ သနပ်ခါးအပင်ကြီး လုံးပတ်ကြီးတွေက တင်ပို့ရတာ မလွယ်ကူဘူးဖြစ်နေတယ်။ အဆံသေး လုံးပတ်သေးတွေလောက်ပဲ အရောင်းအဝယ်ဖြစ်ထွန်းနေတယ်။ သနပ်ခါးအပင်သေးတွေက ဝန်မကျယ်တော့ ဆိုက်တွဲတွေ၊ သုံးဘီးတွေနဲ့ တင်သွားလို့လည်း ဖြစ်တယ်လေ။ ဒီတော့ သနပ်ခါးခြံတွေကနေ အဲ့ဒီလိုအပင်ငယ်တွေကို လာဝယ်ကြတာများတယ်။ ဒေသအနီးတစ်ဝိုက်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တစ်ချို့မြို့နယ်တွေဆီကို ပြန်ပြီးရောင်းကြတာပေါ့။

ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ငြိမ်းစံကျေးရွာမှ သနပ်ခါးခြံလုပ်ငန်းလုပ်ကိုင်သူ ကိုနိုင်မိုးက ပြောသည်။

    တစ်ပင်လျှင် ၅၀၀၀ ကျပ် ဝန်းကျင်တန်ဖိုးရှိသည့် သနပ်ခါးအပင်ငယ်များကမူ သယ်ယူရလွယ်ကူသဖြင့် အရောင်းအဝယ် ပိုမိုဖြစ်ထွန်းမှုရှိနေကြောင်း သိရသည်။

သနပ်ခါးအပင်ကြီးတွေကျတော့ ကားငှားတင်ပို့မှ အဆင်ပြေတာပါ။ ဟိုနေရာမှာ ဟိုဟာဖြစ်၊ ဒီနေရာမှာ ဒီဟာဖြစ်နဲ့ဆိုတော့ သွားရေးလာရေးသိပ်မလွယ်တာကြောင့် ကားသမားတွေကလည်း မပို့ပေးရဲကြဘူး။ အရင်ကတော့ သနပ်ခါးခုတ်ပြီးချိန်ဆိုရင် ကားစင်းလုံးငှားပြီး မြို့တွေဆီ တင်ပို့လိုက်တယ်။ ကားခကို ကျသင့်သလောက်ပေးလိုက်ရင် အဆင်ပြေပြီ။ အခုကျတော့ တင်ပို့မှုကိုက မလွယ်တာ။ ဘုရားဖူးကားတွေနဲ့ ထည့်ပေးမယ်ဆိုတော့လည်း လူစီးကားတွေဆိုတော့ သိပ်အများကြီး အတင်မခံဘူးလေ။ အနည်းအကျဉ်းလောက်ပဲ တင်လို့ရတယ်။

ဟု ၎င်းက ဆက်လက်ပြောသည်။

    သနပ်ခါးခြံကြီးများမှာ လုံးပတ်ကြီးသနပ်ခါးများကို တင်ပို့ရောင်းချရန် မလွယ်ကူသဖြင့်၊ ခြံပြုစုထိန်းသိမ်းပုံမှန်လုပ်ပေးရင်း ဈေးကွက်ကောင်းကို စောင့်ဆိုင်းနေကြောင်း သိရသည်။

You

ဆက်စပ်မေးခွန်းများ

ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လား‌ဗျ

ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....