မြေဆီအဟာရတွေ လိုအပ်တာထက်ပိုထည့်မိတဲ့အခါ ဘာဆက်လုပ်ကြမလဲ
အားလုံးပဲမင်္ဂလာပါ
ကျွန်တော်တို့ စိုက်ပျိုးရေးသမားအများစုဟာ အပင်မစိုက်ပျိုးမီ ဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာတို့ကိုထည့်ဖို့ကို အားသန်ကြပါတယ်။ သို့ပေမယ့် လိုတာထက်ပိုထည့်မိတဲ့အခါ ကျွန်တော်တို့ ထည့်တွက်မထားမိကြတဲ့ နောက်ဆက်တွဲဆိုးကျိုးများစွာ ဖြစ်ပေါ်လာတတ်ပါတယ်။ ဥပမာအားဖြင့် သဘာဝမြေသြဇာဖြစ်တဲ့ ကြက်ချေးမြေသြဇာကို မြောက်များစွာထည့်ခြင်းက စိုက်ပျိုးသီးနှံကို ပူပြီးလောင်စေနိုင်ပါတယ်။ ထို့အတူပါပဲ သဘာဝမြေသြဇာမှာလည်း တစ်မျိုးတည်းခွဲကျွေးတဲ့ အလေ့အထအများစုက လက်ဆပိုသွားတာမျိုးဖြစ်တတ်ပါတယ်။ မိမိရဲ့စိုက်ပျိုးမြေဟာ ဘာတွေအဓိကလိုအပ်နေလဲဆိုတာ ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ထားမှသာ သိရှိနိုင်တဲ့အတွက် တစ်မျိုးတည်းခွဲကျွေးတာမျိုးတော့ သီးနှံရဲ့လိုအပ်ချက်များအပေါ် မူတည်ပြီး စိုက်ပျိုးရေးကျွမ်းကျင်ဝန်ထမ်းတစ်ဦးဦးနဲ့ တိုင်ပင်ပြီးမှ ကျွေးတာ အကောင်းဆုံးဖြစ်ပါတယ်။
အဲ့တာကြောင့် ယခုဆောင်းပါးရဲ့ အဓိကခေါင်းစဉ်ဖြစ်တဲ့ “မြေဆီအဟာရတွေ လိုအပ်တာထက်ပိုထည့်မိတဲ့အခါ ဘာဆက်လုပ်ကြမလဲ’’ ဆိုတာက စိုက်ပျိုးရေးလောကမှာ လွန်စွာအရေးကြီးပါတယ်၊ ဘယ်သူကမှ အဟာရမျှမျှတတကျွေးဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ သို့ပေမယ့် မိတ်ဆွေက မြေသြဇာအလွန်အကျွံထည့်လိုက်လို့ ပြသနာတစ်ခုခုရှိနေတဲ့အခါ အောက်ပါနည်းလမ်းအချို့က ဖြေရှင်းရန် အသုံးဝင်စေပါလိမ့်မယ်။
(က) ရေသွင်းပြီး ဖေါက်ချလိုက်ပါ
ရေများများသွင်းပြီး ပျော်ဝင်စေခြင်းဖြင့် ပိုကျွေးမိထားတဲ့ မြေဆီအချို့ကို မျောပါစေနိုင်ပါတယ်။
ဥပမာ ဆိုဒီယမ်က မြေကြီးထဲမှာ ပါဝင်မှုများနေခဲ့ရင် ရေမသွင်းမီမှာ မြေကြီးထဲကို ပထမဦးစွာ ဆာလဖာ သို့မဟုတ် ဂျစ်ပဆန် ထည့်ထားဖို့ လိုအပ်ပါတယ်။ ထို့နောက် ရက်သတ္တပတ် ၃ ပတ်ခန့်ကြာတဲ့အခါမှာ ထိုမြေများကို ရေသွင်းခြင်းဖြင့် ဆိုဒီယမ်ပိုလျှံမှု (ဆားပေါက်မှု) ပြသနာကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ အကယ်၍ ရေသွင်းရန် ရေအလုံအလောက်မရှိတဲ့ အညာဒေသမှာတော့ မိုးရာသီမှာ ချိန်ညှိပြီးပြုလုပ်နိုင်ပါတယ်။
(ခ)မြေသြဇာစားသုံးမှုနှုန်းများတဲ့ အပင်တွေစိုက်ပါ
