အစိမ်းရောင်လမ်း
တစ်ပတ်အတွင်း လယ်ယာထွက်ကုန် သီးနှံစျေးကွက် နှိုင်းယှဉ်သုံးသပ်ချက်

တစ်ပတ်အတွင်း လယ်ယာထွက်ကုန် သီးနှံစျေးကွက် နှိုင်းယှဉ်သုံးသပ်ချက်

AMIA
AMIA Greenovator 23/12/2019

ဆန်၊ စပါး
ဆန်တွေရော စပါးတွေရော လက်ရှိမှာအသစ်တွေ ထွက်ရှိလာပြီဖြစ်တဲ့အတွက်ကြောင့် အဟောင်းဈေး တွေကတော့ ငြိမ်သွားပါတယ်။ စပါးအသစ်တွေကတော့ လတ်တလောမှာ အစို ကျန်နေသေးတဲ့အ တွက် ဈေးကတော့ သိပ်မရသေးဘူးလို့ သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ဆန်သစ်တွေလည်းထွက်ရှိလာပြီဖြစ်ပြီး ဈေးကတော့တက်လာပါတယ်။ ဆန်ကောင်းရင်ဈေးကောင်းတဲ့ အခြေအနေပါ။ ကြားပျံရှယ်သစ်က တစ်အိတ်ကို ၂၆၀၀၀ ကနေ ၂၇၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ လောက်တက်လာပါတယ်။ ပေါ်ဆန်းသစ်ရှယ် ကလည်း တစ်အိတ်ကို ၂၅၀၀၀ ကနေ ၂၆၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးတက်လာခဲ့ပါတယ်။

ပုသိမ်ဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းမွှေးစပါး  နဲ့ မြောင်းမြ ပေါ်ဆန်းမွှေး စပါး (အသစ်)က တင်း ၁၀၀ ကို ၆၂၂၀၀၀ ပေါက်ဈေးရှိပြီး ဆန် အသစ်ကတော့ တစ်အိတ်ကို ၂၅၀၀၀ ပေါက်ဈေးရှိပါတယ်။ ပုသိမ်ဧည့်မထ စပါး နဲ့ မြောင်းမြဧည့်မထ စပါး ကလည်း တင်း ၁၀၀ ကို ၄၇၈၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၁၈၀၀၀ ပေါက်ဈေးရှိပါတယ်။
ဒေးဒရဲပေါ်ဆန်းမွှေးစပါး အသစ်ကတော့ တင်း ၁၀၀ ကို ၅၃၈၀၀၀ ပေါက်ဈေးရှိပြီး ဒေးဒရဲဧည့်မထ စပါး အသစ်ကတော့ တစ်အိတ်ကို ၅၀၀၀၀၀ ပေါက်ဈေးရှိပါတယ်။ဖျာပုံပေါ်ဆန်းမွှေးစပါးကလည်း တင်း ၁၀၀ ကို ၅၄၈၀၀၀ ပေါက်ဈေးရှိပြီး ဖျာပုံဧည့်မထ စပါးကတော့ တင်း ၁၀၀ ကို ၅၀၀၀၀၀ ပေါက်ဈေးရှိပါတယ်။
လက်ရှိမှာ အစို ကျန်နေသေးပေမယ့် စပါးအခြောက် များလာရင်တော့ ဈေးက ထပ်ပြီးတက်နိုင်မယ်လို့ကုန်သည်တွေက ဆိုပါတယ်။

မတ်ပဲ (FAQ/RC)

မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးက ၁၁ သိန်းကျော်ထိ တက်လာပြီး ဈေးက ပြန်ပြီး ကျဆင်းသွားခဲ့ပါတယ်။ လက်ရှိမှာ အိန္ဒိယနိုင်ငံရဲ့ ဆက်ပြီး ဝယ်ယူဖို့ မဝယ်ယူဖို့ဆိုတဲ့ ဆုံးဖြတ်ချက်တွေကြား မတ်ပဲဈေးက အတက်အ ကျဖြစ်နေတယ်လို့လည်းသိရပါတယ်။

ဈေးအခြေအနေကိုကြည့်ပြီးတော့ အရောင်းအဝေယ်ရှိနေတာဖြစ်တဲ့အတွက် မတ်ပဲဈေးက လက်ရှိမှာ ခန့်မှန်းရ ခက်တဲ့ အခြေအနေပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲက ယခု တစ်ပတ်အတွင်းကို ၁၂သိန်း အထိ နီးပါး အထိ ပြန် ဈေးတက်လာခဲ့ပြီး ၂ ရက်အတွင်းကို ၅ သောင်းကျော် ပြန်ကျဆင်းသွားပါတယ်။

မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာတော့ မတ်ပဲက အသစ်က သုံးတင်းဝင် တစ်အိတ်ကို ၉၅၀၀၀ ကနေ ၁၀၀၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ် ဈေးတက်လာခဲ့ပါတယ်။

မုံရွာဈေးကွက်မှာတော့ ၃၂၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၇၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင် ဈေးကွက်မှာတော့ တစ်တင်းကို ၃၃၀၀၀ ပေါ်ကဈေးရှိပြီး ၅၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ပဲစင်းငုံ(နီ)

ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့ တစ်ပတ်လုံးဈေးမဖွင့်ခဲ့ပဲ ဒီတစ်ပတ်မှာတော့ ပြန်ဈေးဖွင့်ခဲ့ပါတယ်။ အဟောင်းမရှိတော့ အသစ်က အနည်းငယ်ပြန်အဝယ်လိုက်လာတာဖြစ်တဲ့အတွက် ဈေးကပြန်ဖွင့်လာတာလဲ ဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီ အသစ်က တစ်တန်ကို ၇၄၀၀၀၀ နဲ့ ဈေးပြန်ဖွင့်ခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၁၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။

ကုလားပဲ

ကုလားပဲကတော့  ဒီတစ်ပတ်မှာ ထပ်ပြီး ဈေးတက်လာပါတယ်။ လက်တလော အရောင်းသွက်နေတဲ့အတွက် ဈေးတက်လာတာဖြစ်တယ်လို့လည်း သိရပါတယ်။ ပုံမှန် နယ်စပ်ဘက်ကနေ တင်သွင်းမှု လုပ်နေပေမယ့် လက်ရှိမှာ အဝင်နည်းတဲ့အတွက် ပြည်တွင်း ပဲဈေးတက်လာတာပါ။

ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲဖြူလုံးက တစ်ပိဿာကို ၁၃၀၀ ကနေ ၁၃၅၀ ပေါ်ကဈေးရှိပြီး တစ်ပိဿာ ကို ၅၀ ကျပ်ဈေးတက်လာပါတယ်။

မုံရွာဈေးကွက်မှာတော့ ကုလားပဲလုံးဖြူ(ကြီး၊သေး)က တစ်တင်းကို ၂၇၀၀၀ ကနေ ၂၈၀၀၀ ပေါက်ဈေးရှိ ပြီး တစ်တင်းကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။ကုလားပဲလုံးဝါ(ကြီး၊သေး)ကတော့ တစ်တင်းကို ၂၅၃၀၀ ကနေ ၂၇၃၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်ဈေးတက်လာပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၇၂၀၀ေ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေးတက်လာကာ ကုလားပဲလုံးဖြူကြီးကတော့  တစ်တင်းကို ၂၆၇၀၀ ပေါက်ဈေးရှိပြီး ၇၀၀ ကျပ် ဈေးတက်လာပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဖြူကြီးက တစ်တင်းကို ၂၆၆၀၀ ပေါက်ဈေးရှိပြီး ၁၉၀ ကျပ်ဈေးတက်လာပေမယ့် ကုလားပဲလုံးဝါကြီးကတော့တစ်တင်းကို ၂၇၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကလည်း တစ်ပတ်အတွင်း အတက်အကျ များပါတယ်။ ဈေးနှုန်းတည်ငြိမ်မှုမရှိပါဘူး။ဈေးကွက် ထဲကို အဝင်များရင် ရုတ်တရက်ဈေးကျဆင်းသွားပြီး အဝင်နည်းရင်တော့ ဈေးက တက်လာခဲ့ပါတယ်။ အဝယ် ကတော့လက်ရှိမှာ ပုံမှန်အတိုင်းပဲ ရှိနေပါတယ်။ အဟောင်းက မရှိသလောက်ဖြစ်နေပြီး အသစ်တွေသာ အရောင်းအဝယ်ဖြစ်နေပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်နီ အသစ်က တစ်ပိဿာကို ၁၃၀၀ ကနေ ၃၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်လောက်ဈေးတက်လာပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာတော့ မိုးကြက်သွန်နီ အသစ်က တစ်ပိဿာကို ၃၀၀ ကနေ ၁၉၀၀ ပေါက်ဈေးရှိပြီး ၁၅၀ ကျပ် ဈေးတက်လာခဲ့ပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၃၀၀ ကနေ ၂၂၀၀ ပေါက်ဈေးရှိပြီး ၄၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

(၁၆.၁၂.၂၀၁၉ မှ ၂၀.၁၂.၂၀၁၉)ထိ

ဝတ်ရည်မွန်(AMIA)

You
Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လား‌ဗျ

ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု

ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ

ကိုမျိုးသူ • ဖြေကြားချက် 2 ခု

ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ

မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု

ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ

ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု

၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?

Messi • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....