မောင်နီနဲ့အတူ ပေါင်းခံရည်ချက်ကြမယ်
မြေဆီလွှာကို စစ်ဆေးဖို့ ပြင်ဆင်ခြင်း (ပေါင်းခံရေ ချက်လုပ်ခြင်း) နည်းလမ်းကို ပြောပြမှာ ဖြစ်ပါတယ်။
စိုက်ပျိုးဖြစ်ထွန်းတဲ့ မြေကို မျက်မြင်စစ်ချင်တယ်ဆိုရင်လည်း မောင်နီ ပြောပြပါ့မယ်။
ကောင်းတဲ့ အခြေအနေလို့ ပြောလို့ရတဲ့ မြေကြီးရဲ့ အရည်အချင်းတွေမှာ မဲနက်တဲ့ အရောင်ရှိရမယ်။ အပေါ်မြေလွှာကိုပဲ မျက်မြင်က စစ်လို့ရမှာနော်။
နည်းနည်းလေး အရောင်ဖျော့သွားတယ်ဆိုရင် သိပ်မကောင်းတော့ဘူးလို့ ခန့်မှန်းလို့ရတယ်။
မြေကြပ်တာ၊ အရမ်းကိုမွနေတာမျိုး မရှိနေတာမျိုးနဲ့ ရေလောင်းကြည့်လို့ ခဏချင်းခြောက်သွားတယ်တို့ ဘာတို့ မရှိဘူးဆိုတာနဲ့လည်း သတ်မှတ်ကြတယ်။
ကိုယ့်ရဲ့ မြေဆီလွှာက ဘာဆိုတာရော သိချင်ကြသေးတယ်ဆိုရင် မြေကြီးကို ယူပြီးတော့ ရေစိမ်ကြည့်တာ အကောင်းဆုံးပဲ။ ရိုးရိုးသောက်ရေသန့်နဲ့လည်း အလွယ်လုပ်ကြတယ်။ ဒါပေမဲ့ ဒီမှာက Distilled Water လို့ခေါ်တဲ့ အငွေ့ပျံတာကိုမှ ပြန်ခံထားတဲ့ ပေါင်းခံရေက အတိကျဆုံးပဲ၊ ပြီးတော့ အဲ့လို ရေကို ပေါင်းခံပြန်ရေ လုပ်ထားရင် စိုက်ပျိုးရေးမှာ တစ်ခြား ဘယ်နေရာ သုံးလို့ရသေးလဲဆိုတာကို အရင်ကြည့်ပြီးတော့မှ ဘယ်လိုချက်ရမလဲဆိုတာကို လုပ်ကြည့်ကြမယ်။
ပေါင်းခံရည်မှာက ချဉ်ငံကိန်း မရှိပါ။ ဆိုလိုတာက ချဉ်ခြင်း ငန်ခြင်းမရှိဘူးဆိုတော့ စမ်းသပ်မှုကိုလည်း အနှောက်အယှက်မဖြစ်စေပါဘူး။
ECလို့ ခေါ်တဲ့ ဓာတ်ဖို ဓာတ်မ ဖလှယ်နိုင်စွမ်းက သုညပါ။ ဆိုတော့ ဓာတ်တိုးတာ ဓာတ်ပြုတာတွေ မရှိပါဘူး။ မြေကြီးထဲရှိတဲ့ ဓာတ်ဖိုဓာတ်မဖလှယ်နှုန်းနဲ့ပဲ ဆက်တိုင်းတာလို့ရမှာပါ။
သစ်ခွပင်တို့လို ဈေးကောင်းရတဲ့အပင်တွေ၊ နောက်ထပ် အသားစားပင်လိုမျိုး ဆားဒဏ်ကိုမကြိုက်ပဲ ရိုးရိုးရေလောင်းရင် အမြစ်ခြောက်ပြီးသေတတ်တဲ့ အပင်တွေမှာ ဒီရေကို သုံးပေးနိုင်ပါတယ်။
