အစိမ်းရောင်လမ်း
ဩဂုတ်လအတွင်း ငရုတ်သီးအစိမ်းဈေးကွက် အတက်အကျကြမ်းနေ

ဩဂုတ်လအတွင်း ငရုတ်သီးအစိမ်းဈေးကွက် အတက်အကျကြမ်းနေ

    ၂၀၂၀ခုနှစ်၊ ဩဂုတ်လအတွင်း ငရုတ်သီးအစိမ်း ဈေးကွက်မတည်ငြိမ်ဘဲ ဈေးအတက်အကျကြမ်းနေကြောင်း ဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။

ကိုဗစ်ဖြစ်တော့ နယ်စပ်ထွက်ပေါက်တွေပိတ်တာကြောင့် ငရုတ်သီးတွေက ပမာဏများများ မထွက်နိုင်ဘူး။ ပုံနေတာကြောင့်လည်း ပါတယ်။ ငရုတ်သီးဈေးက ခန့်မှန်းရခက်တယ်။ ၂၁၀၀, ၁၆၀၀, ၁၄၅၀, ၁၃၅၀, ၁၁၀၀ ကျပ်ကနေ ဒီနေ့ညနေပိုင်းမှာ ၈၅၀ ကျပ် အထိ ကျသွားတယ်။ အနီက ရောင်းမထွက်လည်း ငရုတ်သီးခြောက်လှန်းလို့ရတော့ အဲ့ဒီလောက်ထိ ဈေးအတက်အကျမမြန်ဘူး။ အစိမ်းက အတက်အကျမြန်တာ။

ဟု ငရုတ် ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဌ ဒေါ်ဥမ္မာကျော်က ပြောသည်။

    မြန်မာနိုင်ငံနှင့်အပြိုင် ငရုတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့နေသည့် အိမ်နီးချင်းနိုင်ငံတချို့လည်း ရှိနေသဖြင့် ရေရှည်ဈေးကွက်ကောင်းများ ရရှိနိုင်စေရန်အတွက် အရည်အသွေးပိုင်းကို ထိန်းချုပ်၍ စနစ်တကျ စိုက်ပျိုးထုတ်လုပ်သင့်ကြောင်း သိရသည်။

ဝယ်လက်တွေက မြန်မာနိုင်ငံမှာစိုက်ပျိုးထုတ်လုပ်တဲ့ ငရုတ်သီးကိုတော့ ကြိုက်ကြတာများတယ်။ ဒါပေမဲ့ အရည်အသွေးထိန်းချုပ်ပြီး စနစ်တကျစိုက်ပျိုးမယ်ဆိုမှ ငရုတ်သီးတင်ပို့ရောင်းချနေတဲ့ တခြားနိုင်ငံတွေနဲ့အပြိုင် ရေရှည်ဈေးကွက်ကောင်းတွေ ရနိုင်မှာပါ။

ဟု ဒေါ်ဥမ္မာကျော်က ဆက်လက်ပြောသည်။

    ၂၀၂၀ ခုနှစ် ဩဂုတ်လ (၁၀) ရက်နေ့အထိ ပေါက်ဈေးများအရ ငရုတ်သီးအစိမ်း တစ်ပိဿာလျှင် (၈၅၀) ကျပ်၊ ငရုတ်သီးအနီ တစ်ပိဿာလျှင် (၁၃၅၀) ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်နေသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)

မိုးမိုးအောင်

မိုးမိုးအောင်

လွန်ခဲ့သော ၇ လ က

ဘယ်ရာသီစိုက်ရတာလည်း ငရုတ်သီးကို

You
Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

အရွက်ကဘာဖြစ်လို့ဝါတာလဲ

ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....