ခရမ်းချဥ်သီးဈေး မကြုံဖူးတဲ့ဈေးဖြင့် ထူးကဲစွာမြင့်တက်
ခရမ်းချဥ်သီးဈေးနှုန်းများ ထူးကဲစွာမြင့်တက်နေသည့်အတွက် ရာသီချိန်အမီ စိုက်ပျိုးခဲ့သည့်ခြံများ အဆင်ပြေနေကြကြောင်း ဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။
"ခရမ်းချဥ်သီးဈေးက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကို မြင့်တက်နေပါတယ်။ မိုးကုန်ခါနီးလောက်က စိုက်ပျိုးခဲ့တဲ့ ခြံတွေတော့ ဈေးကောင်းနဲ့ကြုံသွားတာပေါ့။ မိုးကုန်ခါနီးက စိုက်ထားတဲ့ခရမ်းချဥ်ခြံတွေက ဖေဖော်ဝါရီလလောက်အထိ ခူးနေရဦးမှာပါ။ ခါတိုင်းနှစ်တွေဆိုရင်လည်း ဒီရာသီက ခရမ်းချဥ်သီး ဈေးကောင်းရတဲ့ ရာသီချိန်ပဲ ဆိုပေမယ့် ဒီနှစ်ကတော့ ဘယ်တုန်းကမှမကြုံဖူးအောင်ကို ဈေးကောင်းနေတာပါ။"
ဟု မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှ ခရမ်းချဥ်သီးဈေးကွက်ကျွမ်းကျင်သူ ကိုအောင်ချမ်းသာက ပြောသည်။
လက်ရှိဈေးကွက်အတွင်း ခရမ်းချဥ်သီး တစ်ပိဿာလျှင် လက်လီဈေး ၂၅၀၀ ကျပ်၊ လက်ကားဈေး ၂၃၀၀ ကျပ်ဝန်းကျင် ပေါက်ဈေးများရှိနေကြောင်း သိရသည်။
"ဒါတောင် အခုဈေးက နည်းနည်းလေး ပြန်ကျသွားတဲ့ဈေးပါ။ အစောပိုင်းကဆိုရင် ခရမ်းချဥ်သီး တစ်ပိဿာကို သုံးထောင်ကျပ်အထိကို ဈေးထိုးတက်သွားခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့တစ်ပတ်လောက်အထိကို သုံးထောင်ကျပ် ဈေးရရှိခဲ့ပါတယ်။ အောက်တိုဘာလလောက်ကတည်းက ဈေးကစပြီး မြင့်တက်လာတာပါ။"
ဟု ကိုအောင်ချမ်းသာက ဆက်လက်ပြောသည်။
ယခုနှစ်တွင် စိုက်ပျိုးရေး သွင်းအားစုစရိတ်များ မူလကထက် ၂ ဆမြင့်တက်နေခြင်းကြောင့် ခရမ်းချဥ်သီး စိုက်ပျိုးသူအများစုမှာ စိုက်ဧကများကို လျှော့ချစိုက်ပျိုးခဲ့ကြသည်။ သို့ဖြစ်၍ ဈေးကွက်လိုအပ်ချက်နှင့် အထွက်နှုန်း မညီမျှခြင်းကြောင့် ဈေးနှုန်းများ အဆမတန် မြင့်တက်သွားခြင်းဖြစ်သည်ဟု ဈေးကွက်ကျွမ်းကျင်သူများ၏ သုံးသပ်ချက်အရ သိရှိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗျူးပွိုင့်
လွန်ခဲ့သော ၄ နှစ် ကကသာမြိ ု့ မှာ ၂၄့ ၁့ ၂၀၂၂ တစ်ပိဿာ ၃၀၀ ၄၀၀ ပါ
ဆက်စပ်မေးခွန်းများ
ငါးအမိုင်နိုအားဆေးလုပ်ရင် ငါးခေါင်းတွေနဲလုပ်လို့ရလားဗျ...ဥပမာ.ငါးဒန်ခေါင်းလို့ ငါးတွေနဲဆိုရလားဗျ
Ko Phyo • ဖြေကြားချက် 0 ခု
နွားဝယ်လာတာနွားကအစားကောင်းမစားအနည်းငယ်သာစားအစားကောင်းလာအောင်ဝလာအောင်ဘယ်လိုလုပ်ရမလဲဖြေပေးကျပါဗျအစားစားလာအောင်အဓိကရှင်းပြပေးပါဆေးနည်းပြောပေးပါ
zin Phyo naung • ဖြေကြားချက် 0 ခု
စပါးက ဖုန်းနေပါပြီ/လိုအပ်ရင်အသီးအပွင့်ကောင်းအောင်ဆေးဖြန်းချင်တာဆရာဘယ်အချိန်လောက်ရယ်/ဆေးရယ်သိချင်လို့ပါဆရာ/15ပတ်လည်လည်းကျွေးထားပါတယ်
Zaw Than Oo • ဖြေကြားချက် 2 ခု
ငရုတ်ပင်လေးတွေအခြေတွေပြတ်ကျနေလို့ဘာရောဂါလည်းဘယ်လိုကာကွယ်ရမလဲဗျဆရာများညွန်ပေးကြပါအုံးဗျ
မောင်လှမျိုးအောင် • ဖြေကြားချက် 3 ခု
ကွမ်းပင်မှိုကပ်လို့ ခုပြတဲ့ဆေးတွေသုံးလို့ရလားဗျ ရမရနဲ့ ဆေးကောင်းကျိုးဆိုးလေးပြောပြပေးပါအုန်းဗျား ကျေးဇူးတင်ပါတယ်
Kyaw Aye • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၃၁.၈ -၄.၉.၂၀၂၆)
05/09/2026
စိုက်ပျိုးသုတ ...စက်တင်ဘာလ
04/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022