မြေဆီလွှာ ပြုပြင်ပေးခြင်းရဲ့ ကောင်းကျိုးများ
- သီးနှံပင်တွေမှာ အရောင်အဆင်း၊ အနံ့အရသာ ပိုမိုကောင်းမွန်ပြီး သဘာဝအတိုင်းဖြစ်စေခြင်း။
- သီးနှံများ၊ အပွင့်များ၊ အရွက်များကို ကြာရှည်စွာထိန်းထားနိုင်ပြီး ဆွတ်ခူးချိန်လွန်အောင် ထားနိုင်ခြင်း။
- မြေသားထဲရှိ အကျိုးပြုသက်ရှိများ၊ အဏုဇီဝများ ရှင်သန်နိုင်ပြီး ရေဓာတ်များကို ကြာရှည်စွာ ထိန်းသိမ်းနိုင်သဖြင့် ရေငတ်ဒဏ်ကိုလည်း ကာကွယ်နိုင်ခြင်း။
- ထည့်သွင်းသဘာဝမြေဩဇာများကြောင့် မြေဆီလွှာပျက်စီးမှုကို ထိန်းသိမ်းနိုင်တာကြောင့် ကုန်ကျစရိတ် သက်သာစေကာ စီးပွားရေးတွက်ချေကိုက်စေခြင်း။
- ထွက်ရှိလာသော သီးနှံများမှာ အေလးချိန်စီးခြင်း။
- ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးများ သုံးစွဲမှုကို ၄၀ % မှ ၅၀ % အထိ လျှော့ချသုံးစွဲနိုင်ခြင်း။
- ဓာတ်မြေဩဇာ သုံးစွဲခြင်းကိုလည်း ၃၀ % မှ ၄၀ % အထိ လျှော့ချသုံးစွဲနိုင်ခြင်း။
ဓာတုဆေး၏အားနည်းချက်များ (သို့) မြေဆီလွှာပျက်စီးခြင်း၏ အကျိုးဆက်
- သီးနှံများ ကြာရှည်စွာ အထားမခံခြင်း။
- အသီးအပွင့် အရွက် အခက်အလက်များ ဆောလျင်စွာ ကြွေကျခြင်း။
- မြေသားထဲရှိ ရေဓါတ်များကို ကြာရှည်စွာထိန်းသိမ်းမထားနိုင်ခြင်းကြောင့် ရေငတ်ဒဏ်မခံနိုင်ခြင်း။
- မြေသားထဲရှိ ဓါတုအသုံးပြုမှုကြောင့် အပင်သီးနှံများကို အကျိုးပြုသော အင်းဆက်၊ တီကောင်၊ အဏုဇီဝပိုးမွှားများ ပျက်စီးဆုံးရှုံးမှုများကိုလည်း ဖြစ်ပေါ်စေခြင်း။
- ဓာတုဓါတ်မြေဩဇာအသုံးပြုခြင်းက တစ်နှစ်ထက်တစ်နှစ် ကုန်ကျစရိတ်တိုးများစေခြင်း။
Source - Internews နှင့် စိုက်မွေးဆည် ဝန်ကြီးဌာန
ပိုစတာရယူရန် - http://bit.ly/2LXtX0q
အမည်မသိ
လွန်ခဲ့သော ၃ လ ကမြေကြီးကို အနားပေးသင့်ပါသလား။ဘယ်လိုနည်းနဲ့နားပြီး ဘယ်လိုအကျိုးရှိပါသလဲ
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
အကြောင်းအရာ ပံ့ပိုးသူ
UNESCO-LIFT
ယူနက်စကိုနှင့်ပြန်ကြားဝန်ကြီးဌာန တို့မှ စီစဉ်ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပူးပေါင်းပါဝင်ခဲ့သော “စားနပ်ရိက္ခာဖူလုံရေး သားစဉ်မြေးဆက်ပေး” အမည်ရှိ အစီအစဉ်များကို တီဗွီနှင့် ရေဒီယို များတွင် ထုတ်လွှင့်ပြသခဲ့ပြီး ယခုအခါ တောင်သူများပြန်လည်လေ့လာနိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ နည်းပညာနှင့် အင်တာဗျူးအစီအစဉ်များကို ပြန်လည်ဖော်ပြထားပါသည်။ ယူနက်စကိုသည် ကုလသမဂ္ဂ၏ အဖွဲ့ဝင်တစ်ဖွဲ့ဖြစ်ပြီးပညာရေး၊ သိပ်ပံနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံမှုနှင့် ငြိမ်းချမ်းမှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပါသည်။ “စားနပ်ရိက္ခာဖူလုံရေး သားစဉ်မြေးဆက်ပေး” အစီစဉ်မှ ထုတ်လွင့်ခဲ့သည့် တီဗီနှင့် ရေဒီယိုအစီစဉ်များကို အစိမ်းရောင်လမ်း အခမဲ့စိုက်ပျိုးရေးဖုန်းဆော့ဝဲပေါ်တွင် အစအဆုံးပြန်လည် ဖော်ပြထားပါသည်။
ဆက်စပ်မေးခွန်းများ
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဇင်မင်းကို • ဖြေကြားချက် 1 ခု
မဂ်လာပါEM ၁လီတာဗူးကို ၁ဧက အတွက်အကုန်သုံးရမှာလာ ဆေးပုံးတစ်ပုံးကိုဘယ်လောက်ဖျန်းရမလဲဖြေကြားပေးပါ။
bominthu • ဖြေကြားချက် 1 ခု
အိမ်စားဖို့ ဆလပ်ရွက် ၊ ပူစီနံ ၊ ကိုက်လန်၊ ကန်စွန်း၊နံနံ ၊ အစရှိတဲ့ ဟင်းသီးဟင်းရွက်ပင်လေးတွေ ပျိုးထားပါတယ်။ စိုက်ပျိုးဖို့မြေက အဆင်ပြေရဲ့လား ဘာထည့်ပေးရဦးမလဲ သိချင်လို့ပါဆရာ။ မြေကြီးစမ်းသပ်ကြည့်တာကတော့ - အောက်ဆုံးအလွှာ 1.5cm အလယ်အလွှာ 1.4cm အပေါ်ဆုံးအလွှာ 0.6cm စုစုပေါင်းအမြင့် 3.5cm ရှိပါတယ်။ ကျေးဇူးပြု၍ဖြေကြားပေးပါခင်ဗျာ။
ကို ငယ် • ဖြေကြားချက် 2 ခု
မြေသန်ဆေးဘယ်မာဝယ်လို့ရလဲ
Hmai OoSwe • ဖြေကြားချက် 2 ခု
ဆရာများအားလုံးမဂ်လာပါ🙏 စပါးပီးရင် မတ်ပဲကိုခုတ်ဖုံးလုပ်ပီးရိုးပြက်တွေကိုEMဖျန်းမယ် တစ်ဧက ကိုဘယ်နှစ်ပုံးဖျန်းရမလဲ အပင်ဖြစ်လာရင် အမိုင်နိုဖျန်းချင်တယ် အပင်ဘယ်အရွယ်မှာဖျန်းရမလဲ ခုလို အသုံးပြုတာအဆင်ပြေမလာ ဖြေကြားပေးပါ။ 🌱
bominthu • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
More from internews
အားလုံး
ဆပ်ပြာပေါက်မြေ မြေဆီလွှာ ပြုပြင်နည်း
30/07/2018
ဒီရေတောတွေဟာ ဘာကြောင့် လိုအပ်သလဲ?
18/07/2018
တောင်သူများ အတွက် ချေးငွေဆိုင်ရာ သိကောင်းစရာများနှင့် ချေးငွေပုံစံများ
18/07/2018
သင့်မွေးမြူရေးခြံက ကျွဲ၊ နွားတွေ ခွာနာ လျှာနာ ကင်းဝေးစေဖို့
17/07/2018
ကျေးလက်ဒေသအတွက် ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ လက်တွေ့အသုံးချဖွယ်ရာအချို့
17/07/2018
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....