လုပ်သားအင်အားရှားပါးလာခြင်းကြောင့် အာလူးစိုက်ပျိုးသူများ ခေတ်မီစက်ကိရိယာကို အသုံးပြုစိုက်ပျိုးလာကြ
လုပ်သားအင်အား တစ်စစရှားပါးလာခြင်းကြောင့် အာလူးစိုက်ပျိုးသူများအနေဖြင့် ခေတ်မီစက်ကိရိယာကို အသုံးပြု၍ စိုက်ပျိုးထုတ်လုပ်လာကြကြောင်း သိရသည်။
အခုနောက်ပိုင်းမှာ လုပ်သားရှာပါးလာတာကြောင့် လူအင်အားနဲ့မစိုက်တော့ဘဲ စက်နဲ့ပဲ စိုက်လာကြတယ်။ ဘောင်တင်ရင်လည်း စက်နဲ့၊ ဆေးဖျန်းရင်လည်း စက်နဲ့၊ အာလူးတူးဖော်ရင်လည်း စက်နဲ့ အကုန် ပေါက်ပြားကို သိပ်မသုံးဖြစ်တော့တာ။ ဧကသိပ်မများတဲ့ တောင်သူတွေလည်း တစ်နိုင်တပိုင် လက်တွန်းထွန်စက်တွေကို အသုံးပြုစိုက်ပျိုးလာကြတယ်။ လက်တွန်းထွန်စက်နဲ့ စိုက်ကြောင်းဖော်တယ်။ မြေသြဇာထည့်တာနဲ့ ပျိုးပင်ထည့်တာနဲ့ကို လူသုံးလိုက်တယ်။ ပြီးရင် ပြန်ဖုံးလိုက်တယ်။ ဘာဖြစ်လို့ဆိုရင် လုပ်သားအရင်းအမြစ်က အရမ်းရှားလာလို့ပါ။ လူတိုင်းက ကိုယ်ပိုင်သီးနှံစိုက်တယ်။ ကိုယ်ပိုင်အလုပ်လုပ်လာတယ်ဆိုတော့ လူငှားရဖို့ အဆင်မပြေတော့ဘူး။ စက်နဲ့ကျတော့ စနစ်ကျတယ်။ လေဘာခ သက်သာတယ်။ အချိန်ကုန်သက်သာတယ်။ အချိန်အတိအကျ ပြီးစီးတယ်။
ဟု ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နောင်တရားအာလူးအသင်းဥက္ကဌ ဦးခွန်ဆန်းဦးက ပြောသည်။
အာလူးထွက်နှုန်းတိုးတက်စေရန်နှင့် အရည်အသွေးကောင်းအာလူးများ ထုတ်လုပ်နိုင်စေရန်အတွက် ခေတ်မီစိုက်ပျိုးနည်းစနစ်များကိုလည်း ပြောင်းလဲအသုံးပြုလာကြသည်။
အာလူးစိုက်ပျိုးထုတ်လုပ်ရာမှာ ပုံမှန်တောင်သူစိုက်စနစ်နဲ့ အခုနောက်ပိုင်း ခေတ်မီစိုက်ပျိုးစနစ်တွေနဲ့ နည်းနည်းတော့ကွာလာတာပေါ့။ ပင်ကြားမှာ သိပ်မကွာပေမယ့် တန်းကြားအကျဉ်းအကျယ် ကွာတယ်။ ပုံမှန်တောင်သူစိုက်စနစ်မှာ တန်းကြားကို လက်မ(၂၀)လောက် ထားစိုက်တယ်။ အခုကျွန်တော်တို့ စိုက်တဲ့စနစ်မှာက (၂၈)လက်မလောက် ထားစိုက်တယ်။ ပင်ကြားကတော့ မျိုးဥနည်းနည်းသေးရင် (၈) လက်မ၊ မျိုးဥနည်းနည်း ကြီးရင် (၁၀)လက်မထားတယ်။ အမှန်ကတော့ တန်းကြားကို နည်းနည်းလေး ချဲပေးတာက ပိုသင့်တော်တယ်။ နည်းနည်းလေး ပိုချဲစိုက်တဲ့အခါကျတော့ မြေကြီးမှာလည်း လေဝင်လေထွက်ကောင်းပြီး အပင်ကြီးလာတဲ့အခါ အာလူးသီးဘုလုံးတွေ ကြီးထွားဖို့အဆင်ပြေစေပါတယ်။ မြေနေရာကျဉ်းတဲ့တောင်သူများအနေနဲ့ကတော့ မြေနေရာအပေါ် မူတည်စိုက်ပျိုးကြတာလည်း ရှိပါတယ်။ ကျွန်တော်တို့ဒေသမှာက မြေကလည်း ရှားတာကိုး။
ဟု ဦးခွန်ဆန်းဦးက ဆက်လက်ပြောသည်။
အောင်မြင်ဖြစ်ထွန်းသည့် အာလူးစိုက်ပျိုးရေးခြံတစ်ခု ဖြစ်လာစေရန် ရာသီဥတုမှန်ကန်ခြင်း၊ မျိုးကောင်းမျိုးသန့်များ အသုံးပြုစိုက်ပျိုးခြင်း၊ စိုက်နည်းစနစ် မှန်ကန်ခြင်း၊ အတွေ့အကြုံအရ သုံးသပ်ချက်များ မှန်ကန်စနစ်ကျခြင်းတို့ လိုအပ်ကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
အရွက်ကဘာဖြစ်လို့ဝါတာလဲ
ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022