ဒီနည်းကတော့ အဓိကအားဖြင့် နိုက်ထရိုဂျင် (သို့) ပုလဲမြေသြဇာ များစွာထည့်မိခဲ့ရင် ဒီနည်းနဲ့ဖြေရှင်းတာ အထိရောက်ဆုံးဖြစ်ပါတယ်။ စိုက်ပျိုးမြေထဲမှာ နိုက်ထရိုဂျင်ဓာတ်များပြားနေခဲ့ရင်တော့ စားသုံးနှုန်းမြင့်မားတဲ့ အစိမ်းရောင်သီးနှံအများစုကို တစ်ရာသီ စိုက်ပျိုးခြင်းဖြင့် ဖြေရှင်းနိူင်ပါတယ်။ အစိမ်းရောင်အရွက်စား၊ အသီးစား သီးနှံအများစုဖြစ်တဲ့ ပန်းဂေါ်ဖီ၊ ဂေါ်ဖီစိမ်း၊ မုန်လာဥ စတဲ့သီးနှံတွေက အပေါ်ယံမြေဆီလွှာပေါ်က နိုက်ထရိုဂျင်အမြောက်အများကိုစားသုံးပြီး ကြီးထွားကြပါတယ်။ ဒါ့ကြောင့် ပိုလျှံတဲ့ နိုက်ထရိုဂျင်တွေကို မြေကြီးထဲကဖယ်ရှားရာမှာ ဒီနည်းလမ်းက အကျိုးရှိပြီး ထိရောက်တာကို တွေ့ရှိရမှာဖြစ်ပါတယ်။
(ဂ) မြေဖုံးသီးနှံများနှင့် သီးထပ်စိုက်ခြင်း
မြေဖုံးသီးနှံများစိုက်ပျိုးခြင်းဖြင့် ပိုမိုကျွေးထားတဲ့ ဓာတုမြေသြဇာ ပိုလျှံမှုပြဿနာကို ဖြေရှင်းပြီးသားဖြစ်စေပါတယ်။ အဓိကစိုက်ပျိုးထားတဲ့ သီးနှံရဲ့ အဓိကမြေဆီလိုအပ်ချက်ကိုလည်း ဖြည့်တင်းပေးပါတယ်။ ပဲသီးနှံကို သီးထပ်စိုက်ခြင်းက မြေဆီလွှာရဲ့နိုက်ထရိုဂျင်ကို မပြတ်လတ်တဲ့ အကျိုးကျေးဇူးကို ပေးပါတယ်။
(ဃ) ၁၅ပတ်လည်မြေသြဇာနဲ့ သဘာဝမြေသြဇာ
၁၅ပတ်လည်မြေသြဇာနဲ့ သဘာဝမြေသြဇာများစွာသုံးစွဲခြင်းဖြင့် မြေဆီလွှာရဲ့ လိုအပ်ချက်များကို ပြန်လည်ညီမျှလာစေနိူင်ပါတယ်။ အထက်ပါနည်းလမ်းများအသုံးပြုပြီးတော့ မြေဆီလွှာထဲပိုလျှံနေတဲ့ ဓာတုမြေသြဇာတွေကို ဖယ်ရှားကြည့်ရအောင်လားဗျာ၊၊
ပြည့်ဖြိုးသော်
(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်" "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ)
စိုးသူ
လွန်ခဲ့သော ၅ နှစ် ကကျေးဇူးတင်ပါတယ်
Han Myo
လွန်ခဲ့သော ၅ နှစ် က၁၅ ပတ်လည်မြေဩဇာနှင့်သဘာဝမြေဩဇာက ဘာကိုဆိုလိုတာလဲဗျာ
U Soe Than
လွန်ခဲ့သော ၅ နှစ် ကကျေးဇူးပါဗျာ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှုနေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အပူဓာတ်ရအောင်ဘယ်လိုပြုစုရမလဲ ဘာတွေထည့်ဖို့လိုသေးလဲပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
ဧရာပဒေသာကြဲသားခင်းအတွက်စတင်ကြဲပက်သည့်ရက်မှရိတ်သိမ်းကြိမ်အထိဘယ်ရက်သားကနေမြေသြဇာစကျွေးပြီးဘယ်ရက်သားထိမြေသြဇာနောက်ဆုံးကျွေးကတာလည်းဖြေကြားပေးပါအုံးဆရာတို့ခဗျာ
ဆန်းထိုက် • ဖြေကြားချက် 4 ခု
em 1 ကို သီနှံမျိုးစုံဖျန်းပေးရလားဆရာဆေးဖျန်းနှုန်းထားပါဖြေပေးပါဆရာ
U Than Toe Aung • ဖြေကြားချက် 1 ခု
ထရိုင်ကို ဒါးမားဝယ်ချင်လို့ပါ အဆင်ပြေလားဗျ
Zaw Latt • ဖြေကြားချက် 1 ခု
ကင်းပွန်းချဉ်
Hlaing Hlaing Thin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ပြည့်ဖြိုးသော်
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....