စိုက်ဧကများလျှော့ချစိုက်ပျိုးခဲ့သဖြင့် အသီးထွက်ချိန် ခရမ်းချဉ်သီးဈေးနှုန်း အတက်ဘက်သို့ ဆက်တိုက်ဦးတည်နေ
ရာသီဥတုပူပြင်း၍ ခရမ်းချဉ်စိုက်ဧကများ လျှော့ချစိုက်ပျိုးခဲ့သည့်အတွက် အသီးထွက်ချိန်တွင် ဈေးနှုန်းများ အတက်ဘက်သို့ ဆက်တိုက်ဦးတည်နေခြင်းဖြစ်ကြောင်း ကိုယ်တိုင်စိုက်ပျိုးသူများထံမှ သိရသည်။
ယခုနှစ်ရာသီချိန်တွင် အပူချိန်ပြင်းထန်သည့်အတွက် မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး စသည့် အပူပိုင်းဒေသများရှိ ခရမ်းချဉ်စိုက်ပျိုးသူအများစု စိုက်ပျိုးဧက လျော့ချစိုက်ပျိုးခဲ့ကြသည်။
သို့ဖြစ်၍ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခရမ်းချဉ်သီးအထွက်နှုန်းများ ကျဆင်းပြီး ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတကာ ခရမ်းချဉ်သီးဈေးကွက် ဆက်တိုက်အတက်ဘက်သို့ ဦးတည်နေသည်။
ရှမ်းသီးပဲဖြစ်ဖြစ်၊ ဘယ်ခရမ်းချဉ်သီး အမျိုးအစားဖြစ်ဖြစ် ဈေးတက်နေပါတယ်။ မနှစ်ကတုန်းက ခရမ်းချဉ်စိုက်ပျိုးသူတွေ အရမ်းရှုံးခဲ့ကြတယ်။ ဒါ့ကြောင့် ဒီနှစ်မှာတော့ ဈေးကောင်းရနိုင်မယ်လို့ ခန့်မှန်းမိပါသေးတယ်။ သို့သော် တောင်သူတွေအနေနဲ့ ခရမ်းချဉ်သီးစိုက်မယ်ဆိုရင် မတ်လမှာ စိုက်ပျိုးခဲ့မှ ဒီအချိန်မှာ ကောင်းကောင်းမွန်မွန် ခူးရောင်းရမှာကိုး။ ဒီနှစ် မတ်လက နေတအားပူပြင်းတယ်၊ ရာသီဥတု အရင်ထက်ပိုပူတော့ စိုက်တဲ့သူဆိုလည်း ထပ်ရှုံးဦးမှာပါပဲလေ။ ဒါ့ကြောင့် စိုက်ဧက လျော့စိုက်သူများတယ်။
ဟု မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှ စီးပွားဖြစ် သီးနှံစုံစိုက်ပျိုးသူ ဦးဟန်ဇော်သက်က ပြောသည်။
ခရမ်းချဉ်သီးပင်စိုက်ပျိုးရာတွင် အစေ့စတင်ပျိုးထောင်ချိန်မှစပြီး အသီးထွက်ရှိချိန်အထိ ရက်ပေါင်း(၈၀)မှ(၉၀)ရက်အတွင်း အချိန်ပေးစိုက်ပျိုးကြရသည်။
စီးပွားဖြစ်စိုက်ပျိုးသူများအနေဖြင့် မိမိဒေသ၏ ရာသီဥတုအခြေအနေနှင့် ရရှိလာမည့် အထွက်နှုန်း၊ တင်ပို့ရောင်းချမည့်ဈေးကွက်၏ ဝယ်လိုအား၊ တစ်နိုင်ငံလုံးရှိ ခရမ်းချဉ်သီးပင် စိုက်ပျိုးဧကစုစုပေါင်းတို့အပေါ် ချင့်ချိန်နှိုင်းဆ စိုက်ပျိုးသင့်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။
အညာဘက်မှာ ဒီနှစ် ခရမ်းချဉ်သီးတွေ များများစားစားမထွက်တဲ့အတွက် အခုလိုမျိုး ဈေးတွေ တက်ကုန်တာပါ။ သို့သော် ရာသီဥတုပူပြင်းတာကြောင့်အပြင် အကြောင်းအရင်း နောက်တစ်ခုရှိတာတော့ တောင်သူအများစုက ဈေးကောင်းရတဲ့အချိန်မှာမှ သီးနှံကိုလိုက်ပြီး စိုက်လေ့ရှိတာပါ။ မနှစ်ကဈေးကွက်မကောင်းတော့ ဒီနှစ်မှာ သိပ်မစိုက်ကြတော့ဘူး။ ဒီနှစ်မှာ ဈေးကွက်ကောင်းပြန်တော့ ခရမ်းချဉ်တွေကို အခုလည်း တအားစိုက်နေကြပြန်တယ်။ အင်တာနက်မှာလည်း တွေ့မှာပေါ့နော်။ ခရမ်းချဉ်ချည်းပဲကို ဆယ့်နှစ်ဧကလောက် စိုက်တဲ့သူတောင် ရှိပါတယ်။
ဟု ဦးဟန်ဇော်သက်က ဆက်လက်ပြောသည်။
လက်ရှိ ခရမ်းချဉ်သီးဈေးနှုန်းများမှာ အရည်အသွေးပေါ်မူတည်၍ လက်ကားဈေး တစ်ပိဿာလျှင် (၁၄၀၀) ကျပ်မှ (၂၄၀၀) ကျပ်အတွင်း ပေါက်ဈေးရှိနေကြောင်း သိရသည်။
khaing zaw thoo
လွန်ခဲ့သော ၅ နှစ် ကခရမ်းချဥ် ဘယ်အချိန်ဘယ်လမှာစိုက်လို့ရပါသလဲ
ဆက်စပ်မေးခွန်းများ
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
အရွက်ကဘာဖြစ်လို့ဝါတာလဲ
ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022