ပစ္စည်းတွေကို ကြာရှည်ခံစေတယ်။ ဓာတ်ခွဲခန်းသုံးပုလင်းတွေလိုမျိုးမှာဆို ရေဂျိုးတက်တာလိုမျိုးမရှိသလို၊ ရိုးရိုးရေကို သုံးသလိုမျိုး နော်ဇယ်ခေါင်းတွေ ပိတ်တာ ဘာညာမရှိပါဘူး
ဓာတ်ခွဲစမ်းသပ်ရင် အဖြေက ပြင်ပနဲ့ အနီးဆုံးမှန်ကန်တယ်။
ဒါပေမဲ့လို့…
သူ့မှာက ဘာမှမရှိတဲ့အတွက်ကြောင့်မို့ အပင်တွေကိုလောင်းလိုက်ရင် အာဟာရတွေက ရေရောသလိုဖြစ်ပြီး အားပျော့သွားတာ၊ မျောပါဆုံးရှုံးတာဖြစ်နိုင်ပါတယ်။
တကယ် ဘာမှ မရှိတာမို့ အနည်းလိုအာဟာရဓာတ်လည်း မပါနေပါဘူး။
ထုတ်လုပ်မှုကုန်ကျစရိတ်ကလည်း အများကြီးအတွက်ဆို ကြီးပါတယ်။

ဘယ်လိုချက်လုပ်မလဲ?
လိုအပ်တာကတော့
- ရေ
- အဖုံးပါ အိုးကြီး
- ပေါင်းခံရည် ခံရန်ခွက်
- ရေခဲ
အဖုံးဖွင့် အိုးထဲကို ရေထည့်၊ ပြီးတော့ ပေါင်းခံရည် ထည့်မဲ့ခွက်ကို အိုးထဲထည့်ကြည့်ပါ။ ထည့်ထားတဲ့ ခွက်ရဲ့ အောက်ခြေက အိုး နဲ့ မထိနေပဲနဲ့ မျောနေတာဆိုရပါတယ်။
ပြီးရင် ခွက်ပြန်ထုတ်၊ ပြီး ရေဆူအောင်တည်၊ နည်းနည်းဆူလာပြီဆို ခွက်ကိုပြန်ထည့်
အဖုံးကို ပြောင်းပြန်ဖုံးလိုက်ရင် အလယ်က အဖုံးကိုင်တဲ့ အဖုက ပေါင်းခံရည်ခံမဲ့ခွက်နားကို ကွက်တိ၊
အဖုံးက ပြောင်းပြန်မို့ အဖုံးထဲကို အပေါ်ကနေ ရေခဲ ထည့်လိုက်ရင် အောက်က ရေငွေ့တွေက ခံထားတဲ့ ခွက်ထဲကို ကျသွားရော။ အဲ့ရေတွေက လုံးဝ သန့်စင်တဲ့ ပေါင်းခံရည်တွေဖြစ်လာတာပေါ့။
လွယ်တော့ သိပ်မလွယ်ပေမဲ့ ဒါလေးက တကယ် သုံးလို့ အဆင်ပြေမဲ့ ပေါင်းခံရည်ဖြစ်လာမှာပါ။
ဘာပဲဖြစ်ဖြစ် ပေါင်းခံရည်တော့ ချက်တတ်သွားတာပေါ့။
မြားနီနည်းပညာပေးရေးအဖွဲမှ အစိမ်းရောင်လမ်းမိုဘိုင်းဖုန်းဆော့ဝဲသို့ ပေးပို့ထားသော မူပိုင်ဆောင်းပါးသဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
စည်သူ
လွန်ခဲ့သော ၃ လ ကပြူလလုပ်ပုံလေးပြပေးပါလား
အကြောင်းအရာ ပံ့ပိုးသူ
မြားနီနည်းပညာပေးရေးအဖွဲ့
