အစိမ်းရောင်လမ်း
လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေ

လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေ

00:00
00:00

Meteoblue (ICON Model) မှ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့၊ နေ့လည် ၁၂၀၀ နာရီတွင် ရရှိသည့် နေ့စဉ်မိုးရေချိန်ပြမြေပုံများ၊ ထိုင်းမိုးလေဝသဌာန (TMD) ၏ Weather Chart နှင့် မုန်တိုင်းလမ်းကြောင်းများ (Deterministic Model Tracks) အရ ဩဂုတ်လ ၂၄ ရက်မှ ၃၀ ရက်နေ့အထိ (၇ ရက်အတွင်း) မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ခန့်မှန်းမိုးရေချိန် ဇယားနှင့် မိုးလေဝသ သုံးသပ်ချက် ဖြစ်ပါသည်။

မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသများအလိုက် နေ့စဉ်နှင့် စုစုပေါင်း ခန့်မှန်းမိုးရေချိန်ဇယား (mm) ဇယားပုံတွင်ကြည့်ပါ။

(၇ ရက် စုစုပေါင်း မိုးရေချိန် အများဆုံး ရရှိနိုင်သည့် ဒေသမှ အနည်းဆုံး ဒေသအလိုက် High to Low Sorted ပြုလုပ်ထားပါသည်)

အရှေ့ဘက်ပင်လယ်များမှ မုန်တိုင်းများ၏လမ်းကြောင်းနှင့် မိုးလေဝသ အခြေအနေ သုံးသပ်ချက်

အပူပိုင်းမုန်တိုင်း NARRA - TMD Weather Chart နှင့် TS NARRA Deterministic Model Tracks များအရ မုန်တိုင်း NARRA သည် တုံကင်ပင်လယ်ကွေ့အတွင်း စက်ဝိုင်းပုံ ရွေ့လျားပြီးနောက် ကုန်းတွင်းပိုင်း (ဗီယက်နမ်/တရုတ်တောင်ပိုင်း) သို့ တိုးဝင်မည်ဖြစ်ကာ မုန်တိုင်းအကြွင်းအကျန် လေပွေလှိုင်းအဖြစ် မြန်မာနိုင်ငံ အရှေ့မြောက်ဘက် (ရှမ်းမြောက်/ကချင်) သို့ ဆက်လက် စီးဝင်မည်ဖြစ်ပါသည်။

တိုင်ဖွန်းမုန်တိုင်း SAUDEL - SAUDEL Model Tracks မြေပုံအရ Super Typhoon SAUDEL (940 hPa) သည် ဖိလစ်ပိုင်အရှေ့မြောက်ဘက် ပစိဖိတ်သမုဒ္ဒရာအတွင်းမှ မြောက်-အနောက်မြောက်ဘက် (ဂျပန်/ထိုင်ဝမ်ဘက်) သို့ ဦးတည်ရွေ့လျားမည်ဖြစ်၍ မြန်မာနိုင်ငံအပေါ် သက်ရောက်မှု မရှိပါ။ ဩဂုတ် ၂၈ ရက် ကုန်းတွင်ဝင်ရောက်ချိန်အထိ ဆက်လက်စောင့်ကြည့်ရပါမည်။

အနောက်တောင်မုတ်သုံလေနှင့် မိုးရွာသွန်းမှု (ဩဂုတ် ၂၇ - ၂၈ အရှိန်မြင့်မည့် ကာလ) - ဩဂုတ် ၂၇ ရက်မှစ၍ လေပွေလှိုင်း အနောက်ဘက် ဘင်္ဂလားပင်လယ်အော်သို့ ထွက်ခွာဆုတ်ခွာချိန်တွင် အနောက်တောင်မုတ်သုံလေ အရှိန် ပြန်လည် မြင့်တက်လာမည်ဖြစ်သည်။ ထို့ကြောင့် ဩဂုတ် ၂၇ နှင့် ၂၈ ရက်နေ့ Meteoblue မြေပုံများတွင် ကရင်၊ မွန်၊ တနင်္သာရီ၊ ရခိုင်နှင့် စစ်ကိုင်းအထက်ပိုင်းတို့၌ ခရမ်းရောင်/အနီရောင်ပြ မိုးအလွန်ကြီးမည့်ဇုန်များတွင် နေ့စဉ်မိုးရေချိန်ရရှိမှု 50 mm မှ 95 mm အထက်အထိပြန်လည် အရှိန်အားကောင်းလာမည် ဖြစ်သည်။

 ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်နှင့် ဒေသအသီးသီးအတွက် သဘာဝဘေး သတိပေးချက်

ဧရာဝတီတိုင်း (ငဝန်မြစ် တာကျိုး၍ ရေကြီးနေသော လေးမျက်နှာမြို့နယ် သုံးသပ်ချက်) - လေးမျက်နှာမြို့နယ်နှင့် အနီးဝန်းကျင်တွင် ၇ ရက်အတွင်း စုစုပေါင်း မိုးရေချိန် 104 mm မှ 192 mm ခန့် ဆက်လက် ရွာသွန်းနိုင်ပါသည်။ အဓိကအားဖြင့် စစ်ကိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် လေပွေလှိုင်းကြောင့် မိုးစွဲရွာပြီး အထက်မြစ်ရေဆင်းလှိုင်းများ ဆက်လက် စီးဝင်နေဆဲ ဖြစ်၍ ငဝန်မြစ်နှင့် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်ဝန်းကျင်တွင် တည်ရှိနေဦးမည်ဖြစ်ရာ လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေပါဦးမည်။

ကရင်၊ မွန်၊ တနင်္သာရီနှင့် ရခိုင် - မုတ်သုံလေ ပြန်လည် အားကောင်းလာမည့် ဩဂုတ် ၂၇-၂၉ ရက်များတွင် တောင်ပြို/မြေပြိုခြင်း၊ တောင်ကျရေလျှံခြင်းနှင့် ပင်လယ်ပြင် လှိုင်းကြီးခြင်း (Severe Flash Floods & Landslides) အန္တရာယ်များကို အထူးသတိပြုရန် လိုအပ်ပါသည်။

စစ်ကိုင်းအထက်ပိုင်းနှင့် ကချင် - မုန်တိုင်းအကြွင်းအကျန် အရှိန်ကြောင့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်အထက်ပိုင်း မြစ်များ၏ မြစ်ရေအခြေအနေ ပြန်လည်မြင့်တက်လာနိုင်ပါသည်။

(မိုး/ဇလမှ ထုတ်ပြန်သော နေ့စဉ်မြစ်ရေအခြေအနေသတင်းကို ဆက်လက်စောင့်ကြည့်ရပါမည်)

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မိုးလေဝသ

မိုးလေဝသ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....