မြန်မာ့ထောပတ်တောင်သူများ အပင်ထိန်းသိမ်းစောင့်ရှောက်မှုများပြုလုပ်ရင်း ဈေးကွက်ကောင်းစောင့်ဆိုင်းနေ
မြန်မာ့ထောပတ်သီး တောင်သူများ ဈေးကွက်ရာသီချိန်မတိုင်မီ အပင်ထိန်းသိမ်းစောင့်ရှောက်မှုများ ပုံမှန်ပြုလုပ်ရင်း ဈေးကွက်ကောင်းကို စောင့်ဆိုင်းနေကြကြောင်း မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။
လက်ရှိအခြေအနေတွင် အခြားသီးနှံများ ဈေးကွက်ကျဆင်းမှု အနည်းနှင့်အများဆိုသလို ကြုံတွေ့နေရသော်လည်း၊ မြန်မာ့ထောပတ်သီး တင်ပို့ရောင်းချမှုမှာ ဈေးကွက်ရာသီချိန်သို့ မရောက်ရှိသေးသည့်အတွက် အပင်ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်ရင်း ဈေးကွက်ကောင်း စောင့်ဆိုင်းနေသည့် ကာလဖြစ်သည်။
ထောပတ်သီးဈေးကွက်က လုံးဝကြီးပျက်နေတာမျိုးတော့ မရှိပါဘူး။ အသီးအလုံးကြီးတွေ ထွက်လာပြီး ဈေးကွက်တင်ပို့ရောင်းချလို့ရတဲ့ အချိန်ကို မရောက်သေးတာကြောင့် အချိန်လည်းရပါသေးတယ်။ သို့သော် ထောပတ်ပင်ဟာ နှစ်ရှည်ပင်ဖြစ်တဲ့အတွက် ဈေးကွက်ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ အပင် ပြုစုစောင့်ရှောက်မှုကိုတော့ ရပ်ထားလို့မရဘူး။ ပုံမှန်လေး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ပေးနေရပါမယ်။ နိုင်ငံရေးမကောင်းလို့၊ ကိုဗစ်ကြောင့်မို့လို့၊ ဘာကြောင့်မို့လို့ ဆိုပြီး အပင်တွေကို ရပ်ထား၊ ပစ်ထားမယ်ဆိုရင် စိုက်ပျိုးသူတွေအနေနဲ့ ဆုံးရှုံးနစ်နာမှုတွေ နှစ်ထပ်ကွမ်း၊ သုံးထပ်ကွမ်းအထိ ကြုံရနိုင်ပါတယ်။ အခုအချိန်ကတော့ ထောပတ်သီးတွေ စသီးကာစ၊ သီးကင်းလေးတွေ စဝင်တဲ့ အချိန်ကို ရောက်နေတာဖြစ်တယ်။
ဟု မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ ဒုတိယဥက္ကဌ ဦးမျိုးညွှန့်က ပြောသည်။
ဧပြီလ၊ မေလတို့သည် ထောပတ်ပန်းပွင့်ပြီးနောက် ထောပတ်သီးကင်းဝင်ချိန်ဖြစ်သည့်အတွက် အရည်အသွေးပြည့်မီ၊ ဈေးကွက်မျက်နှာပန်းလှစေမည့် ထောပတ်သီးများထွက်ရှိစေရန် အပင်ပြုစုထိန်းသိမ်းစောင့်ရှောက်မှုများကို ကြိုတင်လုပ်ဆောင်ပေးသင့်ကြောင်း သိရသည်။
အခုလိုမျိုး သီးကင်းစဝင်တဲ့အချိန်မှာဆိုရင် ထောပတ်ပင်ခြံတွေမှာ လိုအပ်တဲ့ကြိုတင်ကာကွယ်မှုတွေ လုပ်ပေးနေရပါတယ်။ သံချေးမှိုရောဂါ (ထောပတ်သီးအခွံပေါ် ဂျွတ်တက်တတ်သည့် မှိုရောဂါတစ်မျိုး) ကာကွယ်နိုင်ဖို့အတွက်ပါ။ ထောပတ်ပန်းပွင့်ပြီး သီးကင်းလေးစဝင်တဲ့အချိန်မှာ Thrips -သရစ် လို့ခေါ်တဲ့ ထောပတ်ပင်နဲ့အသီးကိုဒုက္ခပေးတဲ့ အင်းဆက်ပိုးကောင်ငယ်လေးတွေ ကိုက်တတ်တယ်။ အဲ့ဒီ ပိုးကောင်လေးတွေက ထောပတ်သီးကို ကိုက်လိုက်တဲ့နေရာကို သံချေးမှိုရောဂါ ဝင်ရောက်သွားတယ်။ အသီးကြီးလာတာနဲ့အမျှ ဒဏ်ရာကလည်းကြီးလိုက်လာပြီး၊ ထောပတ်သီးအခွံမှာ ဂျွတ်တက် အနာတွေဖြစ်လာတယ်။ ဈေးကွက်တင်ပို့တဲ့အခါ မျက်နှာပန်းမလှ ဖြစ်သွားတတ်ပါတယ်။ စားသုံးသူက အသီးဝယ်တဲ့အခါ အလုံးလှတာကို ကြည့်ဝယ်တဲ့အတွက် ဒီလိုရောဂါမျိုးမဖြစ်အောင် ကြိုတင်ကာကွယ်ထားဖို့ လိုအပ်ပါတယ်။
ဟု ဦးမျိုးညွှန့်က ဆက်လက်ပြောသည်။
ထောပတ်သီးအခွံပေါ်တွင် ဂျွတ်တက်ခြင်းမျိုး မဖြစ်ပွားဘဲ၊ အရည်အသွေးကောင်း အလုံးချောသည့် ထောပတ်သီးများ ရရှိစေရန် ပန်းပွင့်ချိန်နှင့်သီးကင်းစဝင်ချိန်တွင် နိုင်ငံတော်မှခွင့်ပြုထားသည့် (တရားဝင်မှတ်ပုံတင်ထားသည့်)ကုမ္ပဏီများမှ တင်သွင်းဖြန့်ချိသည့် ပိုးသတ်ဆေးမျိုးကိုသာ သုံးစွဲ၍ ကြိုတင်ကာကွယ်သင့်ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ ထောပတ်ခြံများအတွက် အသီစတင်ခူးဆွတ်သည့် အသီးခူးရာသီချိန်များမှာ နှစ်စဉ် နိုဝင်ဘာလ၊ ဒီဇင်ဘာလ၊ ဇန်နဝါရီလများ ဖြစ်ကြောင်း သိရသည်။
ခွန်
လွန်ခဲ့သော ၅ နှစ် ကhi
ခင်စောဝင်း
လွန်ခဲ့သော ၅ နှစ် ကထောပတ်သီး ထဲမှာမမှည့်ပဲနဲ.ချပ်ဖြစ်ပြီးစားလို.မရတာကြောင့်ဝယ်မစားရဲတာကြာပါပြီ
လှိုင်မင်းထွန်း
လွန်ခဲ့သော ၅ နှစ် ကထေားပတ်နဲ့ဒညင်းစိုက်လို့ရမလးဗျ
ဆက်စပ်မေးခွန်းများ
ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လားဗျ
ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022