မြားနီနည်းပညာပေးရေးအဖွဲ့ သည် မြားနီမျိုးစေ့ ကုမ္ပဏီနှင့် ထူးခြားသော ချိတ်ဆက်မှုရှိသည့် အကျိုးအမြတ်မယူသော အဖွဲ့ အစည်းတစ်ခုအဖြစ်ရပ်တည်လျက်ရှိပြီး အပူပိုင်းဒေသရှိ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူ တောင်သူများ၏ လူနေမှုဘဝမြင့်မားလာစေရေး၊ လုံခြုံစိတ်ချရသည့် လတ်ဆတ်သော ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှုနည်းလမ်းများ ပံ့ပိုးကူညီပေးခြင်းနှင့်ဈေးကွက်ကိုဖော်ဆောင်နိုင်ရေးအတွက်တောင်သူများနှင့် ချိတ်ဆက်ပြုလုပ်ဆောင်ရွက်နေသောအဖွဲ့ဖြစ်ပါသည်။
ဆက်စပ်မေးခွန်းများ
မြေဆီလွားပျက်စီလို့ဘယ်လို့မျိုးလုပ်ရမလဲ
win kyaw kyaw • ဖြေကြားချက် 1 ခု
ယာခင်းထဲမှာသီးနှံမျိုးစေ့ ပါးတဲ့နေရာရှိနေပါတယ် နှစ်တိုင်းဖြစ်နေတာပါဆရာ တအားထူအောင်သစ်စေ့ချလဲမရပါဖူး ဘလိုလုပ်ရမလဲဆရာ
U Than Toe Aung • ဖြေကြားချက် 1 ခု
ဆရာခင်ဗျ အိမ်ရောတင်းကုတ်ရော မီးထဲပါသွားတာ အတာမြတ်ခြောက်တွေလဲပါသွားတယ်ရော အတာနဲ့ ကျွေးစရာရှိအောင်ဆိုပြီး ပြောင်း20ရက်သားလောက်ကို ပုလဲသွားကျွေးမိတယ်ဆရာ မိုးကနည်းနည်းပဲရွာတယ်ဆရာ ထပ်ရွာမှာပဲဆိုပီကျွေးလိုက်တာ ထပ်မရွာဘူးဆရာ ခုရက်ပိုင်းတွေလဲ အနည်းငယ်ပဲရွာတယ်ဆရာ အတာကိုလေ ပြောင်းတွေတက်လာအောင် GA3 ဆေးမျိုးတွေ ဖျန်းလို့ရလားဆရာ အပင်တက်လာအောင်ဘယ်လိုတွေ လုပ်လို့ရလဲဆရာ
U Yan • ဖြေကြားချက် 4 ခု
ဆရာ 31 ရက်နေ့ မနက် 10 နာရီက မန်ကိုဇက်နဲ့ ဖော်ယူ ဖျန်းထားတာ မနက်ဖြန်ကို ထွက်တိုး 17.17.17 မင်းသား ရယ် တောနစ်ရယ် အဲ့ အားဆေး သီးသန့်ဖျန်းလို့ရပီလားဆျာ
U Yan • ဖြေကြားချက် 2 ခု
စပါးစိုက်ဖို့အတွက်သမန်းေကာင်းမွန်ေအာင်မြေဆီလျွှာကိုဘယ်လိုပြုပြင်ရမလဲ? ဓာမြေဩဇာနဲဖြန်းဆေးတေသုံးဖို့လိုအပ်သလား?လိုအပ်ရင်ရောဘယ်လိုမြေဩဇာမျိုးနဲဘယ်ဆေးမျိုးသုံးသင်ပါသလဲ?
maung kyal sin lin khit • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၃၁.၈ -၄.၉.၂၀၂၆)
05/09/2026
စိုက်ပျိုးသုတ ...စက်တင်ဘာလ
04